Sanosil ဆိုသည်မှာ ရေသန့်ဆေးရည်တစ်မျိုးဖြစ်ပါသည်။ မြန်မာပြည်တွင်ရှိသော H2O2 နှင့်ဆင်တူ ပါသည်။

Sanosil နှင့် H2O2 ကွာခြားချက်မှာ Sanosil တွင်အနံအသက် လုံးဝမရှိပါ။ H2O2 ထက်ပိုမို ပြီးအရည်အသွေးကောင်းမွန်သည်။ H2O2 မှာမြန်မာပြည်တွင် ထုပ်လုပ်၍ ကလိုရင်းအနံအ နည်းငယ် ရှိသော်လည်း အလွန်ပင် အသုံးဝင်သော ရေသန့်ဆေးရည်တစ်မျိုးဖြစ်ပါသည်။

Sanosil နှင့် H2O2 တို့၏ အရည်အသွေးကို သိရှိနိင်စေရန်အတွက် စမ်းသပ်စီမံကိန်းကို ဧရာဝတီ တိုင်းဒေသကြီး၊ ဒေးဒရဲမြို့တွင် Oxfam-GB နှင့်ပူးပေါင်းကာ 2011 နှစ်ဦးပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။