အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

အမိန့်ကြော်ငြာစာအမှတ် ၁၄၀/၂၀၁၇၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁

အလုပ်အကိုင်အမျိုးအစား

(က) လုပ်ငန်းအမျိုးအမည် .....
(ခ) လုပ်ငန်းတည်နေရာ .....
(ဂ) ရာထူး၊ အဆင့် .....
(ဃ) ဌာန .....
(င) တာဝန်အကျဥ်းချုပ် .....

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ်

အစမ်းခန့်ကာလ (သို့မဟုတ်) အလုပ်စတင်ဝင်ရောက်သည့်ရက်စွဲ

(က) စတင်ခန့်အပ်သည့် .................. ရက်နေ့မှစ၍ (၃) လပြည့်သည့်နေ့ ...................... ရက်နေ့ အထိ အစမ်းခန့်ကာလဖြစ်သည်။
(ခ) အလုပ်စတင်ဝင်ရောက်သည့် နေ့ရက် .................. ခုနှစ်၊ .................... လ၊ ................ ရက်ဖြစ်သည်။
မှတ်ချက် ။ ။ အလုပ်ရှင်မှ အစမ်းခန့်ကာလ မလိုအပ်ဟု ယူဆပါက အတည်ပြု (အမြဲတမ်း) ဝန်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်နိုင်သည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ်

လုပ်ခ၊ လစာ

(က) နေ့စား (ကျပ်/နိုင်ငံခြားငွေ) .....
(ခ) ပုတ်ပြတ် (ကျပ်/နိုင်ငံခြားငွေ) .....
(ဂ) လစား (ကျပ်/နိုင်ငံခြားငွေ) .....
(ဃ) လုပ်လစာကို အလုပ်ရှင်နှင့် အလုပ်သမား ကနဦးသဘောတူသတ်မှတ်ထားသည့် လစာနှင့်အညီ ပေးချေသတ်မှတ်နိုင်သည်။ ယင်းအပြင် အလုပ်သမား၏ လုပ်ရည်ကိုင်ရည်ပေါ်တွင် အခါအားလျော်စွာ အလုပ်ရှင်နှင့် အလုပ်သမားတို့မှ နှစ်ဦးသဘော ပြောင်းလဲသတ်မှတ်နိုင်သည်။ (ထိုသို့ သတ်မှတ်ရာတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်များနှင့် မဆန့်ကျင်စေရ။)
(င) လုပ်ခ၊ လစာ ပေးရေးနှင့် ပတ်သက်၍ တည်ဆဲအလုပ်သမား ဥပဒေများနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမားတို့က လိုက်နာလုပ်ဆောင်ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ်

အလုပ်အကိုင်တည်နေရာ

မြန်မာနိုင်ငံ .................. တိုင်းဒေသကြီး/ပြည်နယ်၊ ................... မြို့နယ်၊ ................ (ရပ်ကွက်/ကျေးရွာ/စက်မှုဇုန်)၊ ................. လမ်း၊ အမှတ် (         )။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ်

စာချုပ်သက်တမ်း

(က) ဤသဘောတူစာချုပ်သက်တမ်းမှာ (   -   -   ) ရက်နေ့မှ (   -   -   ) ရက်နေ့အထိ (     ) နှစ်၊ (     ) လ၊ (     ) ရက် ဖြစ်သည်။
(ခ) အလုပ်သမားများဘက်မှ စာချုပ်ပါအချက်များကို ဖောက်ဖျက်ခြင်းမရှိပါက ဤသဘောတူစာချုပ် သက်တမ်းကာလတိုးပေးနိုင်သည်။ သို့ရာတွင် အလုပ်ရှင်သည် သက်တမ်းကာတိုးပေးခြင်းကို အကြောင်းမဲ့ငြင်းပယ်ခြင်းမပြုရ။

(ဂ) အမြဲတမ်းဝန်ထမ်း သို့မဟုတ် အမြဲတမ်းအလုပ်သမားအဖြစ် ခန့်အပ်ထားပြီးပါက စာချုပ်သက်တမ်းကို အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်း၍ သတ်မှတ်ကာလထက်တိုး၍ ‌‌ ဆောင်ရွက်နိုင်သည်။

(ဃ) အလုပ်သမား၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းတွင် အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ တစ်ဆက်တည်းဖြစ်သော လုပ်သက်များကို အလုပ်ရှင်မှ ရေတွက်ပေးရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ်

အလုပ်ချိန်

ပုံမှန်အလုပ်ချိန်ကို အောက်ပါအတိုင်း သတ်မှတ်ပါသည်-

(က) အလုပ်ချိန် _________________ နာရီတိတိမှ __________________ နာရီတိတိအထိ

(ခ) အားလပ်ချိန် ________________ နာရီတိတိမှ __________________ နာရီတိတိအထိ

(ဂ) ထမင်းစားချိန် _______________ နာရီတိတိမှ __________________ နာရီတိတိအထိ

(လုပ်ငန်းသဘာဝအရ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ ဥပဒေနှင့် အညီ သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက်ရယူပြီး ပြောင်းလဲလုပ်ကိုင်နိုင်သည်။)

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၇(က)၊(ခ)

နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်

(က) နားရက်။ ရက်သတ္တပတ်တစ်ပတ်လျှင် သာမန်အားဖြင့် တနင်္ဂနွေနေ့ကို နားရက်အဖြစ်လည်းကောင်း၊ လုပ်ငန်းသဘောသဘာဝနှင့် နေရာဒေသ၏ ဓလေ့ထုံးစံအရ တစ်ပတ်လျှင်အလုပ်နားရက်တစ်ရက်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့၏ သဘောတူညီချက်ဖြင့်လည်းကောင်း သတ်မှတ်နိုင်သည်။ နားရက်တွင်တည်ဆဲ အလုပ်သမား ဥပ‌ဒေများနှင့် အညီ လုပ်ခလစာခံစားခွင့်ရှိသည်။

(ခ) အလုပ်ပိတ်ရက်

(၁) ပြည်ထောင်စုအစိုးရက နှစ်စဉ်အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသော အများပြည်သူ အလုပ်ပိတ်ရက်များတွင် လုပ်ခလစာအပြည့်ဖြင့် အနားပေးရမည်။

(၂) အကယ်၍ အများပြည်သူအလုပ်ပိတ်ရက်နှင့် ရက်သတ္တပတ် အလုပ်ပိတ်ရက်တိုက်ဆိုင်နေပါက အများပြည်သူအလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၇(ဂ)

ခွင့်ရက်များ

အလုပ်သမားက ဥပဒေနှင့်အညီ ခွင့်တိုင်ကြားလျှင် အောက်ပါအတိုင်းခွင့်ခံစား ခွင့်ရှိသည်-

(၁) ရှောင်တခင်ခွင့်
အလုပ်စတင်ဝင်ရောက်သည့်နေ့ရက်မှ ၁၂လ အတွင်းရှောင်တခင်ခွင့် ၆ ရက်ကို လုပ်ခလစာအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သက်ဆိုင်ရာနှစ်အတွင်း ခွင့်မယူလျှင် ထိုခွင့်ပျက်ပြယ်သည်။ တစ်ကြိမ်လျှင် ၃ ရက်ထက်ပို၍ ခွင့်ခံစားခွင့် မရှိပါ။ အခြားမည်သည့်ခွင့်နှင့်မျှ ပေါင်းစပ်ခံစားခွင့်မရှိပါ။

(၂) လုပ်သက်ခွင့်
လုပ်သက် ၁၂ လ တစ်ဆက်တည်းပြည့်ပြီး လစဉ် အနည်းဆုံးအလုပ်ဆင်းရက် ၂၀ ရက်ရှိပါက အခြေခံလုပ်ခလစာ သို့မဟုတ် မည်သည့် စရိတ်မျှမပါသည့် အခြေခံနေ့တွက်နှုန်းဖြင့် တစ်နှစ်လျှင် တစ်ဆက်ရက် တဆက်တည်းခံစားခွင့်ရှိသည်။ သို့ရာတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်ဖြင့် လုပ်သက်ခွင့်တစ်ဆယ်ရက်ကိုခွဲ၍ ခံစားခွင့်ပြုနိုင်သည်။ ၂၀ ရက်ပြည့်မလုပ်ခဲ့သော လတိုင်းအတွက် မိမိလုပ်သက်ခွင့်ရက်မှ တစ်ရက်ကျစီ အဖြတ်ခံရမည်။

(၃) ဆေးခွင့်
လုပ်သက်(၆)လပြည့်ပြီးသူသည် အခြေခံလစာဖြင့် တစ်နှစ်လျှင်ဆေးခွင့်ရက်ပေါင်း (၃၀) ခံစားခွင့်ရှိသည်။ သို့ရာတွင် အနည်းဆုံး လုပ်သက်(၆)လပြည့်အောင် မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ်ခွင့်ကို လစာမရှိခွင့်ရက်ဖြင့် ခံစားခွင့်ရှိသည်။ လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင်အာမခံ အလုပ်သမားဖြစ်ပါက ယင်းဥပဒေပါခံစားခွင့်အတိုင်း ခံစားခွင့်ရှိသည်။

(၄) မီးဖွားခွင့်
လုပ်သက် (၆)လပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ်ခံစားခွင့်ရှိသည်။

(၅) အလုပ်သမား၏ မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံး အခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ရှိသည်။ အလုပ်သမား၏ ဥပဒေပါခွင့်ခံစားမှု ကုန်ဆုံးချိန်တွင် လစာမဲ့ခွင့်အနေဖြင့် ညှိနှိုင်းခံစားခွင့်ရှိသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ်

အချိန်ပိုလုပ်ကိုင်ခြင်း

လုပ်ငန်းသဘောသဘာဝများ အပေါ်မူတည်၍  အလုပ်ရှင်နှင့် အလုပ်သမားသဘောတူညီချက်ဖြင့် ဥပဒေသတ်မှတ်ချက်များနှင့်အညီ အချိန်ပိုလုပ်ကိုင်နိင်သည်။ အချိန်ပိုလုပ်ခကို သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားသည့် ပုံသေနည်းအတိုင်း တွက်ချက်ပေးရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ်

အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ်

ရှိ/မရှိ (ရှိလျှင်ဖော်ပြလိုပါက သီးခြားဖော်ပြနိင်သည်။)

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၀

နေရာထိုင်ခင်း

ရှိ/မရှိ (ရှိလျှင်ဖော်ပြလိုပါက သီးခြားဖော်ပြနိင်သည်။)

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁

ဆေးဝါးကုသခြင်း

(က) ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမဝင်သော အလုပ်သမားများအား အောက်ပါတို့အတွက် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် ဆေးဝါးကုသရန်စီစဉ်ပေးရမည်-

(၁) လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု၊

(၂) လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှု၊

(၃) လုပ်ငန်းခွင်အတွင်း ဖျားနာမှု။

(ခ) ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျုံးဝင်သော အလုပ်သမားများအတွက် သက်ဆိုင်ရာ ဥပဒေနှင့် အညီ ဆေးဝါးကုသခွင့်ရှိသည်။

(ဂ) ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမဝင်သော အလုပ်သမားများအတွက် အလုပ်ကို အကြောင်းပြု၍ ထိခိုက်ဒဏ်ရာရမှုများအတွက် သက်ဆိုင်ရာအလုပ်သမားလျော်ကြေးဥပဒေနှင့် အညီဆောင်ရွက်ပေးရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁

အလုပ်ခွင်သို့ ကြို၊ ပို့ယာဉ် စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း

ရှိ/မရှိ (ရှိလျှင် ဖော်ပြလိုပါက သီးခြားဖော်ပြနိုင်သည်။)

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၃

အလုပ်သမားများလိုက်နာရမည့်စည်းကမ်းချက်များ

အလုပ်သမားများ လိုက်နာရမည့်စည်းကမ်းများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားသတ်မှတ်၍ အရေးယူမှုအဆင့်ဆင့် အပါအဝင် နောက်ဆက်တွဲများအဖြစ် ဤစာချုပ်တွင် ထည့်သွင်းချုပ်ဆိုသည်-

(က) နောက်ဆက်တွဲ (က) သာမန်ပြစ်မှုများနှင့် အရေးယူမှု

(ခ) နောက်ဆက်တွဲ (ခ) ကြီးလေးသောပြစ်မှုများနှင့် အရေးယူမှု

မှတ်ချက်။
စက်မှုဇုန်တွင် ထုတ်ပြန်ထားသော ကျင့်ဝတ်များကို နမူနာ ယူနိုင်ပြီး လုပ်ငန်းသဘောသဘာဝနှင့် ကိုက်ညီစွာ သတ်မှတ်နိုင်သည်။ လုပ်ငန်းခွင်စည်းကမ်းများကို အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် ညှိနှိုင်း၍ သတ်မှတ်နိုင်သည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁

အလုပ်ရှင်စေလွှတ်သည့် သင်တန်းသို့ တက်ရောက်ပါက ယင်းသင်တန်းတက်ရောက်ပြီးနောက် ဆက်လက် တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလကန့်သတ်ချက်(သင်တန်း)

(က) သင်တန်းကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ နှစ်ဦးသဘောတူညှိနှိုင်း ဆောင်ရွက်နိုင်သည်။

(ခ) လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတက်ရောက်ခြင်းနှင့် စပ်လျဉ်း၍ သဘောတူစာချုပ်ကို ဥပဒေနှင့်အညီ သီခြားချုပ်ဆိုရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၅(က)

အလုပ်မှနှုတ်ထွက်ခြင်း

(၁) အတည်ပြုခန့်ထားသော အလုပ်သမားသည် အလုပ်တာ၀န် မှ နှုတ်ထွက်လိုပါက အကြောင်းကြားစာကို သက်ဆိုရာ လုပ်ငန်းခွဲတာဝန်ခံမှတစ်ဆင့် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် စီမံအုပ်ချုပ်သူထံသို့ အနည်းဆုံး တစ်လကြိုတင်၍ အကြောင်းကြားရမည်။

(၂) အလုပ်မှ တရားဝင်နှုတ်ထွက်ခွင့်ပြုရာတွင် အလုပ်သမားသည် မိမိအား ထုတ်ပေးထားသည့်လစာကတ်၊ ဝန်းထမ်းကတ်၊ လုပ်ငန်းသုံးပစ္စည်းနှင့် ကိရိယာ များကို ပြန်လည်ပေးအပ်ရမည့်အပြင် မိမိတာဝန်ယူထားသည့် စာရင်းများ၊ ငွေကြေးများ၊ ပစ္စည်းများကို အလုပ်ရှင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ရမည်။

(၃) အလုပ်သမားသည် အလုပ်မှ နှုတ်ထွက်လိုပါကတစ်လကြိုတင်၍ အကြောင်းကြားရမည်ဖြစ်ပြီး အလုပ်ရှင်မှအလုပ်ရပ်စဲမှု နစ်နာကြေးပေးရန်မလိုဘဲ ရရန်ရှိသည့် အမှန်တကယ် အလုပ်လုပ်ခဲ့သည့်ရက်များအတွက် လုပ်ခကျန်ငွေနှင့် လုပ်သက်ခွင့်ကို ခံစားခွင့်ပေးပြီး နှုတ်ထွက်ခွင့်ပြုရမည်။

(၄) အထက်အပိုဒ်ခွဲငယ် (၃)ပါ အတိုင်း အလုပ်မှ နှုတ်ထွက်ခွင့်ပြုရာတွင် အလုပ်ရှင်၏ကုန်ကျစရိတ်ဖြင့် သင်တန်းတက်ရောက်ထားသည့် အလုပ်သမားများအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အတိုင်းဆောင်ရွက်ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၅(ခ)

အလုပ်မှ ရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း

(၁) အလုပ်ရှင်သည် အလုပ်သမားအား အလုပ်ရပ်စဲသည့်အခါ ခိုင်လုံသော အကြောင်းပြချက်ဖြင့် မှတ်တမ်းမှတ်ရာများဆောင်ရွက်ထားရှိပြီး ရုံးအမိန့်စာဖြင့် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားတာဝန်ရှိသူက လက်မှတ်ရေးထိုး၍ အလုပ်သမားအား ပေးပြီးမှ အလုပ်မှရပ်စဲရမည်။ အလုပ်သမားအား အလုပ်မှရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း ကိစ္စရပ်များအားလုံးသည် အလုပ်ရှင်တွင်သာ တာဝန်ရှိသည်။

(၂) သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် အလုပ်သမားများအား သာမန်ပြစ်မှုများအတွက် ပထမအကြိမ်စာဖြင့် သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့် သတိပေးခြင်း၊ တတိယအကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းစသည့် သတိပေးခြင်းသုံးကြိမ်ပြုလုပ်ပြီးနောက် ၁၂လအတွင်း အလုပ်သမားသည် သာမန်ပြစ်မှုကို ထပ်မံကျူးလွန်ခဲ့လျှင် အလုပ်ရှင်သည် နစ်နာကြေးပေးရန်မလိုဘဲ အလုပ်မှရပ်စဲနိုင်သည်။ သာမန်ပြစ်မှုတစ်ခုကျူးလွန်ပြီးပါက ၁၂လ အတွင်း နောက်ထပ်ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိလျှင်ဖြစ်စေ၊ တတိယအကြိမ် ကျူးလွန်ခဲ့ပြီနောက် ၁၂ လ အတွင်း ထပ်ခံကျူးလွန်ခဲ့ခြင်းမရှိလျှင်ဖြစ်စေ ထိုကျူးလွန်ခဲ့သော ပြစ်မှုအားလုံးကို အလုပ်ရှင်မှ ချေဖျက်ပေးရမည်။

(၃) အထက်အပိုဒ်ခွဲငယ် (၁) မှအပ အလုပ်သမားများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျည်းစည်းကမ်းနှင့် အညီ အလုပ်ရှင်က တစ်လကြိုတင်အကြောင်းကြား၍ သက်မှတ်ထားသည့် နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲနိုင်သည်။ သို့ရာတွင် ဥပ‌ဒေပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်၍ အလုပ်သမားအား အလုပ်ထုတ်ခြင်းမျိုး မဖြစ်စေရ။

(၄) လုပ်သားလျှော့ချခြင်း၊ အလုပ်သမားအား အလုပ်မှရပ်စဲခြင်းတို့အတွက် အလုပ်ရှင်သည် အလုပ်သမားအဖွဲ့အစည်းမရှိပါက အလုပ်သမား‌ရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ အလုပ်သမားအဖွဲ့အစည်းရှိပါက အလုပ်သမားအဖွဲ့အစည်း၏ ကိုယ်စားလှယ်နှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ၏ ကိုယ်စားလှယ်တို့ ပူးပေါင်း၍ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားလှယ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၆

စာချုပ်ရပ်စဲခြင်း

အောက်ပါအချက်များကြောင့် သဘောတူစာချုပ်ရပ်စဲနိုင်သည်-

(က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းဖျက်သိမ်းခြင်း၊

(ခ) မမျှော်မှန်းနိုင်သော ဖြစ်ရပ်ကြောင့် လုပ်ငန်းရပ်ဆိုင်းသွားခြင်း၊

(ဂ) အလုပ်သမားသေဆုံးခြင်း၊

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၇(က)

စာချုပ်ပါ စည်းကမ်းချက်အတိုင်းတာဝန်ရှိမှုများ

(က) အလုပ်ရှင်၏ တာဝန်ဝတ္တရားများ

(၁) အသင်းအဖွဲ့ဝင်ဖြစ်မှု၊ လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ်ကွာခြားမှုအပေါ်မူတည်၍ ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေး မပေးခြင်း တို့ကိုမပြုလုပ်ရ။

(၂) မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားအလုပ်ရှင်များ၊ ကြီးကြပ်သူများ၊ ပညာရှင်များနှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံ ၏ တည်ဆဲ ဥပဒေများ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာရမည်။

(၃) တည်ဆဲအလုပ်သမားရေးရာဥပဒေများ  အပါအဝင် မြန်မာနိုင်ငံ၏တည်ဆဲအခြားဥပဒေများကို လေးစားလိုက်နာရမည်။

(၄) ဥပဒေနှင့် အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိရမည်။

(၅) အလုပ်ရှင်သည် အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ အလုပ်သမားများအား ပွင့်လင်းစွာအသိပေးထားရမည်။

(၆) အလုပ်ရှင်သည် လုပ်ငန်း၏လိုအပ်ချက်အရ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဦးစားပေးဆောင်ရွက်ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁၇()

အလုပ်သမားများ၏ တာဝန်ဝတ္တရားများ

(၁) အလုပ်သမားသည်လုပ်ငန်း၏ လိုအပ်ချက်အရ ထုတ်ပြန်ထားသော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

(၂) လုပ်ငန်းခွင်အတွင်းသို့ မဝင်ရောက်မှီ လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားသော လုပ်ငန်းခွင်အကာအကွယ်ပေးရေးပစ္စည်းများကို စနစ်တကျ ဝတ်ဆင်ရမည်။

(၃) လုပ်ငန်းခွင်နှင့် အလုပ်ချိန်အတွင်း မူးယစ်ဆေးဝါးများကို သောက်စားခြင်း၊ လုပ်ဖော်ကိုင်ဖက်များကို စိတ်ငြိုငြင်အောင် နှောင့်ယှက်ခြင်း၊ အန္တရာယ်ပေးခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန် စော်ကားခြင်းများ  မပြုလုပ်ရ။

(၄) အလုပ်ရှင်မှ ကြိုတင်ဖွင့်ဟထားသည့် လျှို့ဝှက်အပ်သော သတင်းအချက်အလက်များကို ပြင်ပသို့မပေါက်ကြားအောင် ထိန်းသိမ်းရမည်။ အခွင့်အမိန့်မရှိဘဲ လုပ်ငန်းနှင့်ဆိုင်သော စာရွက်စာတမ်းများ၊ စာရင်းများ၊ မှတ်တမ်းများကို ထုတ်နှုတ်အသုံးပြုခြင်း၊ ကူးယူးခြင်း၊ ဖယ်ရှားခြင်း၊ဖျောက်ဖျက်ခြင်း၊ ပြင်ပသို့ ယူဆောင်သွားခြင်းမပြုရ။

(၅) အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ ညှိနှိုင်းသဘောတူညီထားသည့်အခါ အားလျော်စွာထုတ်ပြန်ထားသည့် စည်းမျည်းစည်းကမ်းများကို လိုက်နာရမည်။

(၆) အလုပ်သမားသည် တည်ဆဲဥပဒေများအတိုင်း ထည့်ဝင်ပေးဆောင်ရမည့် အခွန်အခများကို သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်။

(၇) တည်ဆဲအလုပ်သမားရေးရာ ဥပဒေများကို လေးစားလိုက်နာရမည်။

(၈) ဥပဒေနှင့် အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦးသဘောတူ ဖျက်သိမ်းခြင်း

အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် မူလချုပ်ဆိုထားသော အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်အား ဖျက်သိမ်းနိင်သည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၁

ခြားကိစ္စရပ်များ(အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများကို ဖြေရှင်းခြင်း)

အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများပေါ်ပေါက်လာပါက နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖျန်ဖြေသည့် နည်းဖြင့်ဖြေရှင်းရမည်။ အကယ်၍ ပြေလည်အောင်ဖြေရှင်နိုင်ခြင်းမရှိပါက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့် တည်ဆဲဥပဒေများ အတိုင်း ဖြေရှင်းဆောင်ရွက်ရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၂၀

စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း

အတည်ပြုလက်မှတ်ရေးထိုးပြီးသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို သက်ဆိုင်ရာမြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ ပေးပို့ရမည်။ ထို့ပြင် တည်ဆဲအလုပ်သမား ဥပဒေများနှင့် အညီပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း ပြုလုပ်လိုပါက အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြင်ဆင်ဖြည့်စွက်ပြီးနောက် အဆိုပါသဘောတူစာချုပ် အသစ်ကိုလည်းတင်ပြရမည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်၊ အပိုဒ် ၂

အထွေထွေ 

(က) အလုပ်သမားသည် အလုပ်သမားဥပဒေနှင့် ဆက်စပ်လျက်ရှိသော ဥပ‌‌ဒများတွင် ပါဝင်သည့် ရပိုင်ခွင့်များ အကာအကွယ်နှင့် အကျိုးခံစားခွင့်အားလုံးကို ခံစားခွင့်ရှိသည်။

(ခ) လိုအပ်ပါက တည်ဆဲဥပဒေများနှင့် မဆန့်ကျင်သော သက်ဆိုင်ရာ လုပ်ငန်းခွင်သဘာဝအရ ထုတ်ပြန်ထားသည့် တည်မြဲအမိန့်နှင့် အလုပ်ခွင်အတွင်း လိုက်နာရန်စည်းမျည်းစည်းကမ်းနှင့် ရပိုင်ခွင့်များကို ဤစာချုပ်၏ တစ်စိတ်တစ်ဒေသအဖြစ်မှတ်ယူရမည်။

(ဂ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား လုပ်ငန်း၏သဘောသဘာဝအရ တည်ဆဲ အလုပ်သမားဥပဒေများပါ ရပိုင်ခွင့်နှင့် အခွင့်အရေးများအောက် ယုတ်လျော့ခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာ၊ ကုမ္ပဏီ၊ လုပ်ငန်းမှအလုပ်ရှင်နှင့် ၅၀ ရာခိုင်နှုန်းထက်ကျော်သော အလုပ်သမားများ၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ဖြည့်စွက် နိုင်သည်။