ပုံသိမ်ထီးသည် မြန်မာ့လက်မှုပညာတစ်ခုဖြစ်ပြီး ထိုပုသိမ်ထီးများကို မြန်မာနိုင်ငံပြည်အောက် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ပုသိမ်မြို့တွင် စတင်ပြုလုပ်ခဲ့သည်။
ပုသိမ်မြို့ တစ်ဝိုက်ဝင် သရကူဝါးခေါ်ဝါးတစ်မျိုးထွက်ရှိပြီး ပုသိမ်ထီးကို ထိုဝါးဖြင့် အထူးပြုလုပ်သည်။ ပုသိမ်ထီးတစ်ခုပြုလုပ်ရာတွင် အရေးကြီးသော ထီးရိုး၊ထီးခရိုင်၊ထီးရွက်တို့ ရှိရမည်။
ထိုနောက် ထီးရွက် ကပ်ရန် ထီးလက်တံခေါ်သော ဝါးစိတ်ငယ်လေးများလည်းရှိရမည်ဖြစ်ပြီး ထီးရိုး၊ထီးခရိုင်တို့ကို ဝါးထြင့် ပြုလုပ်ပြီး ထီးရွက်ကို ပိတ်ဖြင့် ကပ်၍ပြုလုပ်ရသည်။
နောက်တွင် ပုံကျအောင်ညှပ်ထားသော ပိတ်ကွက်ဖြင့် ထီးလက်တံများအပေါ်မှ အုပ်၍ တင်းတင်းဆွဲကပ်ရမည်။ ထိုထီးပိတ်သားကို လှပအောင်ဆေးရောင်တို့ဖြင့်ခြယ်ကာ ပန်းပွင့်ပန်းနွယ်များရေးခြယ်ကြသေးသည်။
ရှေးအခါတွင် ခရိုင်ပန်းထိုးရာ၌ သိုးမွေးချည်များကို အသုံးပြုသည်။ ယခုအခါတွင် တိုင်းရင်းဖြစ် ဆေးရောင်စုံ ဝါဂွမ်းချည်ကိုသာ အသုံးပြကြတော့သည်။
ပုသိမ်ထီးသည် ပေါ့ပါး၍ လှသည်။ သိုပေမဲ့ ပုသိမ်ထီးကို နွေနှင့် ဆောင်းရာသီတွင်သာ အသုံးပြုနိုင်ပြီး မိုးရာသီတွင် အသုံးမပြုနိုင်ပေ။ ယခုအခါ ပုသိမ်ထီးသည် အသုံးနည်းလာပြီဖြစ်၍နွေ၊မိုး၊ဆောင်း ဉတုသုံးပါးစလုံး ဆောင်းနိုင်သော ထီးများသာ အသုံးပြုကြတော့သည်။
ယခုအခါတွင်ပုသိမ်ထီးကို ဟိုတယ်များ၊ အခမ်းအနားများ တွင် အလှဆင်ပစ္စည်းအဖြစ်သုံးကြသည်။ ယခင့်တွင် ပုသိမ်းထီးကို ဝါး၊ပိတ်သားများဖြင့်တာ ပြုလုပ်သောလည်း အခုခတ်တွေ နည်းစနစ်အမျိုးမျိုးနှင့် ပြုလုပ်လာသည်။
ပုသိမ်ထီးဤပုံစုံများကိုလည်း လေးထောင့်၊ ပန်းပွင့်ပုံများဖြင့် တီထွင်ဆန်းသစ်ကာ ပြုလုပ်ကြသည်။ ပုသိမ်ထီးသည် မြန်မာ့ ရိုးရာ လက်မှုပညာရပ်တစ်ခုဖြစ်သောကြောင့် မပျောက်ကွယ်သွားအောင် ကျွန်ုပ်တို့သည် ထိန်းသိမ်းထားသင့်ပါသည်။