အရည်အသွေးအတွက်ပြုလုပ်ခဲ့သောစမ်းသပ်မှုများ
Thirst – Aid သည်မြေရေစစ်အိုးများ၏ အရည်အသွေးကောင်းမွန်စေရန်အတွက် အစဉ်အမြဲ ကြိုးစားလျှက်ရှိရာ အရည်အသွေးနှင့် သက်ဆိုင်သော စမ်းသပ်မှုများကိုလည်းပြုလုပ်ခဲ့ပါသည်။
ပြုလုပ် ပြီးစီးခဲ့သော စမ်းသပ်မှုများမှာ –
စမ်းသပ်မှု (၁) မီးထိုးစနစ်စမ်းသပ်ခြင်း
(၁-၁) Cone နံပါတ် ၁၁ကိုကျိုးအောင်မီးထိုးပြီး ဘက်တီးရီးယားဖယ်ရှားနိုင်မှု ကိုစစ် ဆေးခြင်း။
(၁-၂) Cone နံပါတ် ၁၀ ကိုကျိုးအောင်မီးထိုးပြီး ဘက်တီးရီးယားဖယ်ရှားနိုင်မှု ကိုစစ် ဆေးခြင်း။
(၁-၃) Cone နံပါတ် ၉ ကိုကျိုးအောင်မီးထိုးပြီး ဘက်တီးရီးယားဖယ်ရှားနိုင်မှု ကိုစစ် ဆေးခြင်း။
စမ်းသပ်မှု (၂) CS နှင့် AgNo3 ဆေးများ၏ အစွမ်းသတ္တိများကို စမ်းသပ်ခြင်း
(၂-၁) မီးထိုးပြီးမှ ဆေးသုတ်ခြင်းဖြင့် ဘက်တီးရီးယားဖယ်ရှားနိုင်မှုကို စစ်ဆေးခြင်း
(၂-၁) မီးမထိုးခင် ကုန်ကြမ်းပစ္စည်းများထဲသို့ ဆေးထည့်ပြီး ဘက်တီးရီးယားးဖယ်ရှား နိုင်မှုကို စစ်ဆေးခြင်း။
(၂-၃) မီးမထိုးခင်နှင့် မီးထိုးပြီး ဆေးသုတ်ပြီး ဘက်တီးရီးယားဖယ်ရှားနိုင်မှုကို စစ်ဆေးခြင်း။
စမ်းသပ်မှု (၃) ဖွဲပါဝင်မှုပမာဏ စမ်းသပ်ခြင်း
စမ်းသပ်မှု (၄) ဖွဲ အရွယ်အစားစမ်းသပ်ခြင်း
တို့ဖြစ်ပါသည်။
ဤစမ်းသပ်မှုများတွင် ပါဝင်ခဲ့သူများမှာ –
(၁) Curt Brander (Founder of Thirst-Aid)
(၂) Aung Aung (Lab Technician of Thirst-Aid)
(၃) U Khin Sein Lin (Zaw Gyi Factory)
(၄) U San Lin (Aung Myin Factory)