အရင်အပတ်က fiscal policyနဲ့monetary policyအကြောင်းရေးခဲ့ပါတယ်။ ဒီအပတ် Central Bankအကြောင်းရေးပါမယ်။ Central BankကိုUSမှာThe Federal Reserveလို့ခေါ်ပါတယ်။ The Fedလို့လည်း အတိုကောက်ခေါ်ပါတယ်။ Central Bank ဟာ"bankers' bank"ဖြစ်ပါတယ်။ bank of governmentလည်းဖြစ်ပါတယ်။ Central Bankအများစုဟာ politically independent(နိုင်ငံရေးအရ လွတ်လပ်သော အဖွဲ့အစည်းမျိုးဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာသာ အစိုးရထိန်းချုပ်ပါတယ်။ ✍️Central Bankမှာလူတွေအနေနဲ့ checking accountsဖွင့်လို့မရပါဘူး၊ငွေချေးလို့လည်းမရပါဘူး။Central Bank မှာprivate banksတွေရဲ့ checking deposits ထားလို့ရပါတယ်။ အကယ်၍ member banksတွေအနေနဲ့ အခက်အခဲရှိလာရင်Central Bankကငွေချေးပေးပါတယ်။ ဒါကြောင့်Central Bank ကို" lender of last resort"လို့လည်းခေါ်ပါတယ်။ ✍️အဓိက ကတော့Central Bankကmoney supply ကိုထိန်းချုပ်ပါတယ်။ monetary policyတွေချမှတ်သလို private banksတွေကိုလည်းထိန်းချုပ်ပါတယ်။ exchange rateသတ်မှတ်တာမျိုးတွေ၊foreign exchange reserveကို လည်း သူက စီမံပါတယ်။ နိုင်ငံခြားငွေအရောင်းအဝယ်လုပ်တာမျိုး၊ငွေတိုက်စာချုပ်ရောင်းဝယ်တာမျိုးတွေလည်းလုပ်ပါတယ်။နိုင်ငံရဲ့ ငွေသားတွေကိုရိုက်နှိပ်ထုတ်ဝေပါတယ်။ financial system, banking systemကိုထိန်းချုပ်ပါတယ်။ ✍️Central Bank အနေနဲ့ monetary policy ချမှတ်ရာမှာအောက်ပါobjectives 3ခုကို အဓိကထားပါတယ်။
1.full employment
2.stable price
3.high economic growth
✍️Central Bank က အဓိက monetary tools (3)ခုကိုအခြေခံပြီးpolicies တွေချမှတ်ပါတယ်။
1.(federal) discount rate
2.reserve ratio requirements
3.open market operations
Monetary policyကိုease or tighten(ပြေလျော့ခြင်း သို့မဟုတ် တင်းကျပ်ခြင်း) ပြုလုပ်ပြီး money supply (money that circulates in the economy) ကိုထိန်းချုပ်ပါတယ်။ expansionary နဲ့ contractionary monetary policy ဆိုပြီးနှစ်မျိုးရှိပါတယ်။ အောက်မှာ အကျယ်ရှင်းပါမယ်။ 👉ပထမအချက်discount rateကိုပြောပါမယ်။ Discount rateဟာCentral Bankက private bankတွေကိုငွေချေးတဲ့အတိုးနှုန်းဖြစ်ပါတယ်။ သူကinterest rateကိုသွယ်ဝိုက်သောနည်းဖြင့်ထိန်းချုပ်ပါတယ်။ Central BankကိုThe Fedလို့သုံးပါမယ်။ ✔️ဥပမာ၊The Fedက discount rateကိုတိုးလိုက်တယ်ဆိုပါစို့။ ဒါဆိုbanksတွေက The Fedကငွေချေးရာမှာ အတိုးနှုန်းများတဲ့အတွက် သူတို့ရဲ့interest ratesကိုလည်းလိုက်တိုးမှာပါပဲ။ ဒါကို လူပုဂ္ဂိုလ်တွေ အနေနဲ့ ကြည့်ရင် အတိုးမြင့်(high interest rate)ဖြစ်လာတဲ့အတွက် ငွေချေးနှုန်းကျဆင်းလာပြီး economyထဲကို ငွေစီးဆင်းမှု(money supply) လျော့စေပါတယ်။ဒါဟာ "contractionary monetary policy"ဖြစ်ပါတယ်။ ဒါကို high inflation (boom) ဖြစ်နေတဲ့အချိန်မှာ price stabilityဖြစ်စေဖို့သုံးပါတယ်။ ✔️expansionary monetary policyကိုေတာ့discount rate ကိုလျှော့ပေးတယ်လို့ ယူဆပါ။ ပြောင်းပြန်တွေးကြည့်ပါ။ ဒါကိုတော့ economyမှာ deflationဖြစ်နေတဲ့အချိန်၊high unemployment(recession)ဖြစ်နေတဲ့အချိန်မျိုးမှာ money supplyကိုတိုးစေဖို့ သုံးပါတယ်။👉ဒုတိယအချက် reserve ratio requirements ။ဒါကိုအရင် ကအနည်းငယ်ပြောခဲ့ပါတယ်။ သူက private banksတွေအနေနဲ့ ငွေချေးတဲ့အခါမှာ Central Bank ကသတ်မှတ်ထားတဲ့ reserve ratioကိုချန်ပြီးမှကျန်တဲ့ငွေသားကိုချေးရပါတယ်။ ဒါဟာbanksတွေအနေနဲ့ riskနည်းစေဖို့ဖြစ်ပါတယ်။ ✔️ဥပမာ၊The Fedက reserve ratio 10%ထားတယ်ဆို ဘဏ်မှာအပ်ငွေ ၁၀၀၀၀၀ရှိရင် ၁၀၀၀၀ကိုချန်ပြီးကျန်တဲ့ငွေသားကိုသာထုတ်ချေးရပါတယ် ။အကယ်၍recession ဖြစ်နေတဲ့အချိန်မှာ money supply တိုးစေချင်တယ်ဆိုရင် The fedက reserve ratioကိုလျှော့လိုက်ပါတယ်။ ဒါကြောင့်ငွေစီးဆင်းမှု(money supply) တိုးလာပြီး investmentတွေများများလုပ်နိုင်ပြီးအလုပ်အကိုင်တွေရလာပါမယ်။ economy က growthဖြစ်လာပါမယ်။ ဒါကိုexpansionary monetary policy လို့ဆိုပါတယ်။ ➡️2020 March 26 မှာဆိုရင်The fed (Central Bank of the USA)က corona virusကြောင့်reserve ratio requirementကို0%အထိလျှော့ချခဲ့ပါတယ်။✔️Contractionary monetary policy ကိုတော့reserve ratioတိုးတယ်လို့ယူဆပြီး ကိုယ်တိုင်တွေးကြည့်ပါ။ ဒါကိုတော့economy boomဖြစ်ပြီးinflationမြင့်နေတဲ့ ချိန်မှာ price stabilityဖြစ်စေဖို့သုံးပါတယ်။👉နောက်ဆုံးအနေနဲ့ open market operation မှာThe fedကgovernmentရဲ့ bonds,securities(ငွေတိုက်စာချုပ်)တွေကို အရောင်းအဝယ်လုပ် ပြီး money supply ကိုထိန်းချုပ်ပါတယ်။ Money supplyကိုတိုးစေချင်တဲ့အချိန်၊recessionဖြစ်နေချိန်မှာ economyထဲမှာရှိတဲ့ bondsတွေကို The fedကလိုက်ဝယ်ပါတယ်။ဒီအတွက်central bank ရဲ့ ငွေကြေးဟာeconomyထဲကိုစီးဆင်းပါတယ်။ဒါကို expansionary monetary policyလို့ဆိုပါတယ်။ ✔️high inflationဖြစ်နေတဲ့အချိန်မှာ bondsတွေကိုရောင်းပါတယ်။ဒါကြောင့်နိုင်ငံတွေအနေနဲ့economyရဲ့ငွေကြေးဟာCentral Bankကိုဝင်ပါတယ်။ money supplyလျော့ပြီး price stableဖြစ်စေပါတယ်။ ဒါဟာ contractionary ပါ ။ 💦အားလုံးပဲ စိတ်ဝင်တစားဖတ်ရှူပေးလို့ကျေးဇူးတင်ပါတယ်။နောက်အပတ်တွေလည်း macroeconomicsနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ လာပါမယ်။ ကျန်းမာရေးဂရုစိုက်ကြပါ။ 🏃♂Keep on reading.
#Good_Hope #Knowledge_Sharing #ThuThuKhine
What is "trade"?
ဒီစကားလုံးက အတော်များများရင်းနှီးပြီးဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ "ကုန်သွယ်မှု"ပါ။တစ်ဖက်နဲ့တစ်ဖက် ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ငွေကြေးအသုံးပြုပြီး ကုန်သွယ်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ "ငွေကြေး "အကြောင်းကိုပြောစရာရှိလာပါတယ်။ ငွေကြေးတွေမရှိခင်က လူတွေကမိမိ မှာပိုလျှံတဲ့ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုတွေကိုအခြားသူတွေရဲ့ ကုန်စည်၊ဝန်ဆောင်မှုတွေနဲ့လဲလှယ်ကြပါတယ်။ဒါကို"ကုန်စည်လဲလှယ်မှု "၊"barter"လို့ခေါ်ပါတယ်။Tradeလို့ပြောရင် အများစုက international tradeလို့မြင်ကြပါတယ်။ပုံစံ၂မျိုးရှိပါတယ်။ domestic trade(ပြည်တွင်းကုန်သွယ်မှု) နဲ့ international trade (ပြည်ပကုန်သွယ်မှု)။ပြည်တွင်းကုန်သွယ်မှုမှာ မိမိနိုင်ငံရဲ့ငွေကြေးကိုအဓိက အသုံးပြုသော်လည်း ပြည်ပကုန်သွယ်မှု မှာတော့ နိုင်ငံအချင်းချင်း ငွေကြေးမတူတဲ့အတွက် ငွေလဲလှယ်နှုန်း(exchange rate) ကိုသတ်မှတ်ကြပါတယ်။Free tradeနဲ့ protectionism ဆိုပြီးကုန်သွယ်မှု (၂) မျိုးရှိပါတယ်။ Free tradeကတော့ ကုန်သွယ်ရေးအဟန့်အတားတွေဖြစ်တဲ့ စည်းကြပ်ခွန်၊အရေအတွက်ကန့်သတ်မှု၊ထောက်ပံ့ကြေးပေးခြင်း (tariffs, quotas, subsidies) စသည်တို့ မပါဝင်ဘဲနိုင်ငံအချင်းချင်း လွတ်လပ်စွာ ကုန်သွယ်ခြင်းဖြစ်ပါတယ်။ Protectionism မှာတော့ domestic firmsတွေ ကို ကာကွယ်တဲ့အနေနဲ့ importsတွေအပေါ်မှာ အခွန်စည်းကြပ်ခြင်း(tariffs) ၊သွင်းကုန်အရေအတွက်ကန့်သတ်ခြင်း (quotas) ၊domestic firmsတွေကို ထောက်ပံ့ကြေးပေးခြင်း(subsidies) တို့ကို government က interveneလုပ်ပြီးကုန်သွယ်မှုပြုပါတယ်။ဘောဂဗေဒအမြင်အရ scarcity(ရှားပါးမှု) ကြောင့် tradeဖြစ်လာခြင်းဖြစ်ပါတယ်။ နိုင်ငံတွေမှာ လိုသမျှထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်တွေရှိရင် ကုန်သွယ်စရာမလိုပါဘူး။ ဒါပေမဲ့ productive resources(inputs) တွေဖြစ်တဲ့land, labour, capital, entrepreneurship တွေဟာ အကန့်အသတ်နဲ့တည်ရှိပါတယ်။ လိုသမျှထုတ်နိုင်ဖို့ မလုံလောက်ပါ။ ဒါကြောင့်နိုင်ငံတွေအနေနဲ့ absolute advantage သို့ comparative advantage ရရှိတဲ့ ကုန်စည် သို့ ဝန်ဆောင်မှုကို ဇောက်ချထုတ်လုပ်ခြင်း(specialization) ပြုလုပ်လာကြပါတယ်။မိမိတို့ပိုလျှံတဲ့ ကုန်စည်တွေနဲ့ အခြားနိုင်ငံမှမိမိတို့လိုအပ်တဲ့ကုန်စည်တွေကို ကုန်သွယ်ကြပါတယ်။ဒီအတွက်နှစ်ဦးနှစ်ဖက် အကျိုးခံစားရပါတယ်။ဥပမာ မြန်မာနိုင်ငံအနေနဲ့comparative advantageရှိတဲ့ ဆန်စပါးကိုအဓိကထုတ်လုပ်ကာ exportလုပ်ပြီးလိုအပ်တဲ့ ကုန်စည်တွေကိုimportပြန်လုပ်ခြင်း။အားလုံးပဲ quarantine အချိန်မှာ ဗဟုသုတ ရလိုက်မယ်ထင်ပါတယ်။ ကျန်းမာရေးဂရုစိုက်ကြပါ။#Good_Hope#Knowledge_Sharing#TTK
လူသားတွေနေ့စဉ်ဘဝမှာရုန်းကန်လှုပ်ရှားရင်းနေ့ နဲ့ည တစ်လှည့်စီ သံသရာလည်ပတ်နေသလိုဘဲ eco မှာလည်း circular flow ဆိုတာရှိပါတယ်။ Circular flow မှာ အဓိကအားဖြင့် market ၂ ခုကတော့output (product) market နဲ့ input (factor) market ဖြစ်ပါတယ်။
firmနဲ့ household ဆိုတဲ့ factor ၂ခုလည်းရှိပါတယ်။ ပထမဆုံး အနေနဲ့ output market မှာ firm တွေက good and services တွေကိုထုတ်လုပ်ပြီး household တွေကို ပြန်လည်ရောင်းချပေးတဲ့ market ဖြစ်ပါတယ်။ ဒီmarket မှာက firm က supply ဖြစ်သွားပြီး household တွေက demand ဖြစ်ပါတယ်/
အလွယ်ကူဆုံးပြောရရင် နေ့စဉ်ဘဝမှာတွေ့ကြုံဖူးတဲ့ market တစ်ခုပါ။ Payment တွေကလည်း household ကနေ firm တွေဆီစီးဆင်းသွားမှာပါ။ ဒုတိယ market ကတော့ input (factor) market ပါ။
သူကတော့အပေါ်က ပထမmarket နဲ့ပြောင်းပြန်ပါ။Firm တွေက good and service တွေကိုထုတ်လုပ်ဖို့အတွက် labour တွေလိုပါတယ်။ သူလိုအပ်တဲ့ labor တွေကို household တွေဆီကနေ ရရှိပါတယ်။
ဒါကြောင့်payment ကပြောင်းပြန်ဖြစ်သွားတာပါ။
firm တွေက demand ဖြစ်ပြီး household တွေက supply ဖြစ်သွားပါတယ်။ဒုတိယ market မှာမှ labor market, capital market နဲ့ land market ဆိုပြီးရှိပါသေးတယ်။အပေါ်မှာပြောပြခဲ့တဲ့ အတိုင်းဘဲ labor market မှာက household တွေက သူတို့ရဲ့လုပ်အားခကို firm တွေဆီရောင်းချပြီး ဝင်ငွေရလာတဲ့ အခါsaving လုပ်လာကြတယ်။capital market ကတော့ firm တွေလိုအပ်တဲ့ အရင်းအနှီးတွေကိုhousehold တွေရဲ့ saving ကနေရရှိပါတယ်။ ဒီအတွက် household တွေက interest ရရှိပါတယ် ။နောက်ဆုံး land market ကတော့ firm တွေလိုအပ်တဲ့ မြေနေရာ တွေကို household တွေကငှါးရမ်းပေးတာဖြစ်ပါတယ်။factor of production မှာ land , lobour,capital တို့ ပါဝင်ပြီး အခုဆိုရင် technology, entrepreneurship တို့ပါ ပါဝင်လာပြီဖြစ်ပါတယ်။ဖတ်ရှူ့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်
#God_Hope #Knowledge_Sharing #Moe
Economic မှာအဓိကအားဖြင့် microeconomics နဲ့ macroeconomic ဆိုပြီး (၂) ပိုင်းခွဲခြားထားပါတယ်။
အရိုးရှင်းဆုံးပြောပြရမယ်ဆိုရင် micro က သစ်ပင်တစ်ပင်အကြောင်းကိုလေ့လာတာနဲ့တူပြီး macro ကတော့ သစ်တောကြီးတစ်ခုလုံးအကြောင်းကိုလေ့လာတာနဲ့တူပါတယ် အခုပြောပြမယ့် microeconomics မှာ ပထမဆုံးနဲ့အခြေခံအကျဆုံးအချက်ကတော့ demand နဲ့ supply ပေါ့။ demand က ဝယ်လိုအား, supply ကရောင်းလိုအား ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။demand မှာမှ quantity demanded နဲ့ price ရယ် supply မှာမှ quantity supplied နဲ့price ဆိုပြီးထပ်ရှိပါတယ်။Demand လို့ပြောလိုက်ရင်ထင်ရှားတယ့် သီအိုရီကတော့ law of demand ပါ။law of demand ကprice နဲ့ quantity demanded ကြားမှာပြောင်းပြန် ဆက်စပ် နေပါတယ် စျေးနှူန်းတက်ရင် quantity demanded ကျမယ်။ စျေးနှူန်းကျရင် quantity demaned တက်မယ်။quantity demanded နဲ့ quantity supplied ညီတဲ့နေရာကိုequilibrium လို့သတ်မှတ်ထားတာ ဖြစ်ပါတယ်။အဲ့ဒီ့ equilibrium မှာဆိုရင်တော့ စျေးနှူန်းပြောင်းလဲခြင်းမရှိပါဘူး။နောက်တစ်ခု law of supply က law of demand နဲ့ပြောင်းပြန်ပါ။ price နဲ့ quantity ကြားမှာတိုက်ရိုက်ဆက်စပ်နေပါတယ်။စျေးနှူန်းတက်ရင် quantity တက်မယ်။ စျေးနှူန်းကျရင် quantity ကျမယ်။Current price မှာQuantity demanded က quantity supplied ထက်ပိုသွားမယ်ဆိုရင်တော့ excess demand ဖြစ်သွားမှာပါ။ အဲ့ဒါကိုshortage လို့ခေါ်ပါတယ်။ နောက်တစ်ခုလဲဒီလိုပါဘဲ current price မှာဘဲ quantity supplied က quantity demanded ထက်ပိုသွားရင်excess supply ဒါမှမဟုတ် surplus လို့ခေါ်ပါတယ်။
#Good_Hope #Knowledge_Sharing #Moe
Macroeconomicsက economyတစ်ခုလုံးကိုလေ့လာတာဖြစ်ပါတယ်။ Macroကို နားလည်ချင်ရင် Microကိုအရင်သိမှရပါမယ်။ MicroရဲconceptတွေကMacroမှာ ပြန်အသုံးချရတာကြောင့်ပါ။
Macroeconomics ဟာ1930sမှာ ဖြစ်ခဲ့တဲ့ great depression နောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့ပါတယ်။Macronomicsဟာbusiness cycle theory, monetary theoryတွေပေါ်မှာအခြေခံပါတယ်။ Macroeconomics ရဲ့ဖခင်ကတော့John Maynard Keynes ဖြစ်ပါတယ်။ သူ့ရဲ့ အကြောင်းကိုသူငယ်ချင်းတစ်ယောက်ရေးထားပါတယ်။အောက်ကlinkမှာဖတ်ပါ။
https://www.facebook.com/105800520990866/posts/113639930206925/
Macroeconomicsမှာအဓိကobjectivesသုံးခုရှိတယ်။
1. High output(GDP)
2.Low unemployment and high employment
3.Price Stability
ဒီအချက်တွေကိုတော့နောက်အပတ်တွေမှာ သေချာရှင်းပြပါမယ်။
ဒီobjectivesတွေပြီးမြောက်အောင် policiesတွေချမှတ်ရပါတယ်။
1.Fiscal policy
2.Monetary policy
1.Fiscal policyကိုgovernmentကချမှတ်ပါတယ်။ သူ့မှာအဓိက government expenditures and taxesတွေကို လိုသလိုထိန်းချုပ်ပြီးobjectivesကိုရအောင် လုပ်ပါတယ်။
2.Monetary policyကိုတော့federal reserve ခေါင်းစဉ်central bankကထိန်းချုပ်ပါတယ်။ သူကအဓိကinterest ratesနဲ့money supply ကို ထိန်းချုပ်ပါတယ်။economyရဲ့အခြေအနေပေါ်မူတည်ပြီးထိန်းချုပ်တာဖြစ်လို့ Expansionary monetary policyနဲ့contractionary monetary policyဆိုပြီးရှိပါတယ်။ fiscal policy လည်းအလားတူပါပဲ။ နောက်အပတ်တွေမှသေချာ Objectives တွေအကြောင်းကို ရှင်းပြမယ်နော်
#Good_Hope #Knowledge_Sharing #TTK
Good Hopeရဲ့ပထမမိတ်ဆက်အနေနဲ့
Economicsအကြောင်းနည်းနည်းပြောမယ်။ ကိုယ်တို့တက်နေတဲ့ကျောင်းက Yangon University of Economics.
ကျောင်းနာမည်မှာအသက်က Economicsပါ။ ကျောင်းမှာတက်နေသူတွေ အနေနဲ့ ဘယ်majorကိုယူယူ Economicsကိုတီးမိခေါက်မိအောင် သိထားသင့်ပါတယ်။
Economicsအကြောင်းသိချင်ရင် လူတွေအကြောင်း သိဖို့လိုမယ်။ဘာကြောင့်ဆို သူကhuman behaviour ကိုလေ့လာတာဖြစ်တယ်။
-လောကမှာ ကိုယ့်ရဲ့လက်ရှိအနေအထားကို ကျေနပ်တင်းတိမ်နိုင်တဲ့သူ ဘယ်နှယောက်ရှိမလဲ။တစ်ယောက််မှရှိမယ်မထင်ဘူး။ပုထုဇဉ်လူသားတိုင်းကမွေးကတည်းက လောဘနဲ့အတူလာကြတာပါ။အကောင်းဆုံး၊အတော်ဆုံးသူတွေတောင် အခုထက်ပိုတော်ချင်၊ကောင်းချင်ကြတာ။ဒါလူ့သဘာဝပါပဲ။
လူ့အလိုဆန္ဒဆိုတာမျိုးက ကျတ်တွင်းရေသို့သောက်လေသောက်လေငတ်မပြေ(unlimited wants) ဆိုသလို ရလေလိုလေပါပဲ။
-လောကမှာ အလကားရနိုင်တာ ဘာမှမရှိပါဘူး။ လူတွေ ဟာ အလိုဆန္ဒပြည့်ဝဖို့ ပိုင်ဆိုင်တဲ့အရင်းအမြစ် တစ်ခုကို အသုံးချရပါတယ်။ ကမ္ဘာပေါ်က အရင်းအမြစ်တွေအကုန်လုံးအကန့်အသတ်(limited resources) ရှိပါတယ်။ ဥပမာ- အလကားရနေပေမယ့်ဝယ်လို့မရတဲ့ အဖိုးတန်ဆုံးအရင်းအမြစ်ဟာအချိန်ပါ။ဘာမဆိုအချိန်ရှိမှ လုပ်နိုင်တာပါ။ အဲ့အချိန်ကလည်း အသက်ရှင်နေတုန်းသာရတာပါ။
-အကန့်အသတ်မရှိတဲ့လိုအင်ဆန္ဒတွေနဲ့ အကန့်အသတ်တဲ့အရင်းအမြစ်ကြားက ပြဿနာက ရှားပါးမှု(scarcity) ပါပဲ။ဒီပြဿနာကိုဖြေရှင်းဖို့ စဉ်းစားတွေးခေါ်တဲ့ ဘာသာရပ်က Economicsဖြစ်တယ်။ Economicsဟာရရှိနိုင်တဲ့အရင်းအမြစ်တွေကို အကောင်းဆုံး အကျိုးကျေးဇူးရအောင် ဘယ်လိုခွဲဝေ အသုံးချမလဲဆိုတာလေ့လာခြင်းဖြစ်ပါတယ်။ Economic theoriesတွေဟာ mathematics အပေါ်အခြေခံပြီးလေ့လာရတာကြောင့် social scienceလို့မှတ်ယူရပါတယ်။ သိသလောက်မျှဝေခြင်းဖြစ်ပါတယ်။ ဖတ်ပေးတာ ကျေးဇူးပါ။
#Good_Hope #Knowledge_Sharing #TTK