မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ


(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁၁။)

၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့

၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ၊ ပုဒ်မ (၁၇)


၁၇။ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသည် အောက်ပါကိစ္စရပ်များအတွက် ခွင့်ပြုမိန့်ထုတ်မပေးမီ မီးဘေးလုံခြုံရေးကိစ္စအလို့ငှာ မီးသတ်ဦးစီးဌာန၏ 

မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်ကို ရယူရမည်-

(က) သုံးထပ်နှင့် အထက်ရှိ အဆောက်အအုံ၊ စုပေါင်းအိမ်ရာ၊ ဈေး၊ လူအများအပြားစုဝေးအသုံးပြုသည့် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊

(ခ) ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်း၊

(ဂ) စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံနှင့် သိုလှောင်ကန်များ ဆောက်လုပ်ခြင်း၊

(ဃ) မီးဘေးအန္တရာယ် စိုးရိမ်ရသောလုပ်ငန်း သို့မဟုတ် ပေါက်ကွဲစေတက်သည့် ပစ္စည်းအသုံးပြု၍ လုပ်ငန်းလုပ်ကိုင်ခြင်း၊

(င) မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊

(စ) မော်တော်ယာဉ်၊ မီးရထား၊ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ စက်တပ်ရေယာဉ်၊ စက်မဲ့ရေယာဉ်တို့ကို အသုံးပြု၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်း

များကို လုပ်ကိုင်ခြင်း။

၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ၊ ပုဒ်မ (၂၅)


၂၅။ စက်ရုံ၊ အလုပ်ရုံ၊ ကားဂိတ်၊ လေဆိပ်၊ ရေဆိပ်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စုပေါင်းပိုင် အဆောက်အအုံ၊ ဈေး၊ အလုပ်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် 

မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်းပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲသူ မည်သူမျှ မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ-

(က) သီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရန် ပျက်ကွက်ခြင်း မရှိစေရ။

(ခ) မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများကို ထားရှိရန် ပျက်ကွက်ခြင်းမရှိစေရ။