New Vision Preschool ၏ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် လုပ်ငန်းစဉ်များကို ဖော်ပြပါ Flow Chart-စီးဆင်းမှုဇယား အတိုင်း
PLAN ကြိုတင်အစီအစဉ်ဆွဲခြင်း -->DO အကောင်အထည်ဖော် ဆောင်ရွက်ခြင်း --> REVIEW ပြန်လည်စစ်ဆေးသုံးသပ်ခြင်း စနစ်ဖြင့် လုပ်ဆောင်ပါသည်။
နေ့စဉ် လုပ်ငန်းစဉ် အနေဖြင့် တနေ့တာ အချိန်ဇယား မှာ -
1. ကျောင်းတက်ချိန် (ကြိုဆိုခြင်းနှင့် လွတ်လပ်စွာကစားခြင်း)
§ ကလေးများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေး စစ်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်း
(အပတ်စဉ်) အရပ်အမြင့်၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း
2. နံနက်ခင်းစုဝေးချိန် (Morning Circle)
§ (ဆရာမများနှင့်/ကလေးအချင်းချင်း အပြန်အလှန်) နှုတ်ခွန်းဆက်ခြင်း
§ (မြန်မာ၊ English) ကဗျာများ စုပေါင်း ကြည့်ရှုခြင်း၊ ရွတ်ဆိုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း
§ ပြည်သူ့နီတိ စာရိတ္တ အခြေခံများ ဆုံးမလမ်းညွှန်ခြင်း
§ Morning Message (ထူးခြားချက်များ၊ ယနေ့ ရာသီဥတု၊ သင်ခန်းစာခေါင်းစဉ် စသည်) မေးမြန်းဆွေးနွေးပြောဆိုခြင်း
3. သင်ကြားချိန်
§ သင်ခန်းစာခေါင်းစဉ်နှင့် သက်ဆိုင်သော အခြေခံ မြန်မာစာ၊ Basic English၊ Jolly Phonics အခြေခံသင်္ချာ၊ ပတ်ဝန်းကျင်နှင့် ပထဝီ သိပ္ပံသဘောတရားများ၊ နေ့ထူးနေ့မြတ်များနှင့် သမိုင်းဝင်ပုဂ္ဂိုလ်များကို Daily Lesson Plan နေ့စဉ်သင်ရိုးညွှန်းတမ်းအရ သင်ကြားခြင်း (Learning Centers)
§ သင်ခန်းစာကို အဖွဲ့ငယ်များခွဲ၍ Classroom / Outdoor Activities များဖြင့် လေ့ကျင့် ကစား သင်ယူခြင်း - တည်ဆောက်၊ စိတ်ကူးပုံဖော်၊ ဉာဏ်ရည်ဖွံ့ဖြိုး၊ အတုလုပ်၊ တူရိယာ၊ ပန်းချီ၊ လက်မှု
4. နေ့လည်စာ စားချိန်
5. စာဖတ်ချိန်
6. အိပ်စက် အနားယူချိန်
§ ၃-၄နှစ် ကလေးများ အိပ်စက်အနားယူချိန်ဖြစ်ပြီး၊ ၄-၅နှစ်ကလေးများသည် Workbook လေ့ကျင့်ခန်းစာအုပ်မှ အလှည့်ကျသင်ခန်းစာကို လုပ်ခြင်း
7. သန့်စင်ခန်း ဝင်ချိန်
8. မုန့်စားချိန်
9. ပုံပြင် (Story Circle) ၊ တေးဂီတ နှင့် ကိုယ်လက်လှုပ်ရှားချိန်
10. တနေ့တာ သင်ယူမှုများ ပြန်လည် သုံးသပ်ချိန် (Closing Circle)
11. ကျောင်းဆင်းနှုတ်ဆက်ချိန် (Home Connection)
တို့ ပါဝင်သည်။
မိမိရဲ့ ခန္ဓာကိုယ်သည် အလွန် ထူးခြားကောင်းမွန်ကြောင်း၊ နှစ်ယောက်တူတာ မရှိကြောင်း တန်ဖိုးထားတတ်အောင် ကလေးများအား ပြောပြပါ။
Tell the children that today’s activities will be about body parts.
ကလေးများကို ဒီနေ့ activities သည် Body Parts ခန္ဓာကိုယ် အစိတ်အပိုင်းများ အကြောင်း ဟု ပြောပါ။
Discuss the parts of the body and what each part can do.
ခန္ဓာကိုယ် အစိတ်အပိုင်းများ နှင့် ၎င်းတို့ အလုပ်လုပ်ပုံကို ဆွေးနွေးပါ။
Encourage the children to show you the parts of their bodies as you discuss them.
ဆရာမ ပြောပြဆွေးနွေးနေသော အစိတ်အပိုင်းကို (ခန္ဓာကိုယ်ရုပ်ပုံကားချပ်၌၎င်း၊ မိမိခန္ဓာကိုယ်၌၎င်း) ပြရန် ကလေးများကို တိုက်တွန်းပါ။
ခန္ဓာကိုယ်ဖွဲ့စည်းပုံ (အရိုး အခြေခံ၊ အပေါ် အဆီ အသားဖုံး၊ အရေပြားဖုံး၊ မွှေးညှင်း၊ အကြော ...)
ခန္ဓာကိုယ် အစိတ်အပိုင်းများမှ မည်သူကိုမှ ပေးမထိရမည့် နေရာများ (နှုတ်ခမ်း၊ ရင်ဘတ်၊ ပေါင်နှစ်ဖက်ကြား၊ တင်ပါး) ကို ပြောပြပါ
Occasionally ask the children to imagine how things would be different if they didn’t have that particular part of their bodies. (for example, eyes, hands, ears, and so on).
ကလေးများကို ခန္ဓာကိုယ်မှာ အချို့ အစိတ်အပိုင်းတွေ မရှိရင် ဘယ်လို ဖြစ်သွားမလဲဆိုတာ စိတ်ကူးကြည့်ခိုင်းပါ။ (ဥပမာ- မျက်လုံး, လက်, နား စသဖြင့်)
Have the children face a partner and play a game of Copycat or Monkey See, Monkey Do
ကလေးများကို နှစ်ယောက်တတွဲ မျက်နှာချင်းဆိုင်စေ၍ တယောက်လုပ်တာ တယောက်လိုက်လုပ်စေသော ကစားနည်းကို ကစားစေပါ။
Art
ကလေးတဦးအရပ်ထက် ရှည်သော ကဒ်ထူ (or) စာရွက်ကြီး တရွက်ကို ဖြန့်ခင်းပါ။ ကလေးတယောက်ကို ထိုပေါ်မှာ လှဲအိပ်စေပြီး သူ့ခန္ဓာကိုယ် outline ကို ကောက်ကြောင်းဆွဲယူပါ။ ပြီးလျှင် ထိုပုံတွင် ကလေးများကို မျက်နှာရှိ အစိတ်အပိုင်းများ၊ အဝတ်အစားများကို ဆွဲစေပါ။
Boy / Girl ပုံ အရောင်ခြယ်ပါ။
Discovery
ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကနေ လုပ်နိုင်တဲ့ ဆူညံသံတွေကို ကလေးများအား ဘယ်သူက ဘာသံ လုပ်နိုင်လဲ စိန်ခေါ်စေပါ။ ဥပမာ- ခြေထောက်ကို ဆောင့်နင်းခြင်း၊ လက်ခုပ်တီးခြင်း၊ လျှာကို ရှေ့နောက် အပေါ်အောက်လှုပ်ခြင်း စသဖြင့် (သူတို့ လုပ်သော အသံကို အသံဖမ်းထားပြီး ပြန်ဖွင့်ပြခြင်း ဖြင့် သူတို့အားပျော်ရွှင်စေပါ)
Dramatic Play
ကလေးများမျက်နှာကို သနပ်ခါး မိတ်ကပ်လိမ်းပေးခြင်း/ ဆေး ခြယ် ပေးခြင်းဖြင့် မျက်နှာ ရှိ အစိတ်အပိုင်းများဖြစ်သည့် နှာဖူး၊ ပါး၊ မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ မေးစေ့ စသည်တို့ အကြောင်း ပြောနိုင်သည်။ (အသားအရေနှင့် မတည့်သည်များရှိနိုင်၍ သတိပြုပါ။ လက်ဖျံတွင် ဦးစွာ စမ်းသပ်လိမ်းပါ။ မတည့်ပါက ရေများများဖြင့် ချက်ခြင်းဆေးကြောပါ။)
Language
အရုပ်ကို အကျီ ဝတ်ဆင်ပေးခြင်းဖြင့် ခန္ဓာကိုယ် အပေါ်ပိုင်း၊ အောက်ပိုင်း၊ တဆက်တည်း ဝတ်ရသည့် အဝတ်များ၊ ဦးခေါင်းတွင် ဆောင်းသည့်အရာ၊ ခြေတွင် ဝတ်ရသည့် အရာများကို အမည်နှင့်တကွ ကွဲကွဲပြားပြား သိစေပါ (ဥပမာ- Blouse ဘလောက်စ်အကျီ, pant ဘောင်းဘီ, skirt စကတ်, dress, hat, sock, etc…)
Science
မွေးစကလေးငယ်မှသည် ကျောင်းသားအရွယ်၊ လူငယ်၊ လူကြီး အဆင့်ဆင့်ကြီးထွားဖွံဖြိုးသည့် ဖြစ်စဉ်ကို ဓာတ်ပုံ၊ ရုပ်ပုံများ စီနိုင်ခြင်း
ယုန်နှင့်လိပ်ပုံပြင် ပြောပြပြီး၊ လိပ်ကဲ့သို့ တွားသွားပြီး ယုန်ကဲ့သို့ ခုန်ဆွ ခုန်ဆွ သွားစေပါ။
Sing “Head, Shoulders, Knees and Toe” ခေါင်း၊ ပုခုံးနှင့်ဒူး၊ခြေဖျား
“If you are Happy and You Know it” - သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် လက်ခုပ်တီး
********
Play Simon Says
Act out “I Can, You Can”
ကလေးများအားသူတို့ နှစ်သက်သော တိရစ္ဆာန်တကောင်ကို မေးပါ။ ထိုတိရစ္ဆာန်နဲ့ ခန္ဓာကိုယ်ချင်း နှိုင်းယှဉ်ခိုင်းပါ။ ထို တိရစ္ဆာန် အမူအယာ၊ အော်သံ၊ လှုပ်ရှား သွားလာပုံကို လုပ်တတ်သလောက် လုပ်ပြစေပါ။
********
ဘောလုံးကို ညွှန်ပြသည့် နေရာရောက်အောင် ကန်စေ၊ ပစ်စေပါ။
ကလေးများအား ယနေ့ ဘာတွေ သင်ယူခဲ့လဲ မေးပါ
လက်နဲ့ ဘယ်လို အသံတွေ လုပ်နိုင်လဲ။ ပါးစပ်နဲ့ ဘယ်လို အသံတွေ လုပ်နိုင်လဲ။
မျက်နှာမှာ ရှိတာတွေကို ဘယ်သူပြောနိုင်လဲ။
မိမိတို့ ခန္ဓာကိုယ်နဲ့ တိရစ္ဆာန် ခန္ဓာကိုယ် ဘာတွေကွာလဲ။ ဘာတွေတူလဲ။
ခေါင်း၊ ပုခုံးနှင့်ဒူး၊ခြေဖျား ကဗျာကို အမူအယာဖြင့် အိမ်မှာ ပြန်ဆိုပြစေပါ။