(၁) မြေရေစစ်အိုးကို စတင်အသုံးပြုသောအခါ ရေတွင်မြေအနံ့များရှိနေတတ်ပါသည်။ ထို့ကြောင့် အိုးအ ကျင့်ရအောင် အိုးကို (၃) ကြိမ်ရေဖြတ်ရပါမည်။ အိုးကျင့်စဉ် ရသောရေများသည် မြေအနံ့ရှိသော ကြောင့်သောက်သုံးရန် မသင့်တော်ပါ။ မြေအိုးအောက် ရေခံပုံးဆေးရာတွင် အသုံးပြုနိုင်သည်။
(၂) နောက်ကျိလွန်းသောရေများကို အကြည်ခံပြီး(အနည်ထိုင်) ရေစစ် (သို့) အ၀တ်စပါးပါးသန့်သန့်တို့ဖြင့် အရင်စစ်ပြီးမှ မြေရေစစ်အိုးထဲသို့ထည့်ပါ။
(၃) မြေရေစစ်အိုးထဲတွင် ရေအပြည့်ရှိနေပါက မြေရေစစ်အိုးကိုမ မပါနှင့် ကွဲတတ်ပါသည်။
(၄) ရေကျနှုန်းနှေးသွားသောအခါ (သို့) တစ်လခွဲကြာသောအခါ မြေရေစစ်အိုးကိုသန့်ရှင်းရေးပြုလုပ်ပေးနိုင် ပါသည်။ မှတ်ချက်။ ။ မိမိအသုံးပြုသော ရေအမျိုးအစားပေါ်တွင်မှုတည်ပါသည်။
(၅) မြေရေစစ်အိုးကို သန့်ရှင်းရေးမပြုလုပ်မီ လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောပါ။
(၆) မြေရေစစ်အိုး အတွင်းမျက်နှာပြင်ကို ဘရပ်ရှ်နှင့် ရေအနည်းငယ်သုံးပြီး ဖြည်းဖြည်းချင်းပွတ်တိုက်သန့် ရှင်းပါ။
(၇) ရေလှောင်အိုး အဖုံးကို မြေရေစစ်အိုးဖြင့်စစ်ထားသောရေ၊ ဆပ်ပြာတို့ကို အသုံးပြုပြီး စင်ကြယ်အောင် ဆေးပါ။
(၈) မြေရေစစ်အိုး အက်ခြင်းရှိ၊ မရှိ စစ်ဆေးပါ။
(၉) မြေရေစစ်အိုးထဲမှရေကို သတိထားသွန်ထုတ်၍ သန့်ရှင်းထားသောအဖုံးပေါ်မှာ ပြောင်းပြန်မှောက်ထား ပါ။
(၁၀) သန့်ရှင်းသော ရေလှောင်အိုးဖြစ်ရန်အတွက် ဆပ်ပြာ၊ မြေရေစစ်အိုးတို့ဖြင့် စစ်ထားသောရေတို့ကို အသုံးပြု၍ ဆေးပါ။
(၁၁) စိတ်ချကောင်းမွန်သော မြေရေစစ်အိုးကို အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။
Manual (Myanmar Version)
Manual (English Version)