A Good Day To Be A Dog (2023)
QUALITY: WEB RIP 720P / 1080P
AIR ON : WED, THU
EPISODES : 14
FORMAT: mp4
DURATION: 1hr
SUBTITLE: Myanmar Subtitle (Hard Sub)
TRANSLATED BY TVMMYANMAR TEAM
ENCODED BY AYE KO KO
အထက်တန်းကျောင်းတစ်ကျောင်းမှာ ကိုရီးယားဘာသာစကားသင်တဲ့ Han Hae Na က
အပြင်ပန်းမှာတော့ သာမန်ဘဝကိုပိုင်ဆိုင်ထားသူတစ်ယောက်လို့ထင်ရပေမယ့်
တကယ်တော့ ကျိန်စာသင့်နေသူတစ်ယောက်ပါ။ လူတစ်ယောက်ကိုနမ်းလိုက်မိတာနဲ့
ညစဥ်ညတိုင်း သန်းခေါင်ယံအချိန်ကနေ ၆ နာရီကြာ ခွေးအဖြစ်ပြောင်းလဲသွားပြီး
ကိုယ်နမ်းခဲ့တဲ့သူကို ခွေးအသွင်နဲ့ပြန်နမ်းနိုင်မှာသာ ညတိုင်းခွေးဘဝရောက်နေတဲ့ဘဝကြီးကကျွတ်မှာပါ။
ဒီလိုနဲ့ယောက်ျားတွေကိုမနမ်းမိဖို့ရှောင်ရင်း စင်ဂယ်ဘဝရောက်နေရရှာတဲ့ Han Hae Na တစ်ယောက်
တစ်ညမှာတော့ တစ်ကျောင်းတည်းက သင်္ချာဆရာ Jin Seo Won ကို မူးမူးနဲ့နမ်းမိသွားပါတော့တယ်။
ငယ်ငယ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် ခွေးတွေကိုအရမ်းကြောက်တဲ့ Jin Seo Won ရယ် ..
ကိုယ်နမ်းခဲ့တဲ့သူကို ခွေးဘဝနဲ့ပြန်နမ်းမှဖြစ်မယ့် Han Hae Na ရယ် ဘယ်လိုအခွီတွေ အရိုတွေဖြစ်ကြဦးမလဲ။
အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်သလို cast တွေအနေနဲ့ကလည်း
Park Gyu Young နဲ့ ဆရာချောချောလေးများဖြစ်ကြတဲ့ Cha Eun Woo နဲ့ Lee Hyun Woo တို့က ပါဝင်ထားတာမို့ စောင့်ကြည့်ကြပါဦးနော်။