Basic Business Law Concepts
Basic Business Law Concepts
Basic Business Law Concepts
စီးပွါးရေးလုပ်ငန်းတစ်ခုကို အောင်မြင်စွာ လုပ်ကိုင်လိုသူများသည် စီးပွါးရေးဆိုင်ရာဥပဒေအခြေခံပညာကိုသိရှိနားလည်ခြင်းနှင့် စီးပွါးရေးဆိုင်ရာ ဥပဒေပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းအပေါ် မူတည်ပါသည်။
စီးပွါးရေးဆိုင်ရာဥပဒေသင်တန်းမှာ မြန်မာနိုင်ငံတွင် စီးပွါးရေးလုပ်ငန်း လုပ်ကိုင်ရာ၌ အခြေခံသိသင့်သိထိုက်သည့် ပဋိညာဉ်ဥပဒေ၊ ကုမ္မဏီဥပဒေ၊အစုစပ်လုပ်ငန်းအက်ဥပဒေ၊ အလုပ်သမားနှင့်အလုပ်ခွင်ဆိုင်ရာဥပဒေ၊အာမခံဥပဒေ၊အပြည်ပြည်ဆိုင်ရာရင်နှီးမြုပ်နှံမှုများနှင့် ပတ်သတ်သည့် စံချိန်စံညွန်းများနှင့် အနုညာတအငြင်းပွါးမှု ဖြေရှင်းခြင်းဆိုင်ရာ မူဝါဒယန္တရားများနှင့် ပတ်သတ်သည့် ဥပဒေများ၊ ပြောင်းလဲလာသည့် ခေတ်စနစ်အရ စီးပွါးရေးလုပ်ငန်းတွင် အရေးပါသည့် အသိဥာဏ်ပညာပစ္စည်းနှင့်ပတ်သတ်သည့် ဥပဒေများ၊ ယှဉ်ပြိုင်မူဥပဒေနှင့် စီးပွါးရေးလုပ်ငန်းများ လေးစားလိုက်နာရမည့် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများကိုပါ သိရှိနိုင်ရန် ရည်ရွယ်ကာ အဆိုပါသင်တန်းလေးကို ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များမှာ-
စီးပွါးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ရာတွင် အဓိကဖြစ်သည့် စာချုပ်စာတမ်းချုပ်ဆိုရာတွင် ဥပဒေအရ သတ်မှတ်ထားသည့် သတ်မှတ်ချက်များ၊စာချုပ်စာတမ်းပါ စည်းကမ်းချက် ဖောက်ဖျက်မှုများနှင့် ပါတ်သတ်သည့်နစ်နာကြေးတောင်းခံမှုများ၊ စီးပွားရေးကိစ္စရပ်များတွင် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ၏ အရေးပါပုံ ၊ ဆောင်ရန် ရှောင်ရန်များကို သိရှိစေရန်။
ကုမ္မဏီစတင်တည်ထောင်သူများ မဖြစ်မနေသိရမည့် ကုမ္မဏီအမျိုးအစားများ၊ ကုမ္မဏီတည်ထောင်ရာတွင် သိသင့်သိထိုက်သည့် အချက်အလက်များနှင့် အစုစပ်လုပ်ငန်းနှင့်ဆိုင်သောဥပဒေများကို သိရှိစေရန်။
ဥပဒေအရပေးအပ်ထားသည့် အလုပ်ရှင်၊အလုပ်သမားများ၏ အခွင့်အရေးများနှင့် အလုပ်သမားအလုပ်ရှင် အငြင်းပွါးမှုများ ပေါ်ပေါက်လာပါက ဖြေရှင်းပုံအဆင့်ဆင့်ကို သိရှိစေရန်။
စီးပွါးရေးလုပ်ငန်းများတွင် အာမခံဥပဒေအရေးပါပုံ အာမခံဥပဒေအရ ရပိုင်ခွင့်များကို သိရှိစေရန်။
အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် အငြင်းပွါးမှု ဖြေရှင်းခြင်းဆိုင်ရာ ယန္တရားများ၊ အနုညာတဖြေရှင်းခြင်းနည်းလမ်းများကို သိရှိနိုင်ရန်။
အသိဥာဏ်ပညာပစ္စည်းနှင့် ပါတ်သတ်၍ ဥပဒေအရသတ်မှတ်ချက်များ၊ ရပိုင်ခွင့်နှင့်ကင်းလွတ်ချက်များ
ယှဉ်ပြိုင်မူဥပဒေအရ အကာအကွယ်ပေးထားသည့် မမျှတပြိုင်ဆိုင်မူများအပေါ် အရေးယူခြင်းများ။
စီးပွါးရေးလုပ်ကိုင်သူများအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တာဝန်ရှိမှု (Due Diligence) နှင့် နစ်နာသူများအနေဖြင့်လည်း ပြန်လည်ကုစားပေးမှုဆိုင်ရာ ရပိုင်ခွင့်များကို သိရှိလာမည်ဖြစ်သည်။
သင်ကြားပေးမည့် ဥပဒေများကတော့
Law of Contract
Company law
The Partnership Act
Sales of Goods Act
Law of Banking
Negotiable Instrument Act
Law of Employment
Law of Insurance
International Investment Law & Arbitration
Fundamentals of Intellectual Property Rights
Competition Law
Business and Human Rights
Difference Between Human Rights and Corporate Social Responsibility (CSR)
Academic Lecture တွေအပြင် ပြန်လည် အသုံးချလို့ရတဲ့ Applied Course တွေပါ ထည့်သွင်း သင်ကြားပေးသွားမှာဖြစ်ပြီး Discussion Session နဲ့ Question and Answer Time တွေလည်း ပါဝင်တဲ့အတွက် သင်တန်းသားသင်တန်းသူတွေရဲ့ Critical Thinking ကိုပါ တိုးတက်လာစေပါမည်။
သင်ကြားမည့်အစီအစဉ်
Zoom
Google Classroom
Telegram
Google Form
လုပ်သက်အတွေ့အကြုံရှိသော ဥပဒေပညာရှင် ဆရာ/ဆရာမများက နိုင်ငံတကာစံချိန်စံနူန်းများနှင့်အညီ သင်ရိုးရေးဆွဲကာ ဦးစီး သင်ကြားပေးမည်ဖြစ်ပါသည်။
တတ်ရောက်သင့်သူများကတော့ မြန်မာနိုင်ငံတွင်စီးပွါးရေးလုပ်ငန်း လုပ်ကိုင်မည့် လုပ်ငန်းရှင်များနှင့် စီးပွါးရေးလုပ်ငန်းတွင် ဥပဒေအကြံပေးအဖြစ် လုပ်ကိုင်လိုသူများ မဖြစ်မနေတတ်ရောက်သင့်သည့် သင်တန်းလေး တစ်ခုလည်း ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပါကလည်း E Certificate ကို ပေးအပ်ချီးမြှင့်ပေးမည်ဖြစ်ပါတယ်။
သင်တန်းနှင့်ပါတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက page messenger တွင်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။