နိဒါန်း (Introduction)
ကချင် အနုပညာတေးသံရှင် (တေးသံရှင်၊ တေးဆို) များ၏ နောက်ခံသမိုင်းများကို လေ့လာကာ ၄င်းတို့၏ ကချင် တေးသီချင်းများကို နိုင်ငံတကာ ဂီတနုတ်စ် music notation များ ပြုလုပ်ပြီး၊ မှတ်တမ်း စာအုပ် (သို့) ကချင် ဂီတ သမိုင်းစာအုပ် များ ပြုလုပ်ရန် အတွက် စိတ်ကူးတခု ရရှိသောကြောင့် အကောင်အထည်ဖော်လိုသည့်အတွက် ယခုလို project 1 အမည်ပေးကာ သုတေတန စာတမ်များ လက်တွေ့ ပြုလုပ်လိုက် ရခြင်းဖြစ်ပါသည်။
(2022 December daram hta laika buk , draff paper ni lu wa let matut nna mung laika buk shapraw sa wa yang hte seng ai ISBN lekmat ni lu hkra mung shakut nga nngai rai) (၂၀၂၂ ဒီဇင်ဘာ မတိုင်မီ စာအုပ် မူကြမ်း Draff paper များ ရရှိလာမည်ဖြစ်ပြီး ၊ ဆက်လက်၍ စာအုပ် ထုတ်ဝေဖြန့်ချီရန်အတွက် စာမူခွင့်ပြုချက် နှင့် သက်ဆိုင်သော အရာများကိုလည်း ပြင်ဆင်ကာ နိုင်ငံတကာ ISBN လက်မှတ် ရရှိနိုင်ဖို့ရန်အတွက်လည်း ကြိုးစားနေပါတယ်ခဗျား။)
ရည်ရွယ်ချက် (aim & purpose)
ကချင်အနုပညာရှင်များ၏ တေးသီချင်းများနှင့် ၎င်းတို့၏ ဂီတဆိုင်ရာ သမိုင်းကြောင်းများကို စာပေ ၊ စာအုပ်များဖြင့် လေ့လာနိုင်ရန်အတွက် ဖြစ်သည်။
အချိန်ကာလ (Project Duration)
Project 1/0001-0010 ၏ ကြာမြင့်ချိန် Duration ကိုတော့ ဖေဖော်ဝါရီ ၈ ရက် မှ နိုဝင်ဘာ ၂၉ ရက် ၊ ၂၀၂၂ ဟု Due Date သတ်မှတ်ထားပါသည်။ မည်သူမဆို ပါဝင်ကူညီနိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ပါရစေနော်။
Project 1/0001-0010
Project 1/0001-0010 ဆိုသည်မှာ ကချင်အနုပညာရှင် (တေးသံရှင် ၊ တေးဆို) ၁၀ ဉီး ၏ အကြောင်းအရာ များနှင့် ၎င်းတို့၏ တေးသီချင်းများကို စာအုပ် စာပေ နှင့် စာရွက်များပေါ်တွင် ကချင် ဂီတနှင့် သက်ဆိုင်သော အရာများကို စိတ်ဝင်စားသူများအနေဖြင့် အသေးစိတ် လေ့လာနိုင်ရန် ဖြစ်သည်။
မိတ်ဆွေများအနေဖြင့်လည်း မိမိတတ်စွမ်းသည့်ဘက်မှ "ကချင် ဂီတသမိုင်း" များ ဖြစ်ပေါ်လာရန်အတွက် မိမိသိရှိထားသော အကြောင်းအရာများဖြင့် လက်တွေ့ ပါဝင် ကူညီလိုပါက brangs074@gmail.com (သို့) +639771154019 (viber) နှင့် ဆက်သွယ်နိုင်ပါသည်။ ပါဝင်ကူညီပေးသူများကို ထိုက်တန်သော ဆု ကျေးဇူးများ ပေးအပ်ခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေခဗျား။