မျက်စိထဲက ဆူး
ဟိုလူမကောင်းဘူးကွယ်မဆိုပါနဲ့! မဆုံးဖြတ်ပါနဲ့ကွယ်..... ကောင်းတဲ့အရာလည်းရှိတတ်တာပဲ၊ရှာရှာဖွေဖွေကြည့်စမ်းချင်တယ်!!!
ဟိုလူမျက်လုံးထဲမှာအလွန်ငယ်တဲ့! ဆူးကလေးကိုတွေ့တယ်....
ကိုယ့်မျက်စိအထဲ ဆူးကြီးကြီးဟာလည်း....
ခုလုခုလုဖြစ်ကာနေတော့တယ်!!!!
Rev. Sein Lin
ရှင်မဿဲခရစ်ဝင် ၇:၃-၅
ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ
ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။
ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင်
ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော
ငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း။
လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော
တံကျင်ကိုရှေးဦးစွာ ထုတ်ပစ်လော့။
နောက်မှ ညီအစ်ကို မျက်စိ၌ ရှိသော
ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။