Blogs
Blogs
Well known Marks
ကုမ္မဏီများ အောင်မြင်စွာ တည်ထောင်လာနိုင်ခြင်းနှင့် တစ်ဆက်တည်း ၎င်းတို့၏ ကုန်အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မူ အမှတ်တံဆိပ်များကိုပါ မြင်တွေ့ရုံဖြင့် ကမ္ဘာတစ်ဝန်းမှအဆိုပါကုန်စည်နှင့် ဝန်ဆောင်မူများကို ယှဉ်တွဲ သိရှိလာကြသည်။ ဥပမာ Apple, Amazon, Louis Vuitton
ထို့သို့ ကျော်ကြားသည့် အမှတ်တံဆိပ်များအား သုံးစွဲသူများ လွှဲမှားစေရန် ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ကာ ဆင်တူရိုးမှား အတုအပ ပြုလုပ်သူများ ရှိလာသဖြင့် အပြည်ပြည်ဆိုင်ရာ အသိဉာဏ်ပညာဆိုင်ရာ ပစ္စည်းနှင့် ပတ်သတ်သည့် အဖွဲ့အစည်းများမှ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များဖြစ်သည့် The Paris Convention နှင့် The Agreement on Trade Related Aspects of Intellectual Property Rights (TRIPS ) တို့တွင် ကျော်ကြားအမှတ်တံဆိပ်ကာကွယ်ခြင်း ပြဌာန်းချက်များကို ချမှတ်နိုင်သကဲ့သို့ နိုင်ငံအသီးသီးမှလည်း ၎င်းတို့၏ ပြည်တွင်းဥပဒေများတွင်ပါ ကုန်အမှတ်တံဆိပ်နှင့် ပတ်သတ်သည့် ပစ္စည်းအတုအပပြုခြင်းမှ ကာကွယ်ရန် ဥပဒေများကိုပါ ပြဌာန်းကာ အဆိုပါပြသာနာကို ကျော်လွှားနိုင်ရန် ကြိုးပမ်းလာကြသည်။
ထင်ပေါ်ကျော်ကြား အမှတ်တံဆိပ်များ ကာကွယ်ရန် Paris convention တွင် Article 6bis တွင် ဖြည့်စွက်ပြဌာန်းခဲ့ပါသည်။ သို့ရာတွင် Paris convention Article 6bis အရ ကျော်ကြားတံဆိပ်ကာကွယ်ခြင်းတွင် ကျော်ကြား ဝန်ဆောင်မူတံဆိပ်များ မပါဝင်ပါ။
ထို့ကြောင့် နောက်ပိုင်းတွင် TRIPS Agreement Article 16.2 တွင် ထင်ပေါ်ကျော်ကြား ဝန်ဆောင်မူတံဆိပ်များအား ကာကွယ်ခြင်း နှင့် TRIPS Agreement Article 16.3 တွင် သုံးစွဲသူများ ထင်ယောင်ထင်မှား ဖြစ်စေရန် ဆင်တူယိုးမှားပြု ခြင်းမှ ကာကွယ်ခြင်းအတွက်ပါ ထည့်သွင်း ပြဌာန်းလာသည်ကို တွေ့ရသည်။ ဥပမာ ကျော်ကြားအမှတ်တံဆိပ်Nike အား NKIE ဟု ဆင်တူရိုးမှားဖြစ်စေရန်တံဆိပ်ဆင်တူရိုးမှား ပြုခြင်းများမှပါ ကာကွယ်ပေးခြင်း။
နိုင်ငံများတွင်လည်း ထင်ပေါ်ကျော်ကြား ကုန်အမှတ်တံဆိပ်ကာကွယ်ခြင်းဥပဒေတွင် အဆိုပါကုန်အမှတ်တံဆိပ်နှင့် ဆင်တူရိုးမှားပြုလုပ်ခြင်း၊ တုပခြင်း နှင့် ဘာသာပြန်ခြင်းများလည်း ပါဝင်သည်။
စာသုံးသူအကျိုးကာကွယ်ခြင်းနှင့် မညီမျှ ပြိုင်ဆိုင်ခြင်းများမှ ကာကွယ်ရန်နှင့် သုံးစွဲသူများ အလွှဲမှား အတုအပမမိစေရန် ထင်ပေါ်ကျော်ကြား ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ထင်ပေါ် ကျော်ကြားမူအရ အဆိုပါကျော်ကြား ကုန်တံဆိပ်(သို့) ကျော်ကြား ဝန်ဆောင်တံဆိပ်များအား မှတ်ပုံတင်ထားသည်ဖြစ်စေ မတင်ထားသည်ဖြစ်စေ သုံးစွဲသူ အကျိုးအတွက် ကာကွယ်ပေးရမည်ဖြစ်သည်။
Humanitarian Intervention
နိုင်ငံတစ်နိုင်ငံတွင် လူအခွင့်အရေးချိုးဖောက်မှုများစွာ ဖြစ်နေပြီး လူအသက်ပေါင်းများစွာ ဆုံးရူံးမှုနဲ့ ရင်ဆိုင်နေရသည့် အခြေအနေမျိုးတွင် အခြားနိုင်ငံများမှ လူသားချင်းစာနာထောက်မှုအရ ဝင်ရောက်စွက်ဖက်ခြင်းမူသဘောတရားကို အသုံးပြုကာ ဝင်ရောက်စွက်ဖက်ခွင့်ရှိပါသည်။ ထိုမူသဘောတရားကို ၁၉ရာစုထဲကပင် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ လက်ခံခဲ့သည်။
သာဓကအနေနှင့် အီရတ်နိုင်ငံမှအာဏာပိုင်များမှ ၎င်းတို့နိုင်ငံရှိ Kurd နှင့် Shia လူမျိုးနွယ်စုများအား အင်အားသုံး နှိမ်းနင်ကာ လူအခွင့်အရေးလွန်ကဲစွာချိုးဖောက်နေသဖြင့် ကမ္ဘာ့ကုသမဂ္ဂ လုံခြုံရေးကောင်စီကပင် ဆုံးဖြတ်ချက်၆၈၈အရ ထို့သို့ပြုလုပ်မူကို ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ထုတ်ပြန်ခဲ့သည်။
ထို့နောက် အမေရိကန်၊ ပြင်သစ်၊နှင့် ဗြိတိန်နိုင်ငံတို့ ပူပေါင်းအဖွဲ့ဖြစ်သည့် Operation Provide Comfort(OPC)မှ လူသားချင်းစာနာထောက်မှုကြောင့် ဝင်ရောက်စွက်ဖက်ခြင်းမူသဘောတရားအရ အဆိုပါ အီရတ်နိုင်ငံ၏ မြောက်မှတောင်သို့ လေယာဉ်ပျံသန်းခွင့်တားမြစ်ခြင်းကို ပြုလုပ်ပေးခဲ့သည်။
ထို့ပြင် ဗြိတိန်အစိုးရမှလည်း လူအခွင့်အရေးများလွန်ကဲစွာ ချိုးဖောက်ခဲ့ရသည့်အခြေအနေတွင် လူသားချင်းစာနာမူအရ ဝင်ရောက်စွက်ဖက်ကာ လေယာဉ်မပျံသန်းရဇုံအဖြစ် သတ်မှတ်ပေးခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ မျှတသော လုပ်ဆောင်မူတစ်ရပ်ဖြစ်သည်ဟု တင်ပြခဲ့သည်။ အလားတူ ယူကိုဆလားဗီးယားတွင်လည်း အာဏာပိုင်များမှ Albania လူမျိုးစုများအား မျိုးတုန်းသတ်ဖြတ်မူ ပြုလုပ်နေချိန်တွင် NATO အဖွဲ့မှ လူအသက်ပေါင်းများစွာ ကယ်တင်ရန် လူသားချင်းစာနာထောက်ထားမူအရ ဝင်ရောက်စွက်ဖက်ခြင်းမူအရထိုသို့ပြုလုပ်နေသောနေရာသို့ Bombing Campaign ဖြင့် ဝင်ရောက် စွက်ဖက်ခဲ့သည်။ ထို့သို့ လူသားချင်းစာနာထောက်ထားမှုမူအရ NATO တပ်ဖွဲ့၏ အင်အားသုံး ဆောင်ရွက်မူအပေါ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းမှ ရူတ်ချခဲ့ခြင်းမရှိသည့်အတွက် ထိုမူသဘောတရားကို အပြည်ပြည်ဆိုင်ရာဥပဒေအရ အသိအမှတ်ပြုသည်ဟု မှတ်ယူနိုင်သည်။
သို့ဖြစ်ပါ၍ လူသားတို့၏အသက်များစွာကို ကယ်တင်ရန် လူ့အခွင့်အရေးလွန်ကဲစွာ ချိုးဖောက်နေသည့် အခြေအနေမျိုးတွင် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းများက လူသားချင်း စာနာထောက်ထားမူဝင်ရောက်စွက်ဖက်ခြင်းမူသဘောတရားအရ နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခွင့်ရှိပါသည်။
Credit: Shaw, Malcolm. 2008. International Law.6th edition. Cambridge: Cambridge University Press.
The Major Components of the Criminal Justice System
ပြစ်မူဆိုင်ရာ တရားမျှတမှု ဆိုသည်မှာ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသူများ တရားမျှတမှု ရရှိစေခြင်းကို ဆိုလိုသည်။ ပြစ်မှုဆိုင်ရာ တရားမျှတမှုစနစ်တွင် ဥပဒေကို အာဏာသက်ရောက်အောင် ဆောင်ရွက်ပေးသော ရဲဌာနများ( Law Enforcement Agencies)၊ တရားရုံးများ (Courts)၊ အစိုးရရှေ့နေများ(public Prosecutors)၊ စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးသော ရှေ့နေများ( Defence Lawyers)၊ ပြစ်မှုကျူးလွန်သူများအား ထိန်းသိမ်း ကြီးကြပ်ရသော အကျဉ်းထောင်ဦးစီးဌာန( Prisons and probation Agencies) များမှသက်ဆိုင်သူများအားလုံး ပါဝင်သည်။
ပြစ်မှုဆိုင်ရာတရားမျှတမှု စနစ်၏ ရည်ရွယ်ချက်မှာ
အမှုတွင် နစ်နာသူ(victims)များအား ကိုယ်ကျင့်တရားဆိုင်ရာ ထောက်ပံ့မှုပေးနိုင်ရန်
ပြစ်မှုကျူးလွန်ခြင်းများအား ကာကွယ်နိုင်ရန်
ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ဥပဒေနှင့်အညီ ပေးအပ်ထားသော အခွင့်အရေးများ ရရှိနိုင်ရန်
မတရားဖမ်းဆီးချုပ်နှောင်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှ ကာကွယ်နိုင်ရန်
ပြစ်မှုကျူးလွန်သူများအား ပြန်လည်ထူထောင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
အဆိုပါ ရည်မှန်းချက် ပန်းတိုင်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Criminal justice system တွင် ပါဝင်ကြသော သက်ဆိုင်ရာဌာနအသီးသီးမှ အပြည်ပြည်ဆိုင်ရာဥပဒေစံနှုန်းများ၊ အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေများ၊ ပြည်တွင်းဥပဒေများနှင့်အညီ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ တရားဥပဒေစိုးမိုးသော လူ့အသိုက်အဝန်းကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တရားဥပဒေစိုးမိုးသော လူ့အသိုက်အဝန်း ထူထောင်ရာတွင် ပြစ်မှုဆိုင်ရာတရားမျှတမှုစနစ် ( Criminal Justice System) အရေးပါပုံနှင့် ပြစ်မှုဆိုင်ရာတရားမျှတမှုစနစ်တွင် ပါဝင်သော အဖွဲ့အစည်းများအကြောင်းကို တင်ပြလေးလိုက်ပါတယ်
Cultural Values & Women’s Rights
နိုင်ငံတစ်ချို့တွင် အမျိုးသမီးများ၏ ရပိုင်ခွင့်ရှိသော အခြေခံလူအခွင့်အရေးများကို ၄င်းတို့၏ ဓလေ့ထုံးတမ်းများအရ တားမြစ်ထားသည်ကို
တွေ့ရှိရပါသည်။ ဥပမာ ပညာသင်ကြားခြင်းကို တားမြစ်ခြင်း ၄င်းတို့၏အိမ်ထောင်ဖက်နှင့်အသိုင်းအဝိုင်းများမှ အိမ်တွင်းအကြမ်းဖက်မှုများ
ပြုလုပ်ခြင်းသည် မိမိတို့ရပိုင်ခွင့်ရှိသော အခြေခံလူ့အခွင့်ရေးများချိုးဖောက်နေသည်ကို မသိကြဘဲ ဓလေ့ထုံတမ်းအစဉ်လာအရ ဖြစ်ရိုးဖြစ်စဉ်ဟုပင် သတ်မှတ်ထားကြသည်။
လူသားတစ်ဦး၏ အခြေခံရပိုင်ခွင့်ကို
ချိုးဖောက်နေသော မှားယွင်းသည့် ဓလေ့ထုံးတမ်းများသည် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးဥပဒေ (International Human Rights Law) အရ
ပယ်ဖျက်ခွင့် ရှိပါသည်။
ထို့ကြောင့် လူသားတိုင်းမွေးရာပါရသင့်သော
လူအခွင့်အရေးကိုသိရှိနားလည်နိုင်ရန်
Human Right Education နှင့်ပါတ်သတ်၍
အသိပညာပေးခြင်း(Awareness)သည် များစွာလိုအပ်ပါသည်။
လူအခွင့်ရေးကို ပြည့်ပြည့်ဝဝ ရရှိပါမှာသာ
တိုးတက်ကောင်းမွန်သော လူ့အသိုက်အဝန်းတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသောကြောင့်
Human Rights Education အရေးပါပုံကို
တင်ပြလိုက်ရပါတယ်။
Imperial Law Institute (ILI)
World Red Cross and Red Crescent Day
(May 8,2022)
Switzerland နိုင်ငံသား Henry Dunant သည် သာမာန်ကုန်သည်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ကုန်သွယ်မူလုပ်ငန်းအတွက် Italy သို့သွားရောက်စဉ်အခါက Italy တွင် the Battle of Solferino စစ်ပွဲဖြစ်ပွါးနေခဲ့ပါသည်။ ထိုစစ်ပွဲတွင် အရပ်သားပြည်သူများ နှင့် စစ်ပွဲအတွင်း မပါဝင်နိုင်တော့သည့် ဒဏ်ရာရစစ်သည်များမှာ ဆေးဝါးကုသမူ မရရှိဘဲ ဖြစ်နေသည်ကို ၎င်းတွေ့ရှိခဲ့ရပြီး Switzerland သို ပြန်ရောက်သည့်အခါ အဆိုပါစစ်ပွဲအတွင်း အခြေအနေများနှင့် ထိုအခြေအနေများကို ကုစားရန် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခု လိုအပ်နေသည်ကို ဖော်ပြသည့်(A memory of Solferino ) စာအုပ်ကို ရေးသားခဲ့ပြီး ၎င်း၏ ကြိုးပမ်းမူကြောင့်ပင် စစ်ပွဲအတွင်း ပြည်သူများနှင့် ဒဏ်ရာရစစ်သည်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် ကမ္ဘာ့ကြက်ခြေနီ အသင်းကြီး ပေါ်ပေါက်လာခဲ့ရပါသည်။ ဒါကြောင့် Henry Dunant အား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းမွေးဖွားသော မေလ၈ရက်နေ့ကို ကမ္ဘာကြက်ခြေနီနှင့် လခြမ်းနီနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။