Original Myanmar Music ဆိုသည်မှာ
ဗမာ (မြန်မာ) အဆိုတော် / တေးဆိုများနှင့် သက်ဆိုင်သော (တရားဝင်) အင်တာနက် စာမျက်နှာများကို ရှာဖွေ စုစည်းကာ၊ ၎င်းအနုပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေး တိုင်ပင်လျှက် ၊ ဂီတကို စိတ်ဝင်စားသော မိဘပြည်သူများနှင့် အတူတကွ ဗမာ (မြန်မာ )တေးသီချင်းများကို အနောက်တိုင်း ဂီတတူရိယာများဖြင့် တီးခတ်၊ တီးမှုတ် ၊ သီဆိုနိုင်ရန် စာအုပ်များ ပြုလုပ်သွားမည့် စီမံကိန်း တခုဖြစ်သည်။ မူပိုင်ခွင့် ရရှိထားသော တေးသီချင်းများကိုသာ ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်သည်။ နိုင်ငံတကာ တေးသီချင်များ ၊ အော်ပရာ ဇာတ်တေး သီချင်း နှင့် ခေတ်သစ် ပေါ်ပြူလာ တေးဂီတ သီချင်းများဖြစ်သော Broadway Music Books များ ကဲ့သို့ ဖြစ်ပေါ်လာရန် ရည်ရွယ်ပါသည်။