ဆေးလက်မှတ်ခွင့်ရက်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၃၀

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ

ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၁၅

၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

လူမှုဖူလုံရေး နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၄)

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ (၁)

အလုပ်သမားသည် သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ်ထက်မပိုသော ကာလအပိုင်းအခြား အတွက် ဆေးလက်မှတ်ခွင့်ရက်ကို ရထိုက်ခွင့်ရှိသည်။

ခြွင်းချက်။ ။ သို့ရာတွင် အလုပ်သမားသည် အနည်းဆုံး ခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့သေးသမျှ ဆေးလက်မှတ်ခွင့်ရက်ကို ရထိုက်ခွင့်မရှိစေရ။ သို့ရာတွင် အလုပ်သမားသည် အနည်းဆုံး ခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ်လစာမရှိခွင့်ရက်ကို ရထိုက်ခွင့် ရှိစေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ (၂)

အလုပ်ဆိုင်ရာ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ သို့တည်းမဟုတ် အလုပ်ဌာနဆိုင်ရာ ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အလုပ်ဌာနက သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဌာနက သို့တည်းမဟုတ် အလုပ်ဌာနက သဘောတူသည့် ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ အစိုးရအမှုထမ်းများဖြစ်လျှင် အစိုးရဆရာဝန်ထံမှသော်လည်းကောင်း ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ မီးရထားအလုပ်သမားဖြစ်လျှင် မီးရထားဘက်ဆိုင်ရာဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း ဆေးလက်မှတ်တင်ပြလျှင် ထိုဆေးလက်မှတ်ဖြင့် ခွင့်ရက်ကိုပေးရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ (၃)

၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၀ အရ ပယ်ဖျက်သည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ ၆ (၄) 

ဆေးလက်မှတ်ခွင့်ရက်ရသော အလုပ်သမားသည် ခွင့်ရက်နှင့် နေသည့် ကာလအပိုင်းအခြားအတွင်းတွင် သက်ဆိုင်ရာရာ မိမိရထိုက်ခွင့်ရှိသော အခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ရက်သတ္တပတ်စဥ်ပေးရန် တောင်းဆိုလျှင် တောင်းဆိုသည့်အတိုင်း ပေးရမည်။ အဆိုပါ အခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ ထုတ်ပေးမြဲအရပ်၌ အလုပ်သမားအားသော်လည်းကောင်း၊ အလုပ်သမားကလွှဲအပ်ထားသည့် ကိုယ်စားလှယ်အားသော်လည်းကောင်း ထုတ်ပေးရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ် ၆ (

အလုပ်သမားသည် မိမိရထိုက်သော ဆေးလက်မှတ်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်

ပုဒ်မ ၆ ၏ ပုဒ်မခွဲ ၅ ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဆေးလက်မှတ်ခွင့်ရက်ကို လုပ်သက်ခွင့်ရက်နှင့် တစ်ဆက်တည်း ခွင့်ပြုနိုင်သည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ် ၇-က

ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများအပိုဒ် ၄၂

မည်သည့်အလုပ်သမားမဆို သွေးလှူကြောင်း ခိုင်လုံသည့်အထောက်အထားဖြင့် တင်ပြလာပါက သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို ဆေးလက်မှတ်ခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် ၄

လူမှုဖူလုံရေးအာမခံ အလုပ်သမားမဟုတ်သော လုပ်သက်ခြောက်လ မပြည့်သေးသည့် အလုပ်သမားသည် လစာမရှိဆေးလက်မှတ်ခွင့်ရက်ကို တောင်းခံနိုင်သည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် ၄

ရက်ရှည်အလုပ်ပိတ်ထားသော ကာလများအတွင်း နာမကျန်းဖြစ်မှုအတွက် ဆေးလက်မှတ်ခွင့်ရက် တင်ပြတောင်းခံရန်မလိုအပ်ပါ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ်

ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ဆေးလက်မှတ်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက်ပေါင်း ၃၀ အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရရှိသော တစ်ရက်ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၂၁(က)(၁)

အာမခံထားသူသည် အောက်ပါ အကျိုးခံစားခွင့်များကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည် -

(၁) ကိုယ်တိုင် မည်သည့်အကြောင်းကြောင့်မဆို မကျန်းမာမှုအတွက် ရောဂါအမျိုးအစားကို အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်။

---

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၂၁(က)()

အာမခံထားသူသည် အောက်ပါ အကျိုးခံစားခွင့်များကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည် -

---

(၄) အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၂၁(ခ)

အာမခံထားသူ သေဆုံးသည့်အခါ ထိုသူက အမည်စာရင်းပေးသွင်းထားခြင်းခံရသူကဖြစ်စေ၊ ထိုသို့အမည်စာရင်းပေးသွင်းခဲ့ခြင်းမရှိလျှင် ထိုသူအား မှီခိုသူ သို့မဟုတ် နာရေးစရိတ်ကို စိုက်ထုတ်ပေးသူကဖြစ်စေ တောင်းခံလာလျှင် ထိုသို့တောင်းခံလာသူသည် ပုဒ်မ ၃၀ ပါ ပြဌာန်းချက်များနှင့် အညီ နာရေးစရိတ်ကို ခံစားခွင့်ရှိသည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၂

ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းသော အာမခံထားသူ မကျန်းမာသည့်အခါ အာမခံထားသူသည် -

(က) ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ ဆေးစတင်ကုသသည့်နေ့မှ ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်ရှိသည်။ သို့ရာတွင် ထပ်တလဲလဲ မကျန်းမာမှု၊ နာတာရှည်ရောဂါတစ်မျိုးထက်ပို၍ ဖြစ်ပွားမှု သို့မဟုတ် အထူးအရေးကြီးသော မကျန်းမာမှုအတွက် ရက်သတ္တပတ် ၅၂ ပတ် သို့မဟုတ် လူမှုဖူလုံရေးအဖွဲ့က သီးခြားသတ်မှတ်ပေးသည့် ကာလအထိ ဆေးကုသမှုခံယူခွင့်ရှိသည်။

(ခ) လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ယင်းအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ အလုပ်ရှင်က စီမံထားရှိသော ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်နှင့် ဆေးကုသမှုခံယူခွင့်ရှိသည်။

(ဂ) လူမှုဖူလုံရေးအဖွဲ့ပိုင် သို့မဟုတ် ယင်းအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် ဆေးရုံ၊ ဆေးခန်းများသို့ မလာရောက်နိုင်ပါက လူမှုဖူလုံရေးအဖွဲ့၏ စီစဥ်ပေးချက်အရ အာမခံထားသူ၏ အလုပ်လုပ်ကိုင်ရာ လုပ်ငန်းဌာနသို့ လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုပေးခြင်းကို ခံယူခွင့်ရှိသည်။

(ဃ) ပုဒ်မ ၂၁ နှင့် ဤပုဒ်မတို့အရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုခံယူရာတွင် ကုန်ကျစရိတ်များနှင့် စပ်လျဥ်း၍ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားပိုင်ခွင့်ရှိသည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၂

အာမခံထားသူသည် -

(က) မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို မကျန်းမာမှုစတင်ဖြစ်သည့်နေ့ မတိုင်မီ အနည်းဆုံး ခြောက်လမှစတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါ ခြောက်လအတွင်း အနည်းဆုံး လေးလအတွက် ထည့်ဝင်ကြေးငွေပေးသွင်းပြီးမှသာ မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသည်။

(ခ) မကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ်တင်ပြနိုင်ပြီး အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲခြင်းဖြစ်လျှင် အလုပ်မလုပ်နိုင်သည့် ကာလအတွက် ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ လွန်ခဲ့သော လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် ရက်သတ္တပတ် ၂၆ ပတ်အထိ ခံစားခွင့်ရှိသည်။

၂၀၁၂ ခုနှစ်၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၇(ဂ)(၃)

ဆေးခွင့် ။ လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် တစ်နှစ်လျှင် ဆေးခွင့်ရက်ပေါင်း (၃၀) ခံစားခွင့်ရှိသည်။ သို့ရာတွင် အနည်းဆုံး လုပ်သက် (၆) လပြည့်အောင် မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ်ခွင့်ကို လစာမရှိခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။ လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင် အာမခံအလုပ်သမားဖြစ်ပါက ယင်းဥပဒေပါ ခံစားခွင့်အတိုင်း ခံစားခွင့်ရှိသည်။