Thirst-Aid သည် ၂၀၀၇ခုနှစ်မှစတင်၍ မြေရေစစ်အိုးနှင့်ပတ်သက်သော နည်းပညာများကို ဖြန့်ဝေခဲ့ ပါသည်။ မြေရေစစ်အိုးစက်ရုံတည်ဆောက်ပုံနှင့် အိုးထုတ်လုပ်မှုနည်းပညာ အဆင့်ဆင့်ကို ဖြန့်ဝေ လျှက်ရှိရာ ယခုအခါ မြန်မာပြည်တွင် စက်ရုံပေါင်း (၈)ခု နည်းပညာပေးခဲ့ပြီးဖြစ်သည်။ ၄င်းစက်ရုံများ မှထုတ်လုပ်သောအိုးများကို ရေကျနှုန်းစစ်ဆေးပေးခြင်း၊ အိုးအမြင်စစ်ပေးခြင်းနျှင့် ဘက်တီးရီးယား စစ်ဆေးပေးခြင်းများကို ပြုလုပ်ပေးပါသည်။ ရံပုံငွေအပေါ်မူတည်၍ စက်ရုံများသို့CS နှင့်AgNo3 ဆေး များ၊ Pyrometric Cone များထောက်ပံ့ပေးလျှက်ရှိပါသည်။ အရည်အသွေးကောင်းမွန်စေရန်အ တွက်စက်ရုံများသို့ သွားရောက်ကြည်းကြပ်မှုများရှိသကဲ့သို့ စမ်းသပ်မှုများလည်းပြုလုပ်လျှက်ရှိရာ ထိုစမ်းသပ်မှုများကို အပေါ်တွင်သီးသန့်ဖော်ပြပြီးဖြစ်ပါသည်။