The Matchmakers (2023)
The Matchmakers (2023)
EPISODES : 16
QUALITY: WEB RIP 720P / 1080P
ENCODED BY AYE KO KO
SUBTITLE: Myanmar Subtitle (Hard Sub)
TRANSLATED BY TVMMYANMAR TEAM
ရိုးရာမပျက် ဂယက်တစ်သိန်း ထဦးမယ့် Rowoon နဲ့ All of Us Are Dead ထဲက အလှလေး နမ်ရာ Cho Yi Hyun တို့ရဲ့ နန်းတွင်းကားလေး လာပါပြီ။ Sim Jung Woo (Ro Woon) က ဉာဏ်ရည်ထက်မြက်ပြီး ခန့်ညားတဲ့လူငယ်တစ်ယောက်ပါ။ဉာဏ်ကောင်းတာကြောင့် အသက်အငယ်ဆုံးထူးချွန်သူအဖြစ် ပြည်နယ်စာမေးပွဲမှာ ပထမတန်းနဲ့ အောင်ခဲ့ပါတယ်။ ကံကောင်းလွန်းတဲ့ Sim Jung Woo က ဘုရင့်သမီးတော် မင်းသမီးတစ်ပါးရဲ့ ခင်ပွန်းလောင်းအဖြစ်လည်း ရွေးချယ်ခံရပါသေးတယ်။ဒါပေမဲ့ ထိမ်းမြားမယ့်နေ့မှာပဲ မင်းသမီးလေး နတ်ရွာစံသွားတာကြောင့် Sim Jung Woo ရဲ့ ဘဝဟာ မုဆိုးဖိုပေါက်စဖြစ်သွားခဲ့ရပြီး ဂျိုဆွန်းခေတ်ရဲ့ ဓလေ့ထုံးစံအရ အစိုးရရာထူးကို မယူနိုင်တော့သလို နောက်အိမ်ထောင်လည်း မပြုနိုင်တော့တဲ့ ကံအဆိုးဆုံးလူသားဖြစ်သွားပါတော့တယ်။ Jung Soon Deok (Cho Yi Hyun)ကတော့ ပထမတန်း ဒုဝန်ကြီးရဲ့ဒုတိယသားကို လက်ထပ်ထားတဲ့ မိန်းကလေးပါ ခင်ပွန်းကွယ်လွန်သွားတော့ မုဆိုးမဖြစ်သွားခဲ့ရပြီး Yeo Joo Daek ဆိုတဲ့ နာမည်နောက်တစ်ခုနဲ့ အမျိုးသမီး အလှအပပစ္စည်းတွေရောင်းကာ အောင်သွယ်တော်လည်း လုပ်ရင်း ဘဝကို ပုံစံနှစ်မျိုးနဲ့ လျှို့ဝှက်စွာ ဆက်ရှင်သန်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကံဆိုးသူ မုဆိုးဖိုပေါက်စလေးနဲ့ မုဆိုးမပေါက်စလေးတို့ ပေါင်းမိသွားပြီး ဟန်ယန်းမြို့က လူပျိုကြီး၊အပျိုကြီးနဲ့ လူငယ်လူလွတ်တွေကို အောင်သွယ်ပေးဖို့ဖြစ်လာပါတော့တယ်။ ဒီကားလေးက အလွဲအနွှဲလေးတွေနဲ့ ကြည့်ရမယ့် Historical Rom Com series လေးမို့ နန်းတွင်းကားကိုမှ ပေါ့ပေါ့ပါးပါး သဘောကျသူတွေ အကြိုက်တွေ့စေမှာ သေချာပါတယ်။ အညွှန်းကိုတော့ AHtetမှ ရေးသားပေးထားပါတယ်။