https://www.facebook.com/NewVisionEducationMandalay/photos/a.1346318568828306/1529456217181206/?type=3&__tn__=-R
Phonics ကို သင်ကြားတဲ့ နည်းစနစ်တွေ အမျိုးမျိုး ရှိကြပါတယ်။ Jolly Phonics စနစ်မှာ အင်္ဂလိပ် အက္ခရာစာလုံးတွေကို သက်ဆိုင်ရာ အသံ ၄၂-မျိုးနဲ့ ဆက်စပ် မှတ်မိအောင် ကလေးတွေကို ပျော်ရွှင်စွာ အမူအရာတွေလုပ် သီချင်းလေးတွေ သီဆိုစေပြီး သင်ကြားပေးပါတယ်။ မူကြိုကနေ မူလတန်း အရွယ်အထိ ကလေးငယ်များအတွက် သင့်တော်တဲ့ စနစ်မျိုးပါ။
1. Learning the letter sounds
အသံတွေကို a b c d အက္ခရာစဉ် အတိုင်း မသင်ဘဲ s, a, t, i, p, n ဆိုတဲ့ အက္ခရာ ၆-လုံးနဲ့ စသင်ပါတယ်။ ဒီ ၆-လုံးကို မှတ်မိပြီး အသံမှန်မှန် ထွက်တတ်ရင် at, ap, an, it, ip, in စတဲ့ ကာရန် (Rhymes) ၆ လုံးကို စာလုံးပေါင်း အသံထွက်ပြီး ဖတ်တတ်ပါပြီ။ နောက် တဆင့်အနေနဲ့ ဒီကာရန်တွေရဲ့ ရှေ့မှာ အစသံ (Onset) ဗျည်းအက္ခရာလေးတွေ ထပ်ဖြည့်ပြီး sat, pat, pan, tan, tin, pin, sin, tap, sap စသဖြင့် စာလုံးပေါင်း အသံထွက်နိုင်ပါတယ်။
2. Learning Letter Formation
မျက်စိက ကြည့်၊ နားနဲ့ နားထောင်၊ ပါးစပ်က လိုက်ဆို၊ လက်က အမူအရာလေးတွေလုပ်ပြီး အာရုံမျိုးစုံကို အသုံးချ သင်ကြားတဲ့ (multi-sensory) နည်းစနစ်ပါ။ စာရေးနည်းကိုလည်း တွဲဖက်ပြီး သင်ပါတယ်။
အက္ခရာ တခုချင်းစီရဲ့ အသံတွေကို ပေါင်းပြီး ဖတ်တတ်၊ ရေးတတ်အောင် သင်ထားတဲ့ အတွက်ကြောင့် မတွေ့ဖူးတဲ့ စကားလုံးအသစ်တွေကိုလည်း စာလုံးပေါင်းပြီး အသံထွက် ဖတ်နိုင်ပါတယ်။
4. Identifying the sounds in words (Segmenting)
Word တခုရဲ့ အသံကို ကြားရင် သူ့မှာ ပါဝင်တဲ့ အသံရင်းတွေကို ခွဲပြီး သိအောင် လေ့ကျင့် သင်ကြားထားတဲ့ အတွက် သိပ်ကျက်မှတ်ဖို့ မလိုဘဲ Spelling ပိုကောင်းပါတယ်။
ပုံမှန်အတိုင်း စာလုံးပေါင်း အသံထွက်လို့ မရဘဲ ပုံစံကွဲနေတဲ့ tricky words တွေကိုလည်း အလျဉ်းသင့်သလို ထည့်ပြီး သင်ပါတယ်။
ပထမအုပ်စု ၆-လုံးကို ကျွမ်းကျင်တတ်မြောက်ရင် နောက်ထပ် ၆-လုံး အုပ်စု စသဖြင့် တဆင့်ချင်း တက်ပြီး သင်ပါတယ်။ တဆင့်ချင်း သွားလို့ရတဲ့ စနစ်ဖြစ်လို့ ခပ်ငယ်ငယ် ၃-နှစ် အရွယ်က နေစပြီး မူလတန်း အရွယ် အထိ သင့်တော်ပါတယ်။
**New Vision Education Center မှာ အင်္ဂလိပ်စာ အရေးအဖတ်အတွက် Jolly Phonics စနစ်ကို အသုံးပြုပြီး သင်ကြားပါတယ်။**