ဧရာသတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိနေသော စစ်ကိုင်းမြို့မှာ စေတီပုထိုးများနှင့်အလွန် သာယာလှသည်။ သို့သော်လည်း မြို့နှင့်အနီး တစ်ဝိုက်အတွင်းရှိရွာများမှာမူ နေထိုင်ရာရပ်ရွာအတွင်း ရေကိုအလွယ်တကူတူးယူရရှိနိုင်သော်လည်း ရရှိသောရေမှာမူ ဆပ်ပြာဓါတ်ပါသော Alkali များသော၊ တနည်း PH မြင့်လွန်းသဖြင့်သုံးရန်၊ သောက်ရန်အတွက် လုံးဝအဆင်မပြေပါ။ ဧရာဝတီမြစ်ရေကိုသာ အားကိုးသုံးစွဲနေရသည်။

ထို့ကြောင့် Thirst-Aid (ရေသန့်ထောက်ကူ) အနေဖြင့် စစ်ကိုင်းမြို့နယ်အတွင်းကျေးရွာပေါင်း (၁၀)ရွာ တွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးစီမံချက် (Safe Water Promotion Project) ကို 2011 ဇူလိုင်လတွင်စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ စီမံချက်ပြုလုပ်ခဲ့သော ကျေးရွာများမှာ –

(၁) စာရေး (အရှေ့)၊ (၂) စာရေး (အနောက်)၊ (၃) တစ်အိမ်တည်း၊ (၄) ရေခါး၊ (၅) ရေမြက် (၆) ရွာသာရွာ၊ (၇) မြေတိုင်/ကြက်ထောင့် (၈) ရွာသစ်၊ (၉) တောင်ရင်း (တောင်)၊(၁၀) တောင်ရင်း (မြောက်) တို့ဖြစ်ပါသည်။

စီမံချက်အတွင်းရှိ အိမ်ခြေပေါင်း (၂၅၀၀)နှင့် ကျေးရွာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီး သင်တန်းကျောင်းများအတွက် ရေသန့် မြေရေစစ်အိုးပေါင်း (၂၈၀၀)ခန့်ကို KCF (Kadoorie Charitable Foundation) ၏ရန်ပုံငွေပံ့ပိုးမှုဖြင့် လှူ ဒါန်းနိုင်ခဲ့ပါသည်။

ထိုသို့ မြေရေစစ်အိုးများကိုထုတ်လုပ်လှူ ဒါန်းခြင်းအားဖြင့် စစ်ကိုင်းမြို့၊ အိုးဖိုအရပ်တွင် သဘာဝမြေအိုး (ပြာသိုအိုး) ထုပ်လုပ်သည့်လုပ်ငန်းများရှိရာ၊ ထိုလုပ်ငန်းရှိအမျိုးသမီးများအနေဖြင့် မိုးတွင်းအလုပ်အကိုင်ရှားပါးမှုကိုလည်း အကူအညီပေးရာရောက်ပါသည်။