Full Scholarship
Full Scholarship
The Imperial Law Institute(ILI) မှ ထပ်မံ ဖွင့်လှစ်မည့် General Course On Criminal Justice System ၊Basic Business Law Concepts (one seat) Certificate in International Law and Foreign Policy (one seat) နှင့် Intellectual Property & Human rights သင်တန်းများနှင့်ပတ်သတ်ပြီး Full Scholarship လျှောက်ထားလိုသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူ ဖြစ်ရပါမည်။
သင်တန်းတတ်ရောက်ရန် ငွေကြေးအခက်အခဲရှိသူများ
မြန်မာနိုင်ငံအတွင်းနေထိုင်သည့် လူမျိုးစုတစ်ခုခု (သို့) ပဋိပက္ခဖြစ်ပွါးနေသော ဒေသများတွင် နေထိုင်သူမျာ
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်မတတ်ရောက်နိုင်သည့် ဘွဲ့မရရှိသေးသည့် ကျောင်းသူ/ကျောင်းသား
လူ့အခွင့်အရေးနှင့် ပြစ်မူဆိုင်ရာဥပဒေများ၊ စီးပွါးရေးဆိုင်ရာဥပဒေများ၊အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် တရားမျှတမှုစနစ်ကို စိတ်ပါဝင်စားသူများ
ရရှိခဲ့သော ဗဟုသုတပညာရပ်များဖြင့် လူထုအကျိုးပြု လုပ်ငန်းများတွင် ပြန်လည် အသုံးချလိုသူများ
အဆိုပါ အချက်အလက်များနှင့် ကိုက်ညီသူများသည် အမည် ပညာအရည်အချင်းနဲ့ တတ်ရောက်လိုသည့် အကြောင်းပြချက်ကို မြန်မာ သို့မဟုတ် အဂ်လိပ် မိမိနှစ်သက်ရာဘာသာဖြငိ့ ရေးသားပြီးမှတ်ပုံတင်မိတ္တူ ကျောင်းသားကဒ်မိတ္တူတို့နှင့်တကွimperiallawinstitute9@gmail.com သို့ email ပေးပို့နိုင်ပါတယ်။ အချက်အလက်ပြည့်စုံစွာဖော်ပြနိုင်ပြီး ကျွန်ုပ်တို့အခမဲ့ပညာသင်ဆုရွေးချယ်ရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့်ကိုက်ညီသူများအား Imperial Law Institute Facebook pageတွင် ကြေငြာပြီး အခမဲ့ပညာသင်ဆုကို ဂုဏ်ပြုချီးမြှင့်မည် ဖြစ်ပါကြောင်းသတင်းကောင်းပါးလိုက်ပါတယ်……