Starting from BC 588 to
episode 1
မြို့ပြတွေထွန်းကားလာရတဲ့ အဓိက အကြောင်းအရင်းဟာ အခြေချလူဦးရေများပြားလာလို့ဖြစ်ပါတယ်။ ပထဝီ၀င်အနေအထားကောင်းမွန်မှု၊ စီးပွားရေးလုပ်ကိုင်ဖို့ လွယ်ကူမှု၊ စက်ရုံ အလုပ်ရုံတိုးပွားလာမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုတွေကြောင့် အခြေချနေထိုင်သူတွေများပြားလာပြီး မြို့ပြတွေဖြစ်လာပါတယ်။ ဘီစီ (၅၈၈) ကနေစပြီး အေဒီ ၆ ရာစုမှာ ဒဂုံမြို့၊ ထိုမှတစ်ဆင့် ၁၇၅၅ ရန်ကုန် မှသည် ယခု ၂၀၂၀ ခုနှစ် ရန်ကုန်မြို့။၁၈၅၂ Second Anglo-Burmese War အပြီး ရန်ကုန်ကို အင်္ဂလိပ်တို့ ၀င်ရောက်လာချိန်ထိ ရန်ကုန်ဟာ မြို့မဟုတ်ပဲ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာသာသာပဲရှိတယ်လို့ ဖတ်ခဲ့ရပါတယ်။ ၁၈၅၃ ကနေစပြီးစီးပွားရေးနဲ့ နိုင်ငံရေးအချက်အခြာမြို့အဖြစ် တည်ဆောက်ခဲ့ကြပါတယ်။ ဒါဆိုရင် Urban ဆိုတဲ့ အဆင့်တစ်ခုကို ၁၈၅၃ မှာရောက်ခဲ့တယ်လို့ ကနဦး မှတ်ယူလို့ရပါတယ်။ ၁၈၅၃ ရန်ကုန်နဲ့ ၂၀၂၀ ရန်ကုန်မှာ ဘာတွေကွာခြားသွားသလဲ?
#Good_Hope #Yangon_and_Her_Soul
#Eric
episode 2
၁၈၅၃ ရန်ကုန်နဲ့ ၂၀၂၀ ရန်ကုန်မှာ ဘာတွေကွာခြားသွားသလဲ?
အထင်ရှားဆုံး ဝိသေသ ကတော့ ရန်ကုန်မြို့နေလူဦးရေများပြားလာပါတယ်။ ဒီလိုများပြားလာခြင်းဟာ ရှိရင်းစွဲ နေထိုင်သူများရဲ့ လူဦးရေတိုးပွားလာမှုအပြင် ကျေးလက်ဒေသများမှ ရွှေ့ပြောင်းအခြေချမှု ကြောင့် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် (Urbanisation) မြို့ပြထွန်းကားလာမှု ပါ။၁၈၂၃ ခုနှစ်မှာ လူဦးရေ ၃၀၀၀၀ ပဲနေထိုင်တဲ့ ငါးဖမ်းရွာသာသာ မြို့လေးဟာ ၁၉၃၀ ၀န်းကျင်မှာ လူ ၅ သိန်း၊ ၁၉၆၀ မှာ ၁.၅ သန်း ထိရှိလာတယ်။ အခု ၂၀၂၀ ခုနှစ်မှာ ၅.၃ သန်းထိရှိလာတယ်။ ကိုလိုနီခေတ်မှာ Urban Area ၉ မြို့နယ်ပဲရှိခဲ့ပေမယ့် လက်ရှိမှာ ၃၃ မြို့နယ်ထိ ရှိလာခဲ့တယ်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ တစ်စတုရန်း ကီလိုမီတာမှာ ၇၁၆.၃ ယောက်ရှိပေမယ့် ရန်ကုန်မြို့ပြဧရိယာမှာတော့ ၁၂၃၀၈ ယောက်ရှိနေတာကိုတွေ့ရပါတယ်။ မြို့ပြလူဦး ရေ များပြားလာမှုနဲ့ မြို့ပြဧရိယာ ချဲ့ထွင်လာမှုဟာ Urban Growth (မြို့ပြဖွံဖြိုးလာမှု) ဖြစ်ပါတယ်။ ဒီလို မြို့ပြလူဦးရေများပြားလာမှုဟာ ၂၀၄၀ မှာ ၁၁ သန်းထိရှိလာမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီးဟာ ဒီလူ ၁၁ သန်းကို တာ၀န်ယူရတော့မှာပါ။ လက်ရှိမှာတော့ JICA နဲ့ပူးပေါင်းပြီး The Greater Yangon စီမံကိန်း နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတို့ကို လုပ်ဆောင်နေပါတယ်။ ဘာကြောင့်ရန်ကုန်မှာ လူတွေများလာရတာလဲ?
Episode 3 မှာပြန်တွေ့ရအောင်