Alien Xmas (2020)
Alien Xmas (2020)
QUALITY : WEB RIP 1080P
DURATION : 44MIN
SUBSTITLE : MYANMAR SUBSTITLE (HARD SUB)
TRANSLATED BY TVMMYANMAR TEAM
ENCODED BY AYE KO KO
Christmas လည်းနီးလာပြီဆိုတော့ CM ပရိတ်သတ်ကြီးတို့အတွက်
IMDb rating 6.2/10နဲ့ ခရမ်းချဉ်သီးအလုံး၁၀၀ရရှိထားတဲ့ Christmas
Animation ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါမယ်။ ဇာတ်
လမ်းအစအမှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးက ပုံပြင်ပြောပြနေတာနဲ့
အစပြုထားပါတယ်။
ဟိုးရှေးရှေးတုန်းက ခလက်စ်ဆိုတဲ့ ဂြိုဟ်သားမျိုးနွယ်စုတစ်ခုရှိတယ်။
အစကတော့ ခလက်စ်တွေဟာ အရောင်အသွေးစုံကြတယ်။ ဒါပေမဲ့
သူတို့ရဲ့အမိဂြိုဟ်ပေါ်က သယံဇာတတွေကို လောဘတကြီးသုံးဖြုန်းရင်း
ကြာတော့ ဂြိုဟ်ကြီးလည်းပြောင်၊ သူတို့ရဲ့အရောင်တွေလည်း မှောင်
ကုန်ကြတယ်။ အဲလိုနဲ့ ခလက်စ်တွေဟာ တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကူးပြီး
ပစ္စည်းတွေခိုးဝှက်အလစ်သုတ်ကြတော့တယ်။ တစ်ရက်ကျ ကမ္ဘာဂြိုဟ်
ကို မျက်စိကျသွားတော့ ကမ္ဘာ့မြေဆွဲအားကိုဖျက်ဆီးပြီး အာကာသထဲ
လွင့်လာတဲ့ ပစ္စည်းတွေကို လုယက်ဖို့စီစဉ်ကြပါလေရော။
အဲ့အတွက် မြေဆွဲအားဖျက်ဆီးမဲ့ ဂျိုင်ရိုထရွန်ဆိုတဲ့ စက်ကြီးကို မြောက်
ဝင်ရိုးစွန်းမှာ သွားဆောက်ဖို့ ဂြိုဟ်သားတွေက အရွယ်အသေးဆုံးလေး
ဖြစ်တဲ့ အိက်စ်ကို တာဝန်ပေးလိုက်တယ်။ အိက်စ်က အသေးဆုံးသာဖြစ်
တာ အခိုးဆုံးပဲ။ သိပ်တော်တဲ့သူခိုးပိစိလေး မြောက်ဝင်ရိုးစွန်းကိုရောက်
လာပြီး ဆန်တာတို့ရဲ့ခရစ္စမတ်မြို့တော်ကို ဘယ်လိုဝင်မွှေမလဲဆိုတာ
ကြည့်ရှုခံစားလိုက်ပါဦး။
TVMMYANMAR SERVER Alien Xmas (2020) 1080P WEB-DL