အမေရိကန်နိုင်ငံ ပညာရေးသုတေသီများ စနစ်တကျလေ့လာ၍ ကလေးငယ်များ၏ အသက်အရွယ်၊ ဖွံ့ဖြိုးမှုအလိုက် သင့်တော်အောင် စီမံထားသည့် Core Knowledge® Curriculum ကို အခြေခံထားသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် အနောက်တိုင်းယဉ်ကျေးမှု နှစ်ရပ်တို့မှ အတွေးအခေါ်၊ စာပေနှင့် အမွေအနှစ်များကို ပေါင်းစပ်ကာ အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာဖြင့် သင်ကြားသည်။
1. The Human Body: Basic Needs & Five Senses (လူ့ခန္ဓာကိုယ် - အခြေခံလိုအပ်ချက်နှင့် အာရုံငါးပါး)
2. Animals & Their Needs (တိရစ္ဆာန်များနှင့် သူတို့၏လိုအပ်ချက်များ)
3. Plants (အပင်များ)
4. Farms (စိုက်ပျိုးမွေးမြူရေးခြံများ)
5. Seasons & Weather (ရာသီဥတု)
6. Taking care of the Earth (ကမ္ဘာမြေကို ကာကွယ်စို့)
7. Important People and Events in History (သမိုင်းဝင် ပုဂ္ဂိုလ်နှင့် ဖြစ်ရပ်များ)
-Nursery Rhymes, Fables (a short story, typically with animals as characters, conveying a moral) နှင့်
ဖြစ်သည့် (၁) မိမိအကြောင်း (၂) တို့မိသားစု (၃) တို့ကျောင်း (၄) တို့ရပ်ရွာ (၅) အပင်များ (၆) ရာသီဥတု (၇) သယ်ယူပို့ဆောင်ရေး (၈) စျေးများ (၉)ပွဲတော်များ (၁၀) ငါး (၁၁) ရေ (၁၂) ပိုးကောင်လေးများ (၁၃) အိမ်များ (၁၄) ငှက်များ (၁၅) နို့တိုက်သတ္တဝါများ
တို့နှင့် ချိတ်ဆက် သင်ကြားသည်။
ပညာရေးသည် ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်းနှင့် ရင့်ကျက်သော အသိပညာတို့ကို လေ့ကျင့်သင်ကြားခြင်း ဖြစ်သည်ဟု ခံယူသည့်အတိုင်း၊ စာတတ်မြောက်မှုကို သာမက ကိုယ်ကျင့် စရိုက်ကောင်းများကိုလည်း ဂရုတစိုက်ကြပ်မတ်၍ လေ့ကျင့်ပျိုးထောင် ပေးသည်။