မြေရေစစ်အိုးဆိုသည်မှာ
သဘာဝမြေကြီးကိုအခြေခံကာ ဖွဲနှင့်ပေါင်းစပ်၍ ပြုလုပ်ထားသော မြေအိုးဖြစ်ပါသည်။
ရိုးရာသောက်ရေအိုး (စစ်ကိုင်းအိုး/ပြာသိုအိုး) နှင့်ဆင်တူသောကြောင့် မြန်မာ့ယဉ်ကျေးမှုနှင့် လွန်စွာမှ ကိုက်ညီမှုရှိပါသည်။
သို့သော် မြေရေစစ်အိုး၏ ထူးခြားချက်မှာ ရေထဲတွင်ပါဝင်သော မည့်သည့်ဘက်တီးရီးယား ပိုးမွှားကိုမဆို ဖယ်ရှားပေးနိုင်ခြင်းပင်။
နောက်ထပ်သိသာထင်ရှားသောထူးခြားချက်မှာ ရေမည်မျှပင်နောက်ကျိနေစေကာမူ မြေရေစစ်အိုး ထဲသို့ထည့်လိုက်သည်နှင့် စိမ့်ကျလာသောရေမှာ
လွန်စွာမှကြည်လင်လှပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ရေအကြည်စံနှုန်း (Turbidity 5 NTU) နှင့်လည်းကိုက်ညီမှုရှိပါသည်။
In 1998, in Nicaragua, South America faced with the Water Crisis because of Mitch Cyclone. The first CWF was developed by Fernando Mazarigos from Guatemala to help in the crisis.
Curt and Cathy Bradner affiliated with ATF and with help from IDE Cambodia brought the technology to the Thai/Myanmar border in 2004.
By invitation of Unicef in 2006, they cooperated with Community Development Association (CDA) and established the first CWF factory in Myanmar.
During Cyclone Nargis 8 factories were established in Myanmar. Four factories operated in Twantay, 2 factories in Yangon, 1 in Pathein and 1 in Sagaing.
တောင်အမေရိကရှိလူမည်းများနေထိုင်ရာ နီကာရားကွားနိုင်ငံ (Nigaragwa) တွင် (၁၉၉၈) ခုနှစ်၌ မစ်(ခ်ျ) [Mitch] မုန်တိုင်းတိုက်ခိုက်၍ ရေအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုနိုင်ငံတွင်အိုးလုပ် ငန်းများရှိထားသောကြောင့် ထိုနည်းပညာဖြင့် မြေရေစစ်အိုးကို စတင်အသုံးပြုခဲ့ကြသည်။ ၁၉၉၈ ခုနှစ် တွင်မြောက်အမေရိကတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြသည်။ Curt and Cathy Bradner တို့သည် ဤနည်းပညာကို အရှေ့တောင်အာရှရှိ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ (၂၀၀၃) ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ (၂၀၀၄) ခုနှစ် ဆူနာမီမုန်တိုင်းအပြီး ထိုင်းနိုင်ငံတွင် မြေရေစစ်အိုးများကို သုံးစွဲခဲ့ ကြသည်။ ၂၀၀၆ ခုနှစ်တွင် UNICEF ၏ဖိတ်ခေါ်မှုဖြင့် လူမှုဖွံ့ဖြိုးရေးအသင်း (CDA) နှင့်ပူးပေါင်းပြီး၊ မြေရေစစ်အိုးစက်ရုံကို စတင်တည်ထောင်ခဲ့သည်။
ယခုအခါ တွံတေးမြို့တွင်စက်ရုံ (၄)ခု၊ ရန်ကုန်မြို့ တွင်စက်ရုံ (၂)ခု၊ ပုသိမ်မြို့တွင်စက်ရုံ (၁)ခုနှင့် စစ်ကိုင်းမြို့တွင်(၁)ခု စုစုပေါင်း မြေရေစစ်အိုးစက်ရုံ ပေါင်း (၈)ခုကို တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။