သင် ခရီးသွားမယ်ဆိုပါတော့၊ ဘယ်ကိုသွားမယ် ဘာနဲ့သွားမယ် အချိန်ဘယ်လောက်နဲ့ ရောက်မယ်ဆိုတာ စပြီးတော့စဉ်းစားရပြီ။
ဒီလိုပဲ ဈေးကွက်သုတေသနဆိုတာက စီးပွားရေးလုပ်ငန်းတွေ Product ပဲဖြစ်ဖြစ် Service ပဲဖြစ်ဖြစ် စပြီးမထုတ်လုပ်ခင် ကိုယ့်ပစ္စည်းဟာ ဘယ်သူတွေအတွက်ဖြစ်မလဲ? Customer တွေက ဘာလိုချင်လဲ? ဘယ်လောက်နဲ့ရောင်းမလဲ? ဘယ်မှာရောင်းမလဲ? ပြိုင်ဖက်တွေက ဘယ်သူတွေလဲ? မြတ်နိုင်လား? ရှုံးနိုင်လား?စသည်ဖြင့် ကိန်းဂဏန်းတွေနဲ့ အချက်အလက်တွေစုဆောင်းပြီး သိပ္ပံနည်းကျ ခန့်မှန်းတာကိုပြောတာပါ။
ဈေးကွက်သုတေသနဆိုတာက လုပ်ငန်းနဲ့ စားသုံးသူတွေနဲ့ကို ချိတ်ပေးထားတဲ့ တံတားတစ်စင်းပါ။
Data ရဖို့အတွက် Primary ကော Secondary Data ကော လိုအပ်သလိုအသုံးပြုရပါတယ်။ Primary data ကတော့ မိမိကိုယ်တိုင် ကောက်ယူထားတဲ့ Data တွေဖြစ်ပြီး Secondary Data ကတော့ သန်းခေါင်စာရင်းပဲဖြစ်ဖြစ် တခြား Source က စုဆောင်းထားတဲ့ Data ကို အသုံးပြုတာမျိုးပါ။
Data တွေစုဆောင်းပြီးရင် Analysis လုပ်ပြီးတော့ ခန့်မှန်းရပါတယ်။
ရိုးရိုးရှင်းရှင်း Excel ကနေစပြီး SPSS စတဲ့ Statistical Software တွေထိ အသုံးပြုရပါတယ်။
Market Research ရဲ့ကောင်းကျိုးတွေ
အဓိကကတော့ Data ရှိနေတာပါပဲ။ သင့်အနေနဲ့ ပစ္စည်းတစ်ခုကို မရောင်းခင်မှာ စားသုံးသူတွေအကြောင်းသိနေတော့ ဘယ်လိုရောင်းရမယ်၊ ဘယ်လောက်ဈေးနဲ့ရောင်းရမယ် ဆိုတာ သိနေမယ်လေ။နောက်တစ်ခုအနေနဲ့ကတော့ ကုန်ကြစရိတ်သက်သာပါတယ်။ အသေးစားအလတ်စားလုပ်ငန်း တွေ အနေနဲ့ Specialize Market သေးတာမို့ ကိုယ်တိုင်လုပ်လည်းရပါတယ်။ နောက်ဆုံး Slide မှာဥပမာလေးပြထားပါတယ်။
ဥပမာ သင်က တစ်နိုင်တစ်ပိုင် Organic Scrub ထုတ်မယ်ဆိုပါတော့။
ခုဆို survey လွယ်လွယ်ကူကူကောက်လို့ရတဲ Platform တွေလည်း ရှိလာပြီဆိုတော့ Google Form လေးလုပ်ပြီး မေးတာပေါ့။ အရင်ဆုံး ဘယ်သူတွေက ၀ယ်မှာလဲဆိုတာ အရင်ဆုံးတွေးမိမယ်ထင်တယ်။ ဒါဆိုရင် မေးရတော့မယ်။ သင့်ရဲ့ အသက်ကိုဖြေဆိုပါ ဆိုရင် သင့်အနေနဲ့ Customer တွေရဲ့ အသက်အပိုင်းအခြားကို သိပြီ။ လူကြီးပိုင်းတွေက လိုချင်တာလား။ တက္ကသိုလ်အရွယ်တွေလား? လူလတ်ပိုင်းလား စသည်ဖြင့်ပေါ့။
ဟုတ်ပြီ Scrub ကို ဘယ်လောက်နဲ့ရောင်းမလဲ စဉ်းစားတော့မယ်။ ဒါဆိုရင် မေးခွန်းမှာ သင့်အနေနဲ့ Scrub ၀ယ်မယ်ဆို ဘယ်လောက် ဘူး Size မျိုး၀ယ်မှာလဲ ဘယ်လောက်ဈေးဆို သင့်တော်မလဲ မေးလိုက်ရင် ကိုယ့်ပစ္စည်းဘယ်လောက်ထုတ်မယ်နဲ့ ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတာ မှန်းလို့ရသွားပြီလေ။အင်တာနက်လေးဖွင့် Form လေးလုပ် အဖြေတွေကိုဆန်းစစ် မပင်ပန်းဘူး။ ပိုက်ဆံလည်း သိပ်မကုန်ဘူး။(မှတ်ချက် - ဤ ဥပမာသည် Market Research အားခြုံငုံမိအောင်သာ ရေးသားထားခြင်းဖြစ်ပြီး Assumption များရှိပါသည်။)
#eric
ကျွန်တော့်အထင် လူငယ်အများစုက Google Form ကနေ Survey ဖြေဖူးကြမှာပါ။ Survey က အမြန်ဆုံးနဲ့ အလွယ်ဆုံး Data Collection Method လို့ သတ်မှတ်လို့ရပါတယ်။ စာရွက်ပေါ်က၊ ဒါမှမဟုတ် Form ထဲကမေးခွန်းတွေကို Respondents တွေကဖြေပေးမယ်။
Survey က ကောင်းကျိုးအများစုရှိပေမယ့် open-ended questions တွေဆိုရင်တော့ မေးမြန်းသူဖက်က Data Standardize လုပ်ရတာနဲ့ ဖြေဆိုသူဖက်က အရမ်းရှည်လို့ မရေးချင်တာတွေ၊ အချိန်မရတာတွေကြောင့် reliable မဖြစ်တာ၊ အဖြေလွဲနေတာတွေဖြစ်တတ်ပါတယ်။ (Open-ended Question ဆိုသည်မှာ အတွေ့အကြုံ၊ အဖြစ်အပျက်များကို မေးမြန်း၍ အသေးစိတ်ဖြေကြားနိုင်သော မေးခွန်းဖြစ်သည်။
ဥပမာ- သင်ကြည့်ဖူးသော ရေသန့်ဘူးကြော်ငြာအကြောင်းပြောပြပါ လို့ဆိုရင် ကြော်ငြာရဲ့ ဇာတ်လမ်းဇာတ်ကွက်၊ မင်းသားမင်းသမီး၊ ကြည့်ဖူးတဲ့အချိန်စသည်ဖြင့် မိမိတွေ့ဖူးသမျှ အတွေ့အကြုံတွေကို Respondent ကဖြေကြားမှာဖြစ်ပါတယ်။)
In-depth Interviews
သူကတော့ လူတွေ့မေးမြန်းတာပါ။ Survey နဲ့ မတူတာက Interview မှာ မျက်နှာချင်းဆိုင် ဖြေဆိုတာဖြစ်ပြီးတော့ ဖြေဆိုသူရဲ့ နှုတ်မှအဖြေကို လိုက်လံမှတ်သားရတာပါ။
Focus Group ဦးတည်အုပ်စု
ဒီနည်းလမ်းကတော့ နောက်ခံတူတဲ့သူတွေကို စုစည်းမေးမြန်းတာပါ။ ဥပမာလေးနဲ့ပြောပြတာနားလည်လွယ်ပါမယ်။ ဥပမာ ရုပ်ရှင်ကြည့်ပြီး ပြန်လာတဲ့သူတွေကို ရုပ်ရှင်အကြောင်းမေးမြန်းတာပါ။ ဒီရုပ်ရှင်ကောင်းလား၊ ဘယ်သူက မင်းသားလဲ၊ Happy Ending လား၊ မင်းသမီးချောလား စသည်ဖြင့်ပေါ့။ သင်ကလည်း ရုပ်ရှင်အကြောင်းကိုသိချင်တာဖြစ်သလို ဖြေဆိုသူအားလုံးကလည်း ရုပ်ရှင်နဲ့ ပတ်သတ်တာပဲဖြေဆိုမှာပါ။ ဒါပေမယ့် Focus Group က နဲနဲတော့ အန္တရာယ်များပါတယ်ဗျ။ ဘာလို့လဲဆိုရင် ဖြေဆိုသူတစ်ယောက်ယောက်က အရမ်းကို Forceful ဖြစ်နေရင်ပဲဖြစ်ဖြစ် မေးတဲ့သူကပဲအရမ်း Influence ဖြစ်နေရင်ပဲဖြစ်ဖြစ် အဖြေမှန်မရနိုင်ပါဘူးတဲ့။
Observation
သူကတော့ Survey လည်းမဖြည့်ခိုင်းသလို မေးခွန်းလည်း မဖြေရပါဘူး။ ကိုယ်တိုင်လေ့လာတာပါ။ ဥပမာ သင်က စားသောက်ဆိုင်တစ်ခုကို လြေလာတယ်ဆိုပါတော့ဘယ်အချိန်မှာ လူများသလဲ၊ ကိုယ်တိုင်ယူရတဲ့ စနစ်လား၊ Buffet လား စသည်ဖြင့် သင်ကိုယ်တိုင်လေ့လာတာပါ။
#eric
ဒီမေးခွန်းကလွယ်သယောင်ထင်ရပေမယ့် တကယ်တမ်းကျ ခက်သားဗျ!
Organizationလို့ဆိုရာတွင် Profit Organizationနဲ့ Non-profit Organizationဟူ၍ ၂ မျိုးခွဲနိုင်သည်။
တစ်နည်းအားဖြင့် private sector နှင့် public sectorဟူ၍ဖြစ်သည်။ Profit Organizationတိုင်း၏ first goal သည် profit oriented !!သူတို့၏ performance ကို တိုင်းတာလိုလျှင်
Return on investment or Residual Income စသည်ဖြင့်တိုင်းတာနိုင်သည် သို့ရာတွင် Non-profit Organizationတွင်မူ
First goal သည် provision of goods and services
Second goal သည် Minimize cost
သူတို့၏ performance ကိုမူ Value for money ဖြင့် တိုင်းတာနိုင်သည်။ Value for money ကို အလွယ်မှတ်လိုလျှင်'3E' ဖြစ်သည်ဆိုလိုသည်မှာ
E conomy
E fficiency
E ffectiveness
ဖြစ်သည် Economy သည် input resource ကိုအသက်သာူဆုံဖြစ်အောင် ရယူခြင်းဖြစ်သည် Efficiency သည် output result per input ဖြစ်သည်။ သူ့ကို productivity ဖြင့်တိုင်းနိုင်သည်။ Effectiveness သည် output result ဖြစ်သည်။Input ထည့်၍ process ကောင်းကောင်း runနိုင်မှ ကောင်းမွန်သော Output ရမည်သာဖြစ်သည်။ စာကြွင်း: public sector ဟုဆိုရာတွင် Government Business Enterprise များသည် profit oriented organizationများသာဖြစ်သည်။
#Good_Hope #Knowledge_Sharing #Soe_Nyi