မြေရေစစ်အိုးပြုလုပ်ပုံအဆင့်ဆင့်
(၁) မြေရေစစ်အိုးပြုလုပ်ရန် ကုန်ကြမ်း (၃) မျိုးလိုအပ်သည်။
- ကုန်ကြမ်း (၁) – တောင်မြေ (မြေနီ/သက်တမ်းရင့်မြေ)
- (၂) – ယာမြေ (မြေနက်/ရွှံ့စေးမြေ)
- (၃) – ဖွဲ (မနုမကြမ်း)
(၁) မြေရေစစ်အိုးပြုလုပ်ရန် ကုန်ကြမ်း (၃) မျိုးလိုအပ်သည်။
Red Clay (မြေနီ)
Black Clay (မြေနက်)
Rice Husk (ဖွဲ)
(၂) မြေနီနှင့် မြေနက်ကို ပေါင်ဒါမှုန့်ကဲ့သို့ အမှုန့်ရရှိစေရန် မြေကြီးကြိတ်စက်ဖြင့် ကြိတ်ခွဲရပါမည်။ (ပိုမိုစိတ် ချစေရန်ဇကာဖြင့် ချရပါသည်)
မြေနီ/မြေနက် ကိုကြိတ်ခွဲပုံ
မြေကြီးဇကာချပုံ
ဖွဲများကို သင့်တင့်သောအရွယ်အစားရရှိစေရန် ဖွဲချသောဇကာဖြင့် အဆင့်ဆင့်ချရပါမည်။
ဖွဲဇကာချပုံ
မှတ်ချက် (၁) ။ ။ မြေနီ၊ မြေနက် (၂) မျိုးစလုံးသည် မြေကြီးကြိတ်စက်ဖြင့်မကြိတ်ခွဲမှီ ခြောက် သွေ့နေစေရန်၊ အစိုဓာတ်မရှိရန် အထူးပင်လိုအပ်လှပါသည်။
မှတ်ချက် (၂) ။ ။ မြေကြီးများကို ကြိုတင်သိုလှောင်ထားနိုင်ပါက ပို၍ကောင်းပါသည်။ ကာလ ကြာရှည်စွာ သိုလှောင်၍ နှပ်ထားသောမြေကြီးသည် မြေရေစစ်အိုးပြုလုပ်ရန် အထူးသင့်တော်၍အရည် အသွေးကောင်းမွန်စေရန် အထောက်အပံ့ပေးမည်ဖြစ်ပါသည်။
မြေကြီးနေပူလှန်းနေပုံ
(၃) ထိုသို့ကုန်ကြမ်း (၃) မျိုးကို အဆင့်ဆင့်ကြိတ်ခွဲပြီးပါက သတ်မှတ်ထားသောအချိုးအစားအတိုင်း ရော စပ်၍ အခြောက်မွှေစက်ထဲသို့ ထည့်၍ မွှေရပါမည်။
သတ်မှတ်အချိုးအစားအတိုင်းရောစပ်ပုံ
(၄) ထို့နောက် သတ်မှတ်ထားသော ရေပမာဏ ထည့်ပြီးပါက အစိုမွှေစက်ထဲသို့ ထည့်၍ ရွံ့စေးသည်အထိ မွှေရမည်ဖြစ်သည်။
ရေရောစပ်ပုံ
အစိုမွှေစက်ဖြင့်မွှေပုံ
မှတ်ချက်။ ။ထည့်ဝင်ရမည့်ရေပမာဏသည် ရာသီဥတုအပေါ် မူတည်၍ အနည်းအများကွဟနိုင် ပါသည်။ ပူပြင်းသောနွေရာသီတွင် ရေပမာဏ အနည်းငယ်ပိုထည့်ရမည်ဖြစ်သည်။
(၅) အစိုမွှေစက်ထဲမှ ထွက်လာသော ရွှံ့များ(ကုန်ကြမ်း)ကို အိုးတစ်လုံးစာ ( ၉ ) ကီလို ချိန်တွယ်ရပါ မည်။
(၆) ကုန်ကြမ်းအားလုံး ချိန်တွယ်ပြီးပါက မို(ပုံရိုက်စက်) ပေါ်သို့တင်၍ ပုံရိုက်နိုင်ပြီဖြစ်သည်။
မိုရိုက်ပုံအဆင့်ဆင့်
(၇) မို(ပုံရိုက်) ပြီးသောအိုးများကို ကုတ်နံပါတ်များ ရိုက်ရမည်ဖြစ်သည်။
ရက်စွဲ၊ ထုတ်လုပ်သည့်စက်ရုံနာမည်၊ အိုးအလုံးရေမြောက်
ရက်စွဲ၊ ထုတ်လုပ်သည့်စက်ရုံနာမည်၊ အိုးအလုံးရေမြောက်
(၈) ထို့နောက်အိုးများကို ခြောက်သွေ့စေရန် နေပူမလှန်းမှီစက်ရုံထဲတွင် တစ်ရက်ထားရှိရမည်။ သို့မှသာ စက်ရုံအပြင်ဘက်သို့ နေပူထုတ်လှန်းလျှင် လေဒဏ်၊ နေဒဏ်ကိုခံနိုင်ရည်ရှိ၍ အိုးများမကွဲအက်မည်ဖြစ် သည်။
(၉)အိုးများကိုနေပူလှန်းရာတွင်ကွဲအပ်မှုမဖြစ်ပေါ်စေရန်အထူးဂရုစိုက်ရမည်ဖြစ်သည်။ နေအပူရှိန် ပေါ်မူ တည်၍ အိုးများကိုမကြာခဏ လှန်ပေးရမည်ဖြစ်သည်။
(၁၀)လုံလောက်သောအပူရှိန်ကိုရရှိ၍ ခြောက်သွေ့သွားသောအိုးများကို ချောမွတ်သွားစေရန် နှုတ် ခမ်းအနားများကို ကော်ဖက်အကြမ်းဖြင့်ပွတ်တိုက်ပေးရပါမည်။ထို့သို့ပြုလုပ်ပြီးပါကအိုးများကိုမီးဖိုထဲသို့သွင်းနိုင် ရန်အတွက် စတင်ဆောင်ရွက်နိုင်ပြီသည်။
(၁၁) မီးဖိုထဲသို့မသွင်းမှီရှေးဦးစွာအိုးများကို ကုတ်နံပါတ်များ၊ အတိုင်နာမည်များမှတ်သား၍ ဖိုသွင်းဇယားရေး မှတ်ရပါမည်။ ထိုသို့ရေးမှတ်ခြင်းဖြင့် အိုးများ၏ အရည်အသွေးအတွက် အရေးကြီးသောမီးထိုးစနစ်ကို သိရှိနိုင်သကဲ့သို့ ရေကျနှုန်းစစ်ဆေးရာတွင်လည်း များစွာအထောက်အကူပြုပေ သည်။
(၁၂) မီးဖိုထဲတွင် စုစုပေါင်း အိုးအတိုင်ပေါင်း (၉) တိုင်ရှိသည်။ (A, B, C, D, E, F, G, H, I) ဟူ၍ဖြစ်သည်။ တိုင်တစ်တိုင်တွင် အိုးအလုံးရေ (၆) လုံးအထိစီနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မီးဖိုတစ်ခုလုံးတွင် အိုးအ လုံးရေ စုစုပေါင်း (၅၄) လုံးအထိ ထည့်သွင်းမီးဖုတ်နိုင်ပေသည်။
အိုးများကိုတိုင်စီရာတွင်လွန်စွာအ ရေးကြီးသောအချက်မှာအိုးတစ်လုံးနှင့်တစ်လုံးအကြားတွင် ထောက်ထားသောဒေါက်တိုင်ဖြစ်သည်။
ထိုဒေါက်တိုင်သည်လိုအပ်သောအမြင့်ပမာဏမရှိပါကအိုးအတွင်းပိုင်းသို့မီးအပူရှိန်ရောက်ရှိရန်ခက်ခဲ ၍ကောင်းစွာအိုးကျက်နိုင်မည်မဟုတ်ပေ။ နောက်ထပ်သတိပြုရန်တစ်ချက်မှာ – ဖိုစီထားသောတိုင်များ ၏ကြံ့ခိုင်မှုဖြစ်ပါသည်။ ဖိုစီထားသောတိုင်များ ကြံ့ခိုင်မှုအားနည်းပါက မီးအပူရှိန်မြင့်လာသောအချိန် တွင် လဲပြို၍အိုးများကွဲအပ်နိုင်ပြီး ဆုံးရှံးမှုဖြစ်နိုင်ပါသည်။
(၁၃) ဖိုထဲသို့အိုးများသွင်း၍ မီးထိုးနိုင်ရန်အတွက် မီးအပူချိန်တိုင်းပစ္စည်းတစ်ခုဖြစ်သော Pyrometric Cone ကိုတစ်ပါတည်း ထည့်သွင်းထားရမည်ဖြစ်သည်။ မြေရေစစ်အိုးအတွက် အသုံးပြုသော Cone နံပါတ် များမှာ နံပါတ် (၉)၊ (၁၀) နှင့် (၁၁) တို့ဖြစ်ကြပါသည်။ ထိုသို့ထည့်သွင်းပြီးပါက မီးဖိုအ၀ကိုပိတ်နိုင်ပြီ ဖြစ်သည်။
(၁၄) မီးဖိုအတွင်း အပူချိန်ကိုတိုင်းတာနိုင်ရန် အခြားနည်းလမ်းတစ်ခုမှာ Digital Thermometer ဖြစ်ပါသည်။ ၎င်းကို မီးဖိုနှင့်ဆက်ထားခြင်းအားဖြင့် မီးဖိုအတွင်းမှအပူချိန်ကို ဒီဂရီစင်တီဂရိတ်၊ ဖာရင်ဟိုက်၊ ကယ် ဗင်တို့ဖြင့် အလွယ်တကူ သိရှိနိုင်ပါသည်။ ဤကဲ့သို့ အဆင့်ဆင့်ပြုလုပ်ပြီးပါက စတင်မီးထိုးနိုင်ပြီဖြစ် သည်။
(၁၅) မီးထိုးရာတွင် အသုံးပြုသောလောင်စာများမှာ ထင်း၊ စပါးခွံနှင့် ဂက်စ် မီးတို့ဖြစ်ကြပါသည်။ မိမိဒေသနှင့် ကိုက်ညီသော လောင်စာဆီကို အသုံးပြုနိုင်ပေသည်။
(၁၆) ယခုဖော်ပြချက်အတွက် ထင်းမီးဖြင့်အသုံးပြုခြင်းကို ဖော်ပြမည်ဖြစ်သည်။ ထင်းမီးဖြင့်မီးထိုးရာတွင် စုစု ပေါင်းမီးထိုးချိန် အနည်းဆုံး (၁၀) နာရီရှိရမည်။ အစဦးမီးပျိုးချိန် (၃) နာရီ၊ အပူရှိန်ရလာသောအခါလေ မှုတ်စက်ဖြင့်မှုတ်သောအချိန် (၅) နာရီနှင့် နှပ်မီးအချိန် (၂) နာရီဟူ၍ ယေဘူယသတ်မှတ်သည်။ ရာသီ ဥတုလိုက်၍ မီးထိုးချိန်ကွာဟနိုင်ပေသည်။ လိုအပ်သောအပူချိန်မှာ ၉၀၀ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။
မှတ်ချက်။ ။ မီးထိုးစနစ်သည် မြေရေစစ်အိုးများ၏ အရည်အသွေးကောင်းမွန်ရန်အတွက် လွန်စွာ မှအရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
(၁၇) မီးထိုးပြီး၍ ဖိုထဲမှထွက်လာသောအိုးများကို ထိခိုက်ကွဲအက်မှုရှိ မရှိ စစ်ဆေးရပါမည်။ စစ်ဆေးပြီး ကောင်းမွန်သောအိုးများကို ရေကျနှုန်းတိုင်းတာနိုင်ရန်အတွက် ၁၈နာရီမှ ၂၄နာရီအကြာရေစိမ်ထားရှိ ရပါမည်။
(၁၈) သတ်မှတ်ထားသော စံရေကျ နှုန်းမှာ တစ်နာရီ (၁.၅) လီတာမှ (၄.၅) လီတာဖြစ်ပါသည်။ ရေကျ နှုန်း ၁.၅လီတာထက်နည်းသောအိုးများနှင့် ၄.၅လီတာထက်များသော အိုးများကို မသုံးပါ။
ရေကျနှုန်းစစ်ဆေးနေပုံ
ရေကျနှုန်းစစ်ဆေးနေပုံ
သတ်မှတ်ထားသောရေကျ နှုန်းမရှိသောအိုးများနှင့်ကျော်နေသောအိုးများအားခွဲနေပုံ
ရေကျ နှုန်းအောင်သောအိုးများအားနေပူလှန်းထားပုံ
(၁၉) ရေကျနှုန်းစစ်ဆေးအောင်မြင်သောအိုးများကို ဘက်တီးရီးယားကာကွယ်ဆေး သုတ်လိမ်းရမည်။ မြေ ရေစစ်အိုးအတွက်အသုံးပြုသော ဘက်တီးရီးယားကာကွယ်ဆေး (၂) မျိုးရှိပါသည်။ လည်းကောင်းတို့ မှာ – (၁) Colloidal Silver (CS) (၂) AgNo3 တို့ဖြစ်သည်။ ဤဆေး (၂) မျိုးကို သတ်မှတ်ထားသောအ ချိုးအစားအတိုင်း သုတ်လိမ်းပြီးပါက မြေရေစစ်အိုးကိုစတင်အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ဘက်တီးရီးယားကာကွယ်ဆေးသုတ်လိမ်းနေပုံ