International Law & Foreign Policy
International Law & Foreign Policy
Certificate in International Law & Foreign Policy (ILFP) Online Course
အပြည်ပြည်ဆိုင်ရာ ဥပဒေများသည် ကမ္ဘာကြီးပေါ်တွင်ဖြစ်ပေါ်သည့် ပြဿနာအရပ်ရပ်ကို ကမ္ဘာ့အဖွဲ့အစည်းများမှ တူညီသောစည်းမျဉ်းဥပဒေသများအရ ဖြေရှင်းပေးနိုင်ရန် နှင့် နိုင်ငံအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ရာတွင် တူညီသော နည်းဥပဒေသများအရ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
လူသားတို့သည် ၎င်းတို့၏ တရားမျှတမူ နှင့် ရပိုင်ခွင့်ရှိသည့် အခြေခံအခွင့်အရေးများနှင့် နစ်နာမူများကို ကို ၎င်းတို့နေထိုင်ရာ ပြည်တွင်းယန္တရားတွင် ရှာဖွေမရနိုင်သည့်အခါ အပြည်ပြည်ဆိုင်ရာ ယန္တရားများ အသုံးပြု၍ပါ ရှာဖွေလာကြရသည်။ ယနေ့ကမ္ဘာသည်လည်း Globalization ခေတ်ကို ရောက်ရှိလာပြီဖြစ်သည့်အတွက် နိုင်ငံအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မူများစွာ ရှိလာသဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ဥပဒေစနစ်များနှင့်၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒများကိုပါ အထူး သိရှိရန် လိုအပ်လာပါသည်။
အပြည်ပြည်ဆိုင်ရာ ဥပဒေစနစ်နှင့် နိုင်ငံခြားရေးမူဝါဒများကို လေ့လာခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ-
အပြည်ပြည်ဆိုင်ရာဥပဒေ စတင်ပေါ်ပေါက်လာသော အကြောင်းအရင်းကိုသိရှိခြင်း။
ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဥပဒေစနစ်များကို သိရှိလာနိုင်ခြင်း။
နိုင်ငံတကာ အဖွဲ့အစည်းများ၏ မူသဘောတရာများ၊ အခန်းကဏ္ဍ နှင့် အဖွဲ့ဝင်နိုင်ငံများအပေါ် စည်းနှောင်မှု ရှိခြင်း စသည့်တို့ကို လေ့လာ သိရှိနိုင်ခြင်းဖြင့်အပြည်ပြည်ဆိုင်ရာ စာချုပ်များ အဖွဲ့အစည်းများနှင့် ၎င်းတို့၏ အငြင်းပွားမှုများအပေါ် ဖြေရှင်းသည့် နည်းလမ်းများကို သိရှိလာနိုင်ခြင်း။
အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားသည့် နိုင်ငံတစ်ရပ်အား အသိအမှတ်ပြုခြင်းနှင့်၊ အစိုးရတရပ်ကို အသိအမှတ်ပြုခြင်း စံချိန်စံညွှန်းများနှင့် နိုင်ငံခြားရေးမူဝါဒများကို သိရှိလာခြင်း။
စစ်ပွဲအတွင်းရှိရမည့် အခြေခံ လူအခွင့်အရေးများနှင့် စံချိန်စံညွှန်းများနှင့် လူတိုင်းတွင် မည့်သည့်အခြေအနေမဆို ရှိရမည့် အခြေခံလူ့အခွင့်အရေးများ ကို သိရှိလာခြင်း။
ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မူများ ကြုံတွေ့လာချိန်တွင် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းများမှ ကာကွယ်ရန်တာဝန်နှင့် မူသဘောတရားများကို သိရှိလာခြင်း။
အပြည်ပြည်ဆိုင်ရာအငြင်းပွါးမှုများ ဖြေရှင်းပုံအဆင့်ဆင့်နှင့် အပြည်ပြည်ဆိုင်ရာ အငြင်းပွါးမှုဖြေရှင်းသည့် ယန္တရားများကို သိရှိလာခြင်း
သင်ကြားပေးမည့် ဥပဒေများ
Sources of International Law
The law of Treaties
The law of international Institutions
Recognition of States & Governments
International Humanitarian Law
The philosophy of Human Rights
International Criminal Justice
Comparative Law
Settlement of International disputes
Academic Lecture တွေကို Applied Course တွေပါ ထည့်သွင်း သင်ကြားပေးမှာဖြစ်ပြီး Discussion Session နဲ့ Question and Answer Time တွေနဲ့ သင်ကြားပေးမှာဖြစ်လို့ တတ်ရောက်တဲ့သင်တန်းသူသင်တန်းသားတွေရဲ့ Critical Thinking ကိုပါ တိုးတက်လာစေပါမည်။
အလွှတ်ကျက်ဖြေစနစ်မဟုတ်ဘဲ ဥာဏ်စမ်း Quizလေးတွေဖြေတဲ့နည်းစနစ်ဖြစ်သည်အတွက် သင်တန်းသားတွေအတွက် လွန်စွာ အကျိုးရှိပါတယ်။
သင်ကြားမည့်အစီအစဉ်
Zoom
Google Classroom
Telegram
Google Form
တရားမျှတမှုရှင်သန်ရေးကို အလေးထားသည့် လုပ်သက်အတွေ့အကြုံရှိ ပါရဂူဘွဲ့အထိ ဆည်းပူးခဲ့ကြသည့် ဥပဒေပညာရှင် ဆရာ/ဆရာမများက နိုင်ငံတကာစံချိန်စံနူန်းများနှင့်အညီ သင်ရိုးရေးဆွဲကာ ဦးစီး သင်ကြားပေးမည်ဖြစ်ပါသည်။
တတ်ရောက်သင့်သူများကတော့ ဥပဒေပညာကို လေ့လာဆည်းပူးနေသော ကျောင်းသူကျောင်းသားများ၊ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများ အပြင် ဥပဒေပညာကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်သင်ကြားနိုင်ပါသည်။
သင်တန်းပြီးဆုံးပါကလည်း E Certificate ကို ပေးအပ်ချီးမြှင့်ပေးမည်ဖြစ်ပါတယ်။
မအားလပ်လို့ လိုင်းမကောင်းလို့ သင်တန်းပျက်ကွက်တဲ့နေ့တွေအတွက်လည်း သင်ကြားမူ zoom live recorded video သင်ကြားမူတွေ ကြည့်ရူခွင့်ရမှာဖြစ်တဲ့အတွက် သင်ကြားမူ အားလုံးကို ပျက်ကွက်မှာမပူရဘဲ သင်ကြားခွင့် ရမှာဖြစ်ပါတယ်။
Personal Development နှင့် Capacity Building တို့အတွက် ပြောင်းလဲလာတဲ့ခေတ်စနစ်အရ နည်းပညာအသုံးပြုပြီး နိုင်ငံတကာသင်ရိုးများနှင့်အညီ သင်ကြားပေးတဲ့ International Law and Foreign Policy (ILFP) Online Course လေးကို တတ်ရောက်ဖို့ အခုပဲ စာရင်းသွင်းလိုက်ပြီး မိမိ၏ အားလပ်တဲ့ အချိန်လေးတွေ အကျိုးရှိစွာ အသုံးချလိုက်ပါတော့….