General Course on Criminal Justice system
General Course on Criminal Justice system
General Course on Criminal Justice System
Criminal Justice System course သည် အပြည်ပြည်ဆိုင်ရာ ဥပဒေစနစ်နှင့် ပြည်တွင်း ဥပဒေစနစ် နှစ်ခုစလုံးကို ချိတ်ဆက် သင်ကြားမူဖြစ်သဖြင့် သင်တန်းကို တတ်ရောက်ခြင်းဖြင့် ပြစ်မူဆိုင်ရာ မူခင်းများကို ပြည်တွင်းသာမက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံများ ဖြေရှင်းကိုင်တွယ်ပုံများကို တိတိကျကျ သိရှိနိုင်မည် ဖြစ်သည်။
လူသားတိုင်း ရရှိရမည့် အခွင့်အရေးနှစ်ရပ်ဖြစ်သည့် အခြေခံ လူ့အခွင့်အရေးများနှင့် မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့်ဟူသော အခွင့်အရေးများကို တိတိကျကျ သိရှိနိုင်စေရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မတရားဖမ်းဆီး ချုပ်နှောင်ခံရခြင်းများနှင့် ပါတ်သတ်၍ ပြည်တွင်းဥပဒေများ အပြည်ပြည်ဆိုင်ရာဥပဒေများက အပ်နှင်းထားသည့် ရပိုင်ခွင့်နှင့်အခွင့်အရေးများကိုသိရှိနိုင်စေရန်နှင့် တရားဥပဒေစိုးမိုးခြင်းသည် အများပြည်သူလုံခြုံမှုနှင့် အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောင့်ပေးသည့် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာဥပဒေများက သတ်မှတ်ထားသည့် တရားမျှတမူဆိုင်ရာ စံညွှန်းများကို သိရှိနိုင်စေရန် နှင့် တရားမျှတမူနှင့် တန်းတူမည်မျှစွာ အခွင့်အရေးများ ရရှိနိုင်ရန် ဖော်ဆောင်ပေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်းဂဏ္ဍတို့ကို သိရှိစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးရလဒ်များမှာ
အပြည်ဆိုင်ရာဥပဒေများနှင့် ပြည်တွင်းဥပဒေများမှ အာမခံချက်ပေးထားသည့်နိုင်ငံသားတစ်ဦး၏ရပိုင်ခွင့်၊ အခြေခံလူအခွင့်အရေးများနှင့် တရားစီရင်ရေးဆိုင်ရာ စံချိန်စံညွှန်းများကို သိရှိလာခြင်း။
ပြစ်မှုအမျိုးအစားများနှင့် အမှုစစ်ဆေးစီရင်ပုံ အဆင့်ဆင့်ကို လက်တွေ့သိရှိလာမည့်အပြင် အမူစစ်ဆေးစဉ်ကာလအတွင်း စွပ်စွဲခံရသူတစ်ဦးအတွက် ဥပဒေအရ ပေးအပ်ထားသော အခွင့်အရေးများကို သိရှိလာခြင်း
ပြစ်မှုကြောင်းအရ တရားရင်ဆိုင်ရပါက ဥပဒေက အပ်နှင်းထားသည့် ကင်းလွတ်ခွင့်များ၊ကာကွယ်ခုခံပိုင်ခွင့်များကို သိရှိလာခြင်း။
ပြည်တွင်းတရားစီရင်ရေး ယန္တရားတွင် နစ်နာမှုများအတွက် လုံလောက်သည့်ကုစားမှုမရနိုင်သည့်အခြေအနေတွင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ယန္တရားကို အသုံးပြုနိုင်ခြင်းကို သိရှိလာခြင်း။
အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းများကို မိမိနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေစံနှုန်းများအရ ပြည်တွင်းဥပဒေအဖြစ် ပြောင်းလဲ အသုံးပြုပုံများကို သိရှိလာခြင်း။
တရားမျှတမူနှင့် တန်းတူညီမျှစွာ လူ့အခွင့်အရေး ရရှိစေနိုင်ရန် ဖော်ဆောင်ရာတွင်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သတ်မှတ်ချက်များကို သိရှိလာခြင်း။
အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းများနှင့်အရ သတ်မှတ်ထားသော ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီး အခွင့်အရေးများသိရှိလာခြင်း။စသည့် အကျိုးကျေးဇူးများကို ရရှိလာပါမည်။
သင်တန်းမှာ သင်ကြားပေးမည့်ဥပဒေများကတော့
International Human Rights Law
International Criminal Law
The Law of International Institutions
The Role of Constitutional Law in implementation of international law
Fair Trial Standards
Penal Code
Criminal Procedure Code
Law of Evidence
Special Laws
Academic Lecture တွေအပြင် ပြန်လည် အသုံးချလို့ရတဲ့ Applied Course တွေပါ ထည့်သွင်း သင်ကြားပေးသွားမှာဖြစ်ပြီး Discussion Session နဲ့ Question and Answer Time တွေလည်း ပါဝင်တဲ့အတွက် သင်တန်းသားသင်တန်းသူတွေရဲ့ Critical Thinking ကိုပါ တိုးတက်လာစေပါမည်။
အဆိုပါသင်တန်းတွင်ပါဝင်သည့် သင်ရိုးများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူအခွင့်အရေး ချိုးဖောက်ခံရခြင်းအပေါ် ဥပဒေအရ ပေးအပ်ထားသည့် ပြည်တွင်း ပြည်ပ ကုစားမှု ယန္တရားများ နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေအနေ၏ အရေးပါပုံများ ပြစ်မှုကြောင်းအရ စွပ်စွဲခံလာရပါက ပြည်တွင်းဥပဒေအရ ရပိုင်ခွင့်များနှင့် ကုစားမှုများ တရားမျှတမူ ဖော်ဆောင်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရေးပါပုံများကို အဓိထား သင်ကြားပေးမည်ဖြစ်သဖြင့် ဥပဒေသမားများသာမက ဥပဒေစိတ်ပါဝင်စားသူများပါ တတ်ရောက်သင့်သော သင်တန်းလေးဖြစ်ပါတယ် ။
သင်ကြားမည့်အစီအစဉ်
Zoom
Google Classroom
Telegram
Google Form
လုပ်သက်အတွေ့အကြုံရှိသော ဥပဒေပညာရှင် ဆရာ/ဆရာမများက နိုင်ငံတကာစံချိန်စံနူန်းများနှင့်အညီ သင်ရိုးရေးဆွဲကာ ဦးစီး သင်ကြားပေးမည်ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပါကလည်း E Certificate ကို ပေးအပ်ချီးမြှင့်ပေးမည်ဖြစ်ပါတယ်။
သင်တန်းနှင့်ပါတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက page messenger တွင်လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။