၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၁၂

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၂ (က) (ခ) (ဂ) (ဃ)

ကလေး၊ လူရွယ်၊ လူငယ် နှင့် လူကြီး တို့အား အဓိပ္ပါယ်ဖွင့်ဆိုခြင်း

"ကလေး" ဆိုသည်မှာ အလုပ်လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ဆရာဝန်ကခွင့်ပြုသည့် အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီး အသက်တစ်ဆယ်ခြောက်နှစ် မပြည့်သေးသူကို ဆိုလိုသည်။

"လူရွယ်" ဆိုသည်မှာ အသက်တစ်ဆယ့်ခြောက်နှစ်ပြည့်ပြီး အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသူကို ဆိုလိုသည်။

"လူငယ်" ဆိုသည်မှာ "ကလေး" နှင့် "လူရွယ်" ကို ဆိုလိုသည်။

"လူကြီး" ဆိုသည်မှာ အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူကို ဆိုလိုသည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ()

လုပ်ငန်းစတင်လျှင် အကြောင်းကြားရခြင်း

လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံအဖြစ် မည်သည့်အဆောက်အဦး၌မဆို၊ စတင်၍ လုပ်ငန်းလုပ်ခြင်း သို့တည်းမဟုတ် အဆောက်အဦးကို အသုံးပြုခြင်း မပြုမီ အနည်းဆုံးဆယ့်ငါးရက်ကြိုတင်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ အောက်ပါအချက်များနှင့် စပ်လျဥ်း၍ နို့တစ်စာပေးပို့ရမည်။

(က) အလုပ်ရုံ၏ အမည်နှင့် တည်ရာအရပ်
(ခ) လုပ်ငန်းပိုင်ရှင်၏ အမည်နှင့် နေရပ်
(ဂ) အလုပ်ရုံနှင့်စပ်လျဥ်းသည့် အကြောင်းကြားစာများ ပေးပို့ရမည့် နေရပ်အပြည့်အစုံ "ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ်၊ အီးမေးလ်လိပ်စာ"
(ဃ) ပြုလုပ်မှုလုပ်ငန်းစဥ်အမျိုးအစား ...
(င) လုပ်ငန်းအမျိုးအစား၊ အသုံးပြုရမည့် လျှပ်စစ်ဝန်အားနှင့် စက်စွမ်းအား။
(စ) ဤအက်ဥပဒေအလို့ငှာ အလုပ်ရုံမန်နေဂျာဖြစ်သူ၏ အမည်။
(ဆ) အလုပ်ရုံတွင် ခိုင်းစေဘွယ်ရာရှိသည့် အလုပ်သမားအရေအတွက်
(ဇ) ဤအက်ဥပဒေအာဏာတည်သည့်နေ့တွင် ရှိနေပြီးဖြစ်သော အလုပ်ရုံများနှင့်စပ်လျဥ်း၍ လွန်ခဲ့သည့် ဆယ့်နှစ်လအတွင်း ပျမ်းမျှခြင်းအားဖြင့် တစ်နေ့လျှင် ခိုင်းစေသည့် အလုပ်သမားအရေအတွက်။
(ဈ) ပြဌာန်းသည့် အခြားအကြောင်းအရာများ။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၈ () (၅)

မန်နေဂျာအသစ်ခန့်ထားသည့်အခါတိုင်း အကြောင်းကြားရခြင်း

မန်နေဂျာအသစ်ခန့်ထားသည့်အခါတိုင်း လုပ်ငန်းပိုင်ရှင်သည် မန်နေဂျာအသစ် အလုပ်ဝတ္တရားစတင်ဆောင်ရွက်သည့်နေ့မှ ခုနှစ်ရက်အတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ နို့တစ်စာပေးပို့ရမည်။

မည်သူ့ကိုမျှ အလုပ်ရုံမန်နေဂျာအဖြစ် ခန့်ထားခြင်းမရှိသေးသော ကာလအပိုင်းအခြားအတွင်းသော်လည်းကောင်း၊ မန်နေဂျာအနေဖြင့် ခန့်ထားခြင်းခံရသူသည် အလုပ်ရုံကို အုပ်ချုပ်ခြင်းမပြုသည့်ကာအပိုင်းအခြားအတွင်းသော်လည်းကောင်း၊ မန်နေဂျာအဖြစ် ခေတ္တလုပ်နေသူ သို့တည်းမဟုတ် ယင်းသို့ လုပ်သူမရှိလျှင် လုပ်ငန်းပိုင်ရှင် ကိုယ်တိုင်ပင် ဤအက်ဥပဒေအလို့ငှာ ထိုအလုပ်ရုံ၏ မန်နေဂျာအနေဖြင့် ဖြစ်သည်ဟူ၍ မှတ်ယူရမည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၈ () ()

အလုပ်ရုံကို ခေတ္တ သို့မဟုတ် အချိန်အကန့်အသတ်မရှိ ပိတ်သိမ်းခြင်းအတွက် အကြောင်းကြားရခြင်း

ဥပဒေအရ ပိတ်ရသည့်အခါမှတပါး အလုပ်ရုံတစ်ခုကို ခေတ္တ၊ သို့တည်းမဟုတ် အချိန်အကန့်အသတ်မရှိဘဲ၊ ပိတ်ထားရန် လိုအပ်သည့်အခါတွင် လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံမပိတ်မီ အနည်းဆုံး တစ်လကြိုတင်၍ အကြောင်းပြချက်များပါရှိသော နို့တစ်စာကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်းကြားရေးမှူးချုပ်ထံ ပေးပို့ရမည်။ အကြောင်းတစ်ခုခုကြောင့် နို့တစ်စာကို တစ်လကြိုတင်၍ မပေးပို့နိုင်လျှင်၊ အလုပ်ရုံကို မပိတ်မီ ဆောလျင်နိုင်သမျှဆောလျင်စွာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ကြိုတင်ကြောင်းကြားရမည်။ သို့ရာတွင် မမြှော်လင့်ဘဲ ရုတ်တရက် အခြေဖြစ်ပေါ်လာသော အကြောင်းကြောင့်ဖြစ်စေ၊ စက်ကိရိယာများ ချို့ယွင်းပျက်စီးသောကြောင့်ဖြစ်စေ၊ အလုပ်ရုံကိုပိတ်ရလျှင် ယင်းသို့ ပိတ်သည်အချိန်မှ လေးဆယ့်ရှစ်နာရီအတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား အကြောင်းကြားရမည်။

ပုဒ်မခွဲ(၆)တွင် ရည်ညွှန်းသည့် လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ကို ပြန်လည်မလုပ်မီ ဆယ့်ငါးရက်အတွင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ယင်းသို့ ပြန်လည်လုပ်မည်ဖြစ်ကြောင်းကို နို့တစ်စာပေးပို့ရမည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၄၀

(၁) အလုပ်ရုံတိုင်းတွင် အကယ်၍ မီးလောင်လျှင် လွတ်မြောက်ရန် နည်းလမ်းများကို ပြဌာန်းသည့်အတိုင်း စီမံထားရှိရမည်။ ဤကဲ့သို့ စီမံထားခြင်း မရှိဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင်၊ စစ်ဆေးရေးအရာရှိသည် အလုပ်ရုံ မန်နေဂျာထံသို့ အမိန်စာချအပ်၍ ထိုအမိန့်စာတွင် အလုပ်ရုံကို ဤပုဒ်မနှင့် လည်းကောင်း၊ ဤပုဒ်မအရ ပြုသည့်နည်းဥပဒေများပါ ပြဌာန်းချက်များနှင့် လည်းကောင်း၊ ညီညွတ်စွာ ဆောင်ရွက်သင့်သည်ဟု မိမိထင်မြင်သော စီမံချက် များဖော်ပြ၍ အမိန့်စာတွင် ဖော်ပြသည့် နေ့ရက်မတိုင်မီ ထိုစီမံချက်များ ဖော်ပြ၍ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။

(၂) အလုပ်ရုံတိုင်းတွင် အခန်းတစ်ခုခုမှ ထွက်နိုင်သည့် တံခါးများကို အခန်းတွင်း၌ လူတစ်ဦးတစ်ယောက်ရှိနေစဉ် အတွင်းမှ ရုတ်တရက် အလွယ်တကူမဖွင့်နိုင် အောင် သော့ခတ်ထားခြင်း သို့မဟုတ် ပိတ်ထားခြင်းမပြုရ။ ထိုတံခါးများသည် အံထိုးတံခါးမျိုး မဟုတ်လျှင် အပြင်ဖွင့်တံခါးများ ဖြစ်ရမည်။

(၃) အလုပ်ရုံတိုင်းတွင် သာမန်အသုံးပြုသည့် ထွက်ပေါက်များမှ လွဲ၍ မီးလောင်လျှင် ထွက်နိုင်သည့် ပြူတင်းပေါက်၊ တံခါး သို့တည်းမဟုတ် အခြားထွက်ပေါက် အသီးသီးတွင် အလုပ်သမားများနားလည်သည့် စာဖြင့်ထင်ရှားစွာ ရေးထားသော အနီရောင်စာလုံးများနှင့် ဖြစ်စေ၊ အခြား ကောင်းစွာသိသာနိုင်သည့် အမှတ်အသား နှင့်ဖြစ်စေ ထင်ရှားစွာ မှတ်သားထားရမည်။

(၄) မီးလောင်လျှင်၊ အလုပ်ရုံတွင် ခိုင်းစေခံရသူတိုင်း ကောင်းစွာကြားသိနိုင်အောင် အချက်ပေး ကိရိယာများကို အလုပ်ရုံတိုင်းတွင် တပ်ဆင်ထားရမည်။

(၅) မီးလောင်လျှင် ထွက်ပေါက်များသို့ အလွယ်တကူ သွားနိုင်သည့် လမ်းကို အလုပ်ရုံအခန်း အသီးသီးရှိ အလုပ်သမားအားလုံး အသုံးပြုနိုင်ရန် ရှင်းလင်းထားရှိရမည်။

(၆) (က) အောက်ဆုံးထပ်၏ မည်သည့်နေရာတွင် မဆို၊ အလုပ်သမား နှစ်ဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံအသီးသီး၌ ဖြစ်စေ။

(ခ) ပေါက်ကွဲစေတက်သည့်၊ သို့တည်းမဟုတ် မီးအလွန်တောက်လောင် စေတက်သည့် ပစ္စည်းသို့လှောင်ထားသော သို့တည်းမဟုတ် အသုံးပြုသော အလုပ်ရုံအသီးသီးတွင် ဖြစ်စေ၊

မီးလောင်လျှင် အသုံးပြုနိုင်သည့် ထွက်ပေါက်များကို အလုပ်သမားအားလုံး သိနေစေရန်လည်းကောင်း၊ မီးလောင်လျှင် ထိုသူတို့ မီးဘေးမှ လွတ်မြောက်အောင် လိုက်နာရမည့် နည်းလမ်းကို ကောင်းစွာသင်ကြားပေးရန်လည်းကောင်း ထိရောက်စွာ စီမံဆောင်ရွက်ရမည်။

(၇) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ အလုပ်ရုံ တစ်ခုခုနှင့် ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုနှင့် ဖြစ်စေ၊ စပ်လျဉ်း၍ မီလောင်လျှင် အသုံးပြုရန် စီမံထားရှိရမည့် ထွက်ပေါက်များနှင့်တကွ မီးသတ်ကိရိယာ အမျိုးအစားနှင့် အရေအတွက်ကို ညွှန်းကြားချက်များ ထုတ်ပြန် နိုင်သည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၄၃-က

အလုပ်ရုံများတွင် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုများကို လျော့နည်း ပပျောက်စေရန် အလို့၍ငှာ လုပ်ငန်း ပိုင်ရှင်သည် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး တာဝန်ခံ၊ ကြီးကြပ်သူများနှင့် အလုပ်သမာများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများကို လိုအပ်သလို တက်ရောက်စေရမည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၄၇(၁)

အလုပ်ရုံတိုင်းတွင် ပြဌာန်းထားသည့် ပစ္စည်းများ ထည့်ထားသော သူနာပြုဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရိုတစ်လုံးကို အလုပ်ချိန်အတွင်း အလွယ်တကူ အသုံးပြုနိုင်ရန် စစ်ဆေးရေးအရာရှိက ညွှန်ကြားသည့် သင့်လျော်သောနေရာတွင် အလုပ်ရုံမန်နေဂျာက အသင့်စီမံထားရှိရမည်။ အလုပ်သမား တစ်ရာ့ငါးဆယ်ထက်ပို၍ခိုင်းစေလျှင်၊ နောက်ထပ် အလုပ်သမားတစ်ရာအတွက် သို့တည်းမဟုတ် ထိုထက်နည်းသော နောက်ထပ် အလုပ်သမားများအတွက် နောက်တပ် ဆေးသေတ္တာ သို့တည်းမဟုတ် ဆေးဘီရိုတစ်လုံး ထားရှိရမည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၄၇(၃)

အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် ပြဌာန်းထားသည့် ပစ္စည်းများနှင့်တကွ ပြဌာန်းသည့် အကျယ်အဝန်းရှိသော သူနာပြုခန်း သို့တည်းမဟုတ် ဆေးပေးရုံတစ်ခုထားရှိရမည်။ ထိုဆေးခန်းကို ပြဌာန်းထားသည့် ဆရာဝန်နှင့် သူနာပြုဆရာများက ကြီးကြပ်စီမံရမည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၅၉

ရက်သတ္တပတ် အလုပ်ချိန်နာရီများ

အလုပ်ရုံတွင် မည်သည့်လူကြီး အလုပ်သမားကိုမျှ ရက်သတ္တပတ်တပတ်လျှင်၊ လေးဆယ့်လေးနာရီထက်ပို၍ မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

သို့ရာတွင်အလုပ်ရုံ၌ အလုပ်လုပ်နည်းနှင့်စပ်လျှဥ်းသည့် အကြောင်းထူးများကြောင့်၊ တစ်ရက်ပတ်လုံး အဆက်မပြတ်လုပ်ရမည့်အလုပ်တွင် လုပ်သည့်လူကြီးအလုပ်သမားသည်၊ ရက်သတ္တပတ်တွင် လေးဆယ့်ရှစ်နာရီမျှ အလုပ်လုပ်နိုင်သည်။

၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၆၀ (၁) (က) (ခ) (ကက) (ခခ)

ရက်သတ္တပတ် အလုပ်ပိတ်ရက်များ

မည်သည့်လူကြီးအလုပ်သမားကိုမျှ အောက်ပါအချက်များနှင့် မညီညွတ်လျှင်၊ တနင်္ဂနွေနေ့၌ အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ-

(က) ထိုအလုပ်သမားသည် တနင်္ဂနွေနေ့မတိုင်မီ သုံးရက်အနက်၊ တစ်ရက်ရက်တွင် အလုပ်ပိတ်ရက် တစ်ရက်လုံးရပြီး ဖြစ်စေရမည်။ သို့တည်းမဟုတ် ထိုတနင်္ဂနွေနေ့ နောက်သုံးရက်အနက် တစ်ရက်ရက်တွင် အလုပ်ပိတ်ရက် တစ်ရက်လုံးရမည် ဖြစ်စေရမည်၊ ထို့ပြင်

(ခ) အလုပ်ရုံမန်နေဂျာသည် ထိုတနင်္ဂနွေနေ့၊ သို့တည်းမဟုတ် အပိုဒ် (က)အရ ထိုနေ့အဘို့  အစားသွင်းသည့်နေ့၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့မတိုင်မီ-

(ကက) ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၌ လုပ်ငန်းလိုအပ်ချက်အရ အလုပ်လုပ်စေရန် လိုအပ်ပါက အလုပ်သမား၏ သဘောတူညီချက်ဖြင့် လုပ်ငန်းပိုင်ရှင် သို့မဟုတ် မန်နေဂျာသည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သို့မဟုတ် ယင်းဦးစီးဌာနက လွှဲအပ်ထားသည့် စစ်ဆေး‌ရေးအရာရှိထံသို့ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အနည်းဆုံး သုံးရက်ကြိုတင်၍ တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ လုပ်ကိုင်စေရမည်။ ထို့ပြင်

(ခခ) အနည်းဆုံး နှစ်ဆယ့်လေးနာရီ ကြိုတင်၍ ယင်းသို့ကြံရွယ်ကြောင်း နို့တစ်စာကို အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားပြီး ဖြစ်ရမည့်ပြင်၊ ထိုနေ့များအနက် နောက်ကျသည့်နေ့ ကုန်ဆုံးသည်အထိ ကပ်ထားရမည်။

သို့ရာတွင် အလုပ်သမားတစ်ဦးဦးအား၊ အလုပ်ပိတ်ရက် တစ်ရက်လုံး  မရစေဘဲ၊ အဆက်မပြတ် ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကို ဖြစ်စေမည်၊ မည်သည့်ရက် အစားသွင်းခြင်းကိုမျှ မပြုရ။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၆

နေ့စဥ်အလုပ်ချိန်နာရီများ

ပုဒ်မ၅၉ပါ ပြဌားန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မည်သည့်လူကြီး အလုပ်သမားကိုမျှ အလုပ်ရုံ၌ မည်သည့်ရက်တွင်မဆို အလုပ်ချိန်နာရီပေါင်း ရှစ်နာရီထက်ပို၍ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၆

အားလပ်ချိန်များ

အလုပ်ရုံရှိ လူကြီးအလုပ်သမားများ၏ ရက်အသီးသီးတွင် အလုပ်လုပ်သည့် ကာလအပိုင်းအခြားများကို သတ်မှတ်ရာ၌ မည်သည့်ကာလ အပိုင်းအခြားမျှ ငါးနာရီထက်မပိုစေရ။ ထို့ပြင် မည်သည့်အလုပ်သမားကိုမျှ အနည်းဆုံး နာရီဝက်နားစေရန် အားလပ်ချိန် မရသေးမီ ငါးနာရီထက်ပို၍ တဆက်တည်း အလုပ်မလုပ်စေရ။

ရှင်းလင်းချက် ။ အနည်းဆုံးနာရီဝက် အားလပ်ချိန်ဖြင့် ခြားမနေသော အလုပ်ကာလ အပိုင်းအခြားကို တဆက်တည်းလုပ်ရ‌သော  အလုပ်ကာလ အပိုင်းအခြားဟူ၍  ယူဆရမည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၆

နေ့စဥ် အလုပ်ချိန်အစအဆုံး ကန့်သတ်ချက်

အလုပ်ရုံတွင်၊ လူကြီးအလုပ်သမား အလုပ်လုပ်သည့် ကာလအပိုင်းအခြားများနှင့် ပုဒ်မ ၆၃အရ ထိုသူရရှိသည့် အားလပ်ချိန်များသည် နာရီပေါင်း ဆယ်နာရီထက်ပို၍ မကြာရအောင် စီမံထားရမည်။ သို့ရာတွင် အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယေဘုယျအားဖြင့်ဖြစ်စေ၊ သီးခြားဖြစ်သော အလုပ်ရုံတွင်ဖြစ်စေ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြဌာန်းသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ထိုနာရီပေါင်းထက်ပို၍ စီမံထားနိုင်သည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၆၇ (၁)

လူကြီးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားများဆိုင်ရာ နို့တစ်စာ

လူကြီးများအလုပ်လုပ်ရန် ကာလအပိုင်းအခြားများဆိုင်ရာ နို့တစ်စာကို၊ သို့တည်းမဟုတ် နို့တစ်စာများကို နေ့စဥ် မည်သည့်ကာလအပိုင်းအခြားတွင် လူကြီးအလုပ်သမားများအား အလုပ်လုပ်စေမည့်အကြောင်း နေ့တိုင်းအတွက် ရှင်းလင်းစွာ ဖော်ပြလျက် ၊ ပုဒ်မ၉၉ရှိ ပုဒ်မခွဲ (၂)ပါ ပြဌာန်းချက်များနှင့်အညီ အလုပ်ရုံ အသီးသီးတွင် မြင်သာအောင် ကပ်ထားရမည့်ပြင်၊ မှန်ကန်စွာလည်း ထားရှိရမည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၇၃ (၁)

အချိန်ပိုလုပ်ရသည့်အတွက် အခပို

အလုပ်သမား တစ်ဦးတစ်ယောက်သည်၊ အလုပ်ရုံတွင် ပုဒ်မ ၅၉ နှင့် ၆၂ တွင် သတ်မှတ်ထားသည့် အချိန်ထက်ပို၍ လုပ်ရလျှင်၊ ထိုသူသည် မိမိအချိန်ပို လုပ်ရသည့်အတွက်၊ မိမိသာမန်ရရှိသည့် အခနှုန်း၏နှစ်ဆ ရစေရမည့်ပြင်၊ ရှားပါးစရိတ်ရနေလျှင် ထိုအချိန်ပို လုပ်ရသည့်နေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရစေရမည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၇

ငယ်ရွယ်သောကလေးများ ခိုင်းစေခြင်းကို တားမြစ်ခြင်း

အသက်တစ်ဆယ့်လေးနှစ် မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ အလုပ်ရုံ တစ်ခုခုတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

၇၅-က။ မည်သည့်လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့် အခွင့်အရေးကို အနှောင့်အ့ယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့် အလုပ်ခိုင်းစေခြင်း မပြုရ။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၇၆ (က) (ခ)

အထိမ်းအမှတ်များကို လူကြီး အလုပ်သမားမဟုတ်သည့် အလုပ်သမားများက ဆောင်ထားရခြင်း

အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီးသည့် မည်သည့်ကလေးကိုမျှ သို့တည်းမဟုတ် မည်သည့်လူရွယ်ကိုမျှ-

 ပုဒ်မ ၇၇အရ၊ ထိုသူအား ရည်ညွှန်း၍ ထုတ်ပေးည့်၊ အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်ကို အလုပ်ရုံမန်နေဂျာက သိမ်းဆည်းမထားလျှင်၊ ထို့ပြင်

 ထိုသူသည် မိမိအလုပ်လုပ်နေစဥ်၊ ယင်းသို့သော အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ရည်ညွှန်းသည့် အထိမ်းအမှတ်ကို ဆောင်မထားလျှင်

အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။ 

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၇၇ (၃)(၈)

အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်

ပုဒ်မခွဲ(၂)အရ ထုတ်ပေးသည့်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးသည့် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်သည် ထုတ်ပေးသည့်နေ့မှစ၍ ဆယ့်နှစ်လအတွက်သာ အတည်ဖြစ်ရမည်။

ဤပုဒ်မအရ ထုတ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်အတွက် ပေးဆောင်ရမည့် အခငွေကိုဆိုင်ရာ လုပ်ငန်းပိုင်ရှင်က ပေးဆောင်ရမည်။ လူငယ်ထံမှဖြစ်စေ၊ သူ၏မိဘထံမှဖြစ်စေ၊ အုပ်ထိန်းသူထံမှဖြစ်စေ၊ မတောင်းဆိုရ။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၇၈ (၁) (၂) (၃)

လူရွယ်သို့ ထုတ်ပေးသည့် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်၏ အကျိုး

ပုဒ်မ ၇၇၊ ပုဒ်မခွဲ (၂)၊ အပိုဒ် (ခ)အရ အလုပ်ရုံတွင် လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရသည့်ပြင် အလုပ်ရုံတွင် အလုပ်လုပ်နေစဥ် ထိုအလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်ကို ရည်ညွှန်းသည့် အထိမ်းအမှတ်ကိုလည်း ဆောင်ထားသည့်လူရွယ်သည်၊ အခန်း ၇ ပါ ကိစ္စများအလို့ငှာ လူကြီးဖြစ်သည်ဟူ၍ မှတ်ယူရမည်။

ပုဒ်မ ၇၇၊ ပုဒ်မခွဲ (၂)၊ အပိုဒ် (ခ)အရ အလုပ်ရုံတွင် လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်မရသည့် လူရွယ်သည်၊ အသက်မည်မျှပင် ရှိစေကာမူ၊ ဤအက်ဥပေဒအလို့ငှါ ကလေးဖြစ်သည်ဟူ၍ မှတ်ယူရမည်။

အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် မရရှိသော မည်သည့်လူရွယ်ကိုမျှ အလုပ်ရုံ၌ ညနေခြောက်နာရီမှ နံနက်ခြောက်နာရီ အချိန်အတွင်း မခိုင်းစေရ သို့မဟုတ် အလုပ်လုပ်ခွင့်မပြုရ။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၇၉ (၁) (က) (ခ)

ကလေးများ အလုပ်လုပ်သည့်အချိန်

မည်သည့်ကလေးကိုမျှ အလုပ်ရုံ၌-

မည်သည့်ရက်တွင်မျှ ပေါင်းလေးနာရီထက်ပို၍ မခိုင်းစေရ၊ သို့တည့်မဟုတ် အလုပ်လုပ်ခွင့် မပြုရ။

ညနေ ခြောက်နာရီမှ နံနက်ခြောက်နာရီထိ အချိန်အတွင်း မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရ။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ - ၈၁ (၁) (က) (ခ) (ဂ) (ဃ) (င)

ကလေးအလုပ်သမား မှတ်ပုံစာအုပ်

ကလေးများကို ခိုင်းစေသည့် အလုပ်ရုံ မန်နေဂျာအသီးသီးသည်-

(က) ကလေးအလုပ်သမားအသီးသီး၏ အမည်နှင့် မိဘအမည်၊
(ခ) ထိုကလေး လုပ်သည့် အလုပ်အမျိုးအစား၊
(ဂ) ထိုကလေးပါဝင်သည့် လူစုရှိလျှင်၊ ထိုလူစု၊
(ဃ) ထိုကလေးပါဝင်သည့် လူစုသည် အလှည့်ကျ အလုပ်လုပ်လျှင်၊ ထိုကလေးအား မည်သည့်အလှည့်ကျ လူစုသို့ သတ်မှတ်ချထားကြောင်း၊
(င) ပုဒ်မ ၇၇ အရ ထုတ်ပေးသည့် ထိုကလေး၏ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်၏ အမှတ်စဥ် ထို့ပြင်
(စ) ပြဌာန်းထားသည့် အခြားအကြောင်းအရာများကို ဖော်ပြသည့် ကလေးအလုပ်သမားမှတ်ပုံစာအုပ်ကို ထားရှိရမည့်အပြင်၊ ထိုမှတ်ပုံစာအုပ်ကို အလုပ်ချိန်အတွင်း စစ်ဆေးရေးအရာရှိက အချိန်မရွေး ကြည့်ရှုနိုင်ရန် ထားရှိရမည်။