The Hopers will be sharing international articles adding their own thoughts on a specific topic.There is also a special series where they will be writing their own article by taking some references.
Special Article Series can be read in sub-pages.
Great Depression
The Great Depression ဟာဆိုရင် 1929 ခုနှစ် October 24 ၊အမေရိကန်ပြည်ထောင်စုမှာစတင်ဖြစ်ပေါ်ခဲ့ပြီး တစ်ကမ္ဘာလုံးကိုရိုက်ခတ်စေခဲ့တဲ့ အကြာရှည်ဆုံးနဲ့ အပြင်းထန်ဆုံး စီးပွားရေးပျက်ကပ်ကြီးဖြစ်ပါတယ်။ ဒီစီးပွားရေးပျက်ကပ်ဟာ ၁၀နှစ်နီးပါးလောက်ကြာမြင့်ခဲ့ပြီး သမိုင်းပညာရှင်တွေက ၂၀ ရာစုအတွင်းမှာ အဆိုးဝါးဆုံး စီးပွားရေးပျက်ကပ်တစ်ခုဖြစ်တယ်လို့ယူဆကြပါတယ်။ ဒါ့အပြင် စတော့စျေးကွက်ပြိုလဲခဲ့တဲ့ ၁၉၂၉ ခုနှစ် အောင်တိုဘာ ၂၉ ရက် နေ့ကို အနက်ရောင် အင်္ဂါနေ့ ( Black Tuesday )အဖြစ်သတ်မှတ် ကာ ကမ္ဘာ့စီးပွားရေးပျက်ကပ်စတင်တဲ့နေ့ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ပထမကမ္ဘာစစ် အပြီး ၁၉၁၈ နောက်ပိုင်းမှာဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေနေ ကတည်ငြိမ်ပြီးကောင်းမွန်နေခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ Nation’s Total Wealth ဟာဆိုရင် ၁၉၂၀ နဲ့ ၁၉၂၉ အတွင်းမှာ ၂ဆ နီးပါးလောက် တိုးမြှငိ့်ပြီးရရှိခဲ့တယ် ။ အဲ့တာကြောင့်အဲ့ဒီအချိန်ကို “ The Roaring Twenties “ လို့ခေါ်ဆိုခဲ့ကြပါတယ်။ အဲ့ဒီအချိန်တွေမှာ စတော့စျေးကွက်စနစ်ဟာ ထွန်းကားနေတဲ့ အချိန်ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေက ကုမ္ပဏီတွေရဲ့ စတော့ရှယ်ရာတွေကိုဝယ် ယူကြတယ်။ ဒီစီးပွားရေးလုပ်ငန်းရှင်တွေသာမက လူတိုင်းလိုလို banks တွေကပေးတဲ့ loans တွေနဲ့ သူတို့စုဆောင်းထားတဲ့ငွေတွေကို စတော့ထဲ အကုန်ထည့်ကြတယ်။ ဒီဟာရဲ့အကျိုးဆက်က ၁၉၂၉ august လမှာဆိုရင် စတော့မားကက်ဟာအမြင့်ဆုံးဖြစ်သွားခဲ့တယ် ။ ဒါကြောင့်မို့ စတော့ စျေးကွက် ပြိုကွဲသွားတဲ့အချိန်မှာ အမေရိကန်တစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းတွေ ကျဆင်းကုန်တယ် စတော့တွေလည်းအကုန်ဆုံးရှုံးကုန်တယ်။ အဲ့တာကြောင့်ကုမ္ပဏီတွေ အများစုဟာပိတ်လိုက်ရတယ် ။ဒါ့အပြင် အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ဘဏ်အရေအတွက် စုစုပေါင်း ၄၀% နီးပါးပိတ်လိုက်ရပါတယ်။အလုပ်သမားတွေရဲ့ ဝင်ငွေဟာလည်း လျော့နည်းခဲ့ပါတယ်။ဒါ့အပြင် အလုပ်လက်မဲ့လူဦးရေဟာဆိုရင်လည်း ၃% ကနေ ၂၅% အထိမြှင့်တက်ခဲ့တယ် ။ အလုပ်လက်မဲ့တွေများလာပြီးကုန်ပစ္စည်းတွေဝယ်ယူ နိုင်ခြင်းမရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအများစုက ရပ်ဆိုင်းခဲ့ကြပြီး အလုပ်လက်မဲ့ဦးရေဟာပိုပြီးမြှင့်တက်ခဲ့ပါတယ်။ Gross domestic product (စုစုပေါင်းပြည်တွင်းထုတ်ကုန်) ဟာဆိုရင်လည်း ဒေါ်လာ ၁၀၃ ဘီလီယံ ကနေ ၅၅ ဘီလီယံ အထိကျဆင်းသွားခဲ့ပါတယ်။ဒါပေမယ့်သမိုင်းပညာရှင် အများစုက Great Depression ဖြစ်စေတဲ့အကြောင်းအရင်းက စတော့စျေးကွက် ပြိုလဲသွားခြင်းအပြင် အခြားသော အချက်များဖြစ်တဲ့ ကုန်ပစ္စည်းတွေ အလွန်အကျွန်ထုတ်မိခြင်း( over production and surplus )၊ banking and money policies တွေအပြင် political decisions တွေကြောင့်လည်း ဖြစ်စေရတယ် လို့ ယူဆကြပါတယ်။ ကမ္ဘာ့စီးပွားရေးပျက် ကပ်ကြီးက ဒုတိယကမ္ဘာစစ် စတင် ချိန် မှာပြီးဆုံးခဲ့ပါတယ်။ဒါကတော့ယေဘုယျအများစုသုံးသပ်ထားတဲ့အချက်ပဲဖြစ်ပြီး ဘယ်လိုအဆုံးသတ်သွားတယ်ဆိုတာကိုတော့ ငြင်းခုံဆဲ ဖြစ်ပါတယ်။
#elss
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ အရေးကြီးပါတယ်။ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာရင် နိုင်ငံထဲမှာ ထုတ်လုပ်မှုစွမ်းအားမြင့်တက်လာတယ်။ နိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေရလာတယ်။ ၀င်ငွေတိုးလာတယ်။ အခွန်အခတွေ ရတာမို့ အစိုးရအနေနဲ့ အခြေခံအဆောက်အဦ တည်ဆောက်ခြင်းတွေအတွက် ပိုမိုသုံးစွဲလာနိုင်တယ်။ နောက်နေ့မှာ ရင်းနှီးမြုပ်နှံမှုတွေကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရမယ်ဆိုတာ ရေးပါမယ်။အခု ရင်းနှီးမြုပ်နှံမှုတွေ၀င်ရောက်လာအောင် ဆွဲဆောင်တဲ့ အချက်တွေကို ရှင်းပြပေးပါ့မယ်။
နိုင်ငံရေး တည်ငြိမ်မှု
နိုင်ငံရေးနဲ့ စီးပွားရေးဟာလည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေရင် နိုင်ငံတွင်းစီးပွားရေးလုပ်ငန်းတွေ၊ ကုန်စည်စီးဆင်းမှုနဲ့ ကုန်သွယ် ရေးကိုပါ သက်ရောက်မှုတွေရှိတာမို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ၀င်ရောက်ဖို့ နိုင်ငံရေးတည်ငြိမ်မှုရှိရပါမယ်။
မူဝါဒရေးရာတည်ငြိမ်မှု
၁၉၆၀ နောက်ပိုင်းမှစပြီး အာရှနိုင်ငံတွေဟာ ထုတ်ကုန်ဦးစားပေးမူဝါဒ (Export Promotion Policy) တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးတဲ့ မူဝါဒ တွေကို အသုံးပြုလာကြပါတယ်။ ၎င်းမူဝါဒဟာ အောင်မြင်ခဲ့ပြီး ဂျပန်၊ကိုရီးယား၊တရုတ်၊စင်္ကာပူ စတဲ့နိုင်ငံတွေဟာ အာရှရဲ့ စီးပွားရေးအတိုးတက်ဆုံးနိုင်ငံတွေဖြစ်လာပါတယ်။ စီးပွားရေးတိုးတက်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတဲ့ မူဝါဒ တွေရှိရပါမယ်။ မူဝါဒတွေရှိရုံနဲ့ မလုံလောက်သေးပဲ ၎င်းမူဝါဒများဟာလည်း တည်ငြိမ်ရပါမယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မူဝါဒတည်ငြိမ်မှုမရှိရင် Risk များတယ်လို့ယူဆတာမို့ Policy မငြိမ်တဲ့ နိုင်ငံတွေကို လာရောက်ဖို့ လက်တွန့်တတ်ကြပါတယ်။
အလုပ်သမားစရိတ်သက်သာမှု
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အလုပ်သမားစရိတ်နည်းပါးမှုဟာလည်း နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေအတွက် မျက်စိကျစရာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စက်မှုအကြီးအကျယ်မထွန်းကားတာ ကြောင့် လုပ်သားအခြေပြုထုတ်လုပ်မှု စနစ်ကို အသုံးပြုတာမို့ လုပ်သားအင်အားများပါတယ်။ ထို့ပြင် ၁၉၈၀ ခုနှစ်၀န်းကျင် ဟောင်ကောင်ရဲ့ အလုပ်သမားစရိတ်ဟာ အမေရိကန်လုပ်သားစရိတ်ရဲ့ ၄၀ ရာခိုင်နှုန်းပဲရှိပါတယ်။ အိန္ဒိယဆို ၇ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ လုပ်သားအင်အားများပြားခြင်းနဲ့ အလုပ်သမားစရိတ်နည်းပါးခြင်းအပြင် ပညာတတ်မြောက်မှုနဲ့ လုပ်ငန်းကျွမ်းကျင်မှုကိုလည်း ဦးစားပေးတာမို့ နိုင်ငံ့ပညာရေးဟာလည်း အရေးကြီးပါတယ်။
ရင်းနှီးမြှပ်နှံမှုများ၀င်ရောက်လာစေရန် မက်လုံးပေးမှု
နိုင်ငံတွင်း စီးပွားရေး တိုးတက်စေဖို့အတွက် အစိုးရမှ အားပေးထောက်ခံပေးမှုတွင်အပြင် မက်လုံးပေးမှု (Incentives) တွေလည်း လိုပါတယ်။ ဥပမာ အထူးစီးပွားရေးဇုန်တွေလုပ်ပေးတာ၊ အခွန်လျှော့ပေးတာမျိုးပေါ့။သုတေသီအချို့ကတော့ Incentive တွေက သိပ်အရေးမကြီးဘူးဆိုပေမယ့် ရင်းနှီးမြှပ်နှံမယ့်သူဖက်ကကြည့်ရင်တော့ နိုင်ငံ ၂ နိုင်ငံယှဉ်လိုက်ရင် သူ့ကို ဖိတ်ခေါ်တဲ့ နိုင်ငံကိုပဲ သွားမှာပါ။
နိုင်ငံခြားဈေးကွက်ကို အလွယ်တကူ ၀င်ရောက်နိုင်မှု
နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေဟာ Market ထဲကို လွယ်လွယ်၀င်ရောက်နိုင်တဲ့ အချက်ကိုလည်း စဉ်းစားကြပါတယ်။
ဥပမာ - သူတို့ ရင်းနှီးမြှပ်နှံမယ့် နိုင်ငံက European နိုင်ငံတွေရဲ့ ကုန်သွယ်မှု ပိတ်ပင်ခြင်းကိုခံနေရရင် သူ့ပစ္စည်းတွေကို EU ကို ပို့လို့မရတော့တာမျိုးပေါ့။
နောက်ဥပမာအနေနဲ့ Lomé Conventionအရ
အာဖရိကနဲ့ ပစိဖိတ်ရပ်၀န်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ EU နိုင်ငံတွေကို အခွန်လွတ် ကုန်တင်ပို့ခွင့်ရတာမို့ ရင်းနှီးမြှပ်နှံသူတွေအနေနဲ့ ၎င်းဒေသ နိုင်ငံတွေမှာ Investmentလုပ်လေ့ရှိကြပါတယ်။
Eric
ကိုယ်လျှောက်ရမယ့်လမ်းနဲ့ လျှောက်ချင်တဲ့လမ်း မတူကြတဲ့အခါ
ကျွန်တော်တို့ လူငယ်တွေရဲ့အဓိက ပြဿနာတွေထဲမှာ ဒီတစ်ချက်က တော်တော်ကြီးတဲ့အထဲပါနေတာကို တွေ့ရပါတယ်။ လက်ရှိလူငယ်အများစု ၉၀ရာခိုင်နှုန်းလောက်က ကိုယ်တကယ် စိတ်ဝင်စားပါတယ်ဆိုတဲ့လမ်းတွေကို အကြောင်းအမျိုးမျိုးနဲ့ မျက်ကွယ်ပြုပြီး တခြားလမ်းတွေကို ရွေးထားရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ဒီလိုဆိုတော့ အများစုက စိတ်ထဲမှာ တစ်ချိန်မဟုတ်တစ်ချိန် ငါမှားသွားပြီလား ဒါမှမဟုတ် ငါပျော်ရပါတော့မလား ငါဝါသနာပါတာကို အချိန်ပေးခွင့်ရပါတော့မလား ဆိုတဲ့ အားငယ်တဲ့ နောင်တရချင်တဲ့စိတ်တွေ ဝင်လာတတ်ကြပါတယ်။
ဒီတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေပြောင်းလဲပစ်နိုင်မလဲ...စဉ်းစားကြည့်ရအောင်။
ပထမတစ်မျိုးလုပ်နိုင်တာကတော့ 3 Idiots ရုပ်ရှင်ထဲက Farhan လိုမျိုး လုံးဝလမ်းပြောင်းပစ်လိုက်တာပါ။ ကိုယ်ဝါသနာပါရာလမ်းကို ဘာတွေဖြစ်ဖြစ်ကွာ ဆိုပြီး ရင်ဆိုင်ပစ်လိုက်တာမျိုးပေါ့။ ဒါက မြန်မာ့ပတ်ဝန်းကျင်နဲ့တော့ တော်တော်လေးခက်ခဲတယ်လို့ ဆိုရမှာပါပဲ။ မိဘတွေကိုရင်ဆိုင်ရမယ်... မိဘတွေကလက်ခံတယ်ဆိုရင်တောင် ရင်ဆိုင်ရမယ့်ပြဿနာက အများကြီးရှိပါသေးတယ်။ Short term မှာ ကြုံရမယ့် ဒုက္ခတွေကို ခံနိုင်ပြီး Long term မှာ ကိုယ်အဆင်ပြေပြေနဲ့ ပျော်ပျော်ကြီးနေနိုင်မယ်ဆိုရင်တော့ စွန့်စားသင့်တဲ့လမ်းပါပဲ။
ကျွန်တော်အခု အဓိကပြောချင်တာကတော့ ဒုတိယတစ်မျိုးပါ။
အဲ့ဒါကတော့ လျှောက်လက်စလမ်းနဲ့ ဝါသနာပါတဲ့လမ်း ပူးပေါင်းနိုင်မယ့်ဆုံမှတ်ကို ရှာဖွေဖို့ပါပဲ။ လမ်းကို အသစ်ကနေပြန်စလျှောက်လို့ မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့် အရင်းအနှီးကြီးပါတယ်။ အဲ့လိုမဟုတ်ဘဲ လျှောက်လက်စလမ်းကို ဆက်သွားရင်း ကိုယ့်ဝါသနာကိုလည်း အတူတူလုပ်နိုင်မယ့်လမ်းကိုရှာတာက ရေရှည်အတွက်ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ဒီနေရာမှာ တချို့ဝါသနာတွေက ကိုယ့် professional နဲ့ အတူတူပေါင်းလုပ်လို့ရတာမျိုးလည်းရှိသလို သီးသန့်ခွဲလုပ်ရတာမျိုးလည်းရှိမှာပါ။ ဥပမာဆိုရင် Eco တက်ပြီး ဝါသနာက IT ဆိုပါတော့။ ဒါဆိုရင် လမ်းနှစ်ခုက အစတော့ မတူနိုင်ဘူးဆိုပေမယ့် ကျွန်တော်တို့မှာ ပူးပေါင်းနိုင်မယ့်လမ်းတွေရှိပါတယ်... အားတဲ့အချိန်လေးမှာ IT ကို self study လုပ်ပြီး နောက်ပိုင်းကိုယ့်ရဲ့ Bussiness ကို IT နဲ့ပူးပေါင်းလိုက်တာမျိုး... ယောက်ျားလေးတွေဆိုရင် အများအားဖြင့် ကိုယ်ပိုင် Business တစ်ခုအဖြစ် Gaming Cafe' ဖွင့်လိုက်တာမျိုးပေါ့။ တချို့ ပူးပေါင်းလို့မရတာမျိုးကျတော့ ဥပမာဆိုရရင် Professional က သာမန်လူရွေးများတဲ့ လမ်းတစ်ခုခုဆိုပါတော့... ကိုယ့်ဝါသနာက Comics တွေဖန်တီးချင်တာမျိုး။ ဒါဆိုရင် လမ်းနှစ်ခုက ပူးပေါင်းတာထက် ကိုယ့်အလုပ်ကိုအချိန်တစ်ခုပေး ဝါသနာကိုအချိန်တစ်ခုပေး အဲ့လိုလုပ်ရမှာပါပဲ။ စိတ်အားထက်သန်ရင် မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ ဒီနေရာမှာ ကျွန်တော်တို့ လူငယ်အများစုက အားနေတဲ့အချိန်တော်တော်များများကို ဒီပရက်ရှင်ဝင်ရင်း ဒါမှမဟုတ် အိပ်ရင်း ဖြတ်သန်းကြတာများပါတယ်.... အထူးသဖြင့် ညဘက်အားရင် ဒီဝင်နေပြီး နေ့ဘက်အားရင် အိပ်နေတာမျိုးပေါ့။ အဲ့ဒီထဲက အချိန်လေးခဏလောက်ပဲဖဲ့ပေးနိုင်ရင်တောင် ကျွန်တော်တို့ရဲ့ long term မှာ ပိုကောင်းတဲ့လမ်းတွေကို လျှောက်နေရနိုင်ပါတယ်။ဒီလိုပြောလို့ ကျွန်တော်ကိုယ်တိုင်ကရော အဲ့လိုမဟုတ်ဘူးလားဆိုတော့ အရင်ကတော့ ဒီလိုပါပဲ... ပြောရရင် အရင်က သူပုန်ဆိုပေမယ့် အခုတော့ အလင်းဝင်လာပါပြီ ပေါ့။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော့်လို အပေါ်မှာပြောခဲ့တဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကိုမေးနေကြမယ့် လူငယ်တွေကို ကျွန်တော့်အမြင်လေးတစ်ခု sharing လုပ်ပေးချင်တာပါ။လျှောက်မယ့်လမ်းတိုင်း သာယာပြီး ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းရင်း...။
#Good_Hope #Dream_Big #Swun_Pyae
2020 Russia-Saudi Arabia ရေနံဈေးနှုန်းစစ်ပွဲဘယ်ကစဖြစ်တာလဲ ဘာကြောင့်ဖြစ်တာလဲ?
ပြီးခဲ့တဲ့လအတွင်းဓာတ်ဆီဈေးထိုးကျတာအားလုံးလည်းသိကြမှာပါ။ ဘာကြောင့်ထိုးကျတာလဲဆိုတာတော့ Russia နဲ့ Saudi တို့ကြားမှာ ရေနံဈေးအပြိုင်အဆိုင်လျှော့ချပြီး price war ကိုဆင်နွှဲကြတာကြောင့်ပဲဖြစ်ပါတယ်။ ဒီရေနံဈေးစစ်ပွဲကို ဆော်ဒီက March လ 8ရက်နေ့က 3လဖြတ်မှာ ရေနံဈေးရဲ့ 65%လျှော့ပြီးစတင်ခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာမှာတော့ US ရဲ့ရေနံဈေးက 34% ရေနံစိမ်းဈေးက 26% brent ရေနံဈေးက 24% ကျဆင်းခဲ့ပါတယ်။ ဒီရေနံဈေးစစ်ပွဲဟာ saudi arabia, russia နဲ့တခြားရေနံထုတ်လုပ်သောနိုင်များအပေါ်တွင်သာမက stock marketအပေါ်လည်း သက်ရောက်မှုရှိခဲ့ပါတယ်။ အခုတော့ပြေလည်သွားပြီး သမိုင်းဝင်ရေနံထုတ်လုပ်မှုလျှော့ချဖြင်းဖြင့် ရေနံဈေးတွေလည်းပြန်လည်မြင့်တက်လာပြီဖြစ်ပါတယ်။ ဆိုတော့ ရေနံစစ်ပွဲနဲ့ပတ်သက်ပြီးတစ်ချက်လေ့လာကြည့်ရအောင်။
ရေနံစစ်ပွဲအစဟာ Saudi Arabiaက Europe, Asia နဲ့ USက customer တွေကို ရေနံတစ်စည်ကို $6 ကနေ $8 အထိ discountပေးမယ်လို့ ရုတ်တရက်ထုတ်ပြန်ခဲ့တာကစခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် ရေနံဈေးကျဆင်းခြင်းနှင့် တခြားအကျိုးသက်ရောက်မှုများ ထိုနေ့တွင်ပင်ဖြစ်ပေါ်ခဲ့ပါတယ်။ Brent ရေနံစိမ်းဈေးဟာ 30%ကျဆင်းခဲ့ပြီး Gulf war ခေါ် 1990-91ခုနှစ်က ဆင်နွှဲခဲ့တဲ့ operation desert shieldအပြီး အကြီးမားဆုံးဖြစ်ပါတယ်။ ထိုထုတ်ပြန်ချက်ပြီးနောက်တစ်နေ့ March 9 မှာတော့ကမ္ဘာတစ်လွှားကstock marketများအရှုံးပေါ်ခဲ့ကြပါတယ်။ Russian ruble ဟာလည်း 7%ကျဆင်းခဲ့ပါတယ်။ Russiaက ရေနံထုတ်လုပ်မှုကို တစ်ရက် 3သိန်းသာပိုထုတ်မယ်လို့ထုတ်ပြန်ခဲ့ပေမယ့် Saudi Arabiaဟာ ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် 9.7millions စည်ထုတ်လုပ်ရာမှ 12.3millionsစည်ထုတ်လုပ်မယ်လို့ march 10မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရေနံဝယ်လိုအားဟာ ဆက်လက်ကျဆင်းနေခဲ့တာကြောင့် brentဈေးဟာ March 18မှာတစ်စည်ကို $24.72ဖြစ်ခဲ့ပြီး WTIဈေးကတော့ တစ်စည်ကို $20.48ဖြစ်ခဲ့ပါတယ်။ ရေနံဈေးဟာ Marchလ တစ်လလုံးဆက်လက်ကျဆင်းခဲ့ပါတယ်။ US president Donald Trumpရဲ့ကြားဝင်ညှိနှိုင်းပေးမှုကြောင့် Russia president Vladimir Putinဟာ စွမ်းအင်ဝန်ကြီး Alexander Novak ကိုအရေးပေါ် OPEC meeting ပြင်ဆင်ဖို့ညွှန်ကြားခဲ့ပြီး ရေနံထုတ်လုပ်မှုကိုလည်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်ရက်လျှင် 10millions စည်ဖြတ်တောက်ဖို့ထုတ်ပြန်ခဲ့ပါတယ်။ Putinရဲ့ထိုထုတ်ပြန်ချက်ကြောင့် ရေနံဈေးပြန်တက်လာခဲ့ပါတယ်။ ရေနံထုတ်လုပ်မှုဖြတ်တောင်မှုကြောင့် ရေနံသန့်စင်မှုနဲ့ရောင်းချမှုနှီးနွှယ်သောအလုပ် သန်း50ဟာအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်လို့ IEA(International Energy Agency)ရဲ့ director ဟာထုတ်ပြန်ခဲ့ပါတယ်။ US ရေနံဈေးဟာ april 2 မှာ သမိုင်းတစ်လျှောက်တစ်ရက်အတွင်းအမြင့်မားဆုံးအဖြစ် 25%တက်ခဲ့ပါတယ်။ Brentရေနံကတော့ april 3မှာ $32သို့ဈေးတက်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Saudi Arabia နိုင်ငံခြားရေးနဲ့ စွမ်းအင်ဝန်ကြီးတွေဟာ Putin ကို OPEC+ သဘောတူညီမှုမှထွက်ခွာခဲ့သည့်အတွက်ဝေဖန်သည့် statementများ ထုတ်ပြန်ခဲ့ပါတယ်။ OPECဟာ ရေနံဝယ်လိုအားကို 6.8millions bpd(Barrels per day) အထိကျဆင်းမယ်လို့ခန့်မှန်းခဲ့ပါတယ်။ April 9မှာတော့ OPECနဲ့ russiaဟာ ရေနံထုတ်လုပ်မှုကို 10millions bpd လျှော့ချဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ USAကတော့ ထုတ်လုပ်မှုကို နှစ်အဆုံးမှာ 2millions bpd လျှော့ချမယ်လို့မျှော်လင့်ရပါတယ်။ OPECဟာ Mexicoကိုလည်း 400,000လျှော့ချဖို့တောင်းဆိုခဲ့ပါတယ်။
#myat_min_mg_mg
အားလုံးသိတဲ့အတိုင်းပါပဲ Covid-19 ပြန့်ပွားမှုကြီး ပြီးဆုံးသွားသည့်တိုင် ကျနော်တို့ရဲ့ ဘဝတွေက ယခင်ရှိမြဲတိုင်း အခြေအနေကလို ရှိနေမှာ မဟုတ်တော့ပါဘူး
ဒီကပ်ရောဂါကြီးရဲ့ သက်ရောက်မှုကြောင့် ကျနော်တို့ရဲ့ ဘဝတွေ, အကျင့်တွေနဲ့ နေထိုင်မှုပုံစံတွေပြောင်းလာပါလိမ့်မယ် အဲသည်လို မျှော်မှန်းထားတဲ့ အဖြစ်နိုင်ဆုံးပြောင်းလဲမှု၄ခုကို အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်
၁။တိုက်ခန်းတွေ Condoတွေအစား လူတွေက သီးသန့်အိမ်ဝယ်ဖို့ ငှားဖို့ကိုပဲ ပိုဦးစားပေးလာကြပါလိမ့်မယ်
တိုက်ခန်းအများစုဟာ တစ်နေရာတည်းမှာ အခန်းတွေအများကြီး လူတွေ အများကြီးနေလို့ ရအောင် လုပ်ထားပြီး ရေရှည် ကျန်းမာရေးအတွက် ဂရုပြုပြီး စီမံထားတာတွေ, သန့်ရှင်းမှုတွေ လစ်ဟာနေလေ့ရှိကြပါတယ် ယခုကပ်ရောဂါကြီးဟာ လူတွေကို တတ်နိုင်သမျှ အခြားသောအရာတွေ လူတွေနဲ့ မလိုအပ်ပဲ ထိတွေ့ မှု ရှောင်ရှားရမယ်ဆိုတဲ့ အသိကို လူတွေကို ပေးလိုက်ပါတယ် ဒါ့ကြောင့် လူတွေက လူဦးရေ ထူထပ်တဲ့ မြို့ပေါ်က တိုက်ခန်းတွေ Condoတွေအစား လူဦးနေ နည်းပါးပြီး တစ်သီးတစ်သန့် နေထိုင်လို့ရတဲ့ နေရာတွေမှာ သီးသန့်အိမ်တွေနဲ့ နေထိုင်ဖို့ ရွေးချယ်လာကြပါမယ်
၂။လေနဲ့ရေသန့်စင်တဲ့ စနစ်တွေကို အလေးထားလာကြမယ်
ယခင်က အိမ်တွေမှာ လေနဲ့ရေ သန့်စင်တဲ့ စနစ် ထည့်သွင်းမှုကို မလိုအပ်တဲ့ အရာလို့ လူအများစုက သတ်မှတ်ထားခဲ့ကြပါတယ် ယခုကပ်ရောဂါကြီး ဖြစ်လာတဲ့အခါမှာတော့ လူတွေက ရေက တစ်ဆင့် ဒါမှမဟုတ် လေကတစ်ဆင့် ရောဂါပိုးတွေပါလာမှာကို စိုးရိမ်လာကြပါမယ် လက်ဆေးလို့မှ ရောဂါမကာကွယ်နိုင်ဘူးဆိုတဲ့ အဖြစ်ကို ကြောက်ရွံ့လာကြပါတယ် ထို့ကြောင့် Smart Home Systems ထုတ်လုပ်တဲ့ လုပ်ငန်းရှင်းတွေဟာ ယခင်ကထက် ပိုပြီး လေနဲ့ရေရဲ့ အရည်အသွေး သန့်စင်မှုကို စိစစ်ပေးနိုင်တဲ့ systemsတွေ ထုတ်လုပ်လာကြဖို့ လိုအပ်လာပါတယ် ထို့ပြင် ဧည့်သည်တွေ deliveryတွေအတွက်လည်း အပြင်ကပါလာတဲ့ပိုးတွေသတ်တဲ့ အခန်းတွေကိုလည်း အချို့လူတွေက ထည့်သွင်းလာကြပါလိမ့်မယ်
၃။ အိမ်ကို ရုံးအဖြစ် ပိုအသုံးပြုလာကြမယ်
သည်အချက်ကတော့ လူတွေရဲ့ စိတ်အခြေအနေကြောင့် ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ် အများစုက သည် quarantine ကာလမှာ အိမ်ကနေပဲ အလုပ်လုပ်ကြရပါတယ် ဒါ့ကြောင့် အချို့လူတွေက အိမ်မှာပဲ လုပ်လို့ရတဲ့ ရုံးသွားစရာမလိုတဲ့အလုပ်တွေကို အိမ်ကနေ လုပ်ရတာ ပိုမို သက်တောင့်သက်သာရှိကြောင့် သိလာပါတယ် ရုံးကိုသွား, စားပွဲမှာတစ်နေကုန်နီးပါးထိုင်ပြီး စိတ်ကျဥ်းကျပ်စွာ အလုပ်လုပ်ရမယ့်အစား အိမ်ရဲ့ ဧည့်ခန်း, အိပ်ခန်း စသဖြင့် ကိုယ်ကြိုက်တဲ့နေရာကနေ အလုပ်လုပ်ရတာကို ပိုသဘောကျလာကြပါမယ်
၄။လိုအပ်တာထက် ပိုတဲ့ အကြီးစား ထုတ်လုပ်ရေးတွေကို ဆန့်ကျင်လာကြမယ်
အခုဆိုရင် လူတွေက တရုတ်ပြည်အပေါ်က သန့်ရှင်းကြည်လင်တဲ့ ကောင်းကင်သစ်ကြီး ပုံတွေကို မြင်တွေ့ခဲ့ကြပြီး ဖြစ်ပါတယ် အကြီးစား ထုတ်လုပ်ရေးအများစုကို ရပ်ဆိုင်းခဲ့ပြီး 2လအကြာမှာ လေကောင်းလေသန့်တွေကို ရှုရှိုက်ခွင့် ရလာပြီး ကောင်းကင်ကြီးလည်း ကြည်လင်လာတာပဲ ဖြစ်ပါတယ် ထို့အပြင် ယခင်ကထက် ကျေးငှက်တွေ တိရစ္ဆာန်တွေကို ကျေးလက်ဒေသတွေမှာ ပိုမြင်တွေ့လာရပါတယ် ဒါဟာ ရာသီဥတုတွေ ပြန်လည်ကောင်းမွန်လာပြီး လေထု သန့်ရှင်းလာလို့ပဲ ဖြစ်ပါတယ် ဒါ့ကြောင့် လူတွေက လိုအပ်တာထက်ပိုတဲ့ အကြီးစား ထုတ်လုပ်ရေးတွေကို ကမ္ဘာကြီး မထိခိုက်အောင် ဆန့်ကျင်လာကြပါလိမ့်မယ်
#Good_Hope #Knowledge_Sharing #DominicAmara
Coronavirus နှင့် စီးပွားရေးအခြေအနေ
ကဲ အခုလက်ရှိပေါ်ပေါက်နေတဲ့ coronavirus ကြီးကိုလည်းစာဖတ်သူတို့တော်တော်များများကြားကြမှာပါ..သူ့ရဲ့ဇစ်မြစ်ကလည်း ching chong တို့ရှိတဲ့တရုတ်နိုင်ငံ Hubei ပြည်နယ်ရဲ့ Wuhan မြို့ကစတင်လာခဲ့တယ်..အခုဆိုလူတွေအားလုံးလည်း သတိကြီးစွာနေထိုင်စားသောက်နေရတယ်..လူ့အသက်ကအရေးကြီးသကိုး..ဒါတင်ပဲလား??စီးပွားရေးမှာရောဘာတွေထိခိုက်နေပြီလဲ??ကမ္ဘာမှာ စီးပွားရေးအင်အားလည်းကောင်း GDP အရ နံပါတ် ၂ နေရာမှာလည်းရှိတဲ့ တရုတ်ပြည်ကြောင့် နိုင်ငံအတွင်းက စက်ရုံအတော်များများပိတ်သိမ်းလိုက်ရတယ်။လုပ်ငန်းလည်ပတ်မှုတွေလည်းရပ်ဆိုင်းလိုက်ရတယ်။ဝူဟန်မြို့ဟာလည်း တရုတ်ပြည်ရဲ့အားထားရတဲ့မြို့တစ်မြို့ဖြစ်နေတဲ့အတွက် ထိခိုက်ဆုံးရှုံးမှုက အနည်းနှင့်အများပါပဲ။ကားစက်ရုံတွေဆိုလည်း ထုတ်လုပ်မှုတွေရပ်ဆိုင်းထာပြီး အလုပ်သမားတွေကအစ အိမ်ထဲပိတ်နေနေရတဲ့အထိပါပဲ။လူ့အသက်ကပိုအရေးကြီးသကိုး။World bank က ကလည်း ဒီလို outbreak တွေဟာ ကမ္ဘာ့ GDP ရဲ့ 5% နဲ့ညီတဲ့ စီးပွားရေးဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်တယ် ဆိုပြီး ခန့်မှန်းထားပါတယ်။စီးပွားရေးမှာတင်မဟုတ် tourism sector ကိုလည်းထိခိုက်တာအမှန်ပါပဲ။tourism sector ဟာလည်းနိုင်ငံတစ်နိုင်ငံရဲ့ ငွေရပေါက်ဆိုလည်းမမှားပါဘူး။ ဒီကစာရေးသူရဲ့အမြင်ကတော့ တကယ့်အဓိက အကြောင်းအရင်းက virus ကြောင့်မဟုတ်ဘဲ ဒီ virus ကို တရုတ်အစိုးရ၊စားသုံးသူတွေ၊လုပ်ငန်းတွေကဘယ်လိုကိုင်တွယ်ဖြေရှင်းလဲဆိုတဲ့အပေါ်ပဲမူတည်တယ်လို့ထင်တယ်။ဘယ်လောက်ထိအကျိုးသက်ရောက်မှုတွေရှိမလဲဆိုတာကလည်း virus ဘယ်လောက်ပြန့်ပြီး ယ်လိုပြောင်းလဲမလဲဆိုတဲ့အပေါ်မူတည်မယ်လို့ထင်ကြေးပေးချင်ပါသေးတယ်။သို့သော်ဒါကလည်း ခက်မှန်းရလွယ်ကူမည့်အကြောင်းအရာမှမဟုတ်တာပဲ။ကဲ စာဖတ်သူတို့ရော??ဘယ်လိုထင်မြင်ပါသလဲ? #Good_Hope #Perspectives #Shally
"သင့်ရဲ့အထက်လူကြီးနဲ့သဘောထားမတူကြောင်းကို ဘယ်လိုညှိနှိုင်းပြောဆိုရမလဲ"
မိတ်ဆွေတို့တော်တော်များများကြုံဖူးကြမှာပါ ကျောင်းသားဘဝကဆိုရင် သင်ရဲ့ဆရာမ၊ အလုပ်ခွင်မှာဆိုရင် သင့်ရဲ့ Boss နဲ့ သဘောထားမတူတဲ့ ကိစ္စတွေကြုံဖူးကြမှာပါ။ သင့်ရဲ့ Boss ပြောတဲ့ အကြောင်းအရာတစ်ခုကို သင့်အနေနဲ့ အလုပ်မဖြစ်နိုင်ဘူးလို့ တွေးမိတယ်ဆိုပါတော့ သင့်အနေနဲ့ ဘယ်လို disagreeလုပ်ရမလဲ။ ပြောဖို့သင့်သလား ဘယ်လိုဆုံးဖြတ်မလဲ။ ဘယ်လိုမျိုးပြောသင့်သလဲ။
သင့်ရဲ့ အထက်လူကြီးနဲ့ သဘောထားမတူ(Disagreeing)ဖြစ်တဲ့အခါ ရှက်ကြောက်ကြတာ ဒါသဘာဝပါပဲ။"ငါတော့အလုပ်ဖြုတ်ခံရတော့မှာပဲ" ၊"Bossကတော့ ငါ့အပေါ်ကိုအမြင်စောင်းတော့မှာပဲ" လို့တွေးတတ်ကြပါတယ်။ ဒါပေမဲ့ ဒါသဘာဝပါပဲ။
အခုပြောပြပေးမှာက သင်ရဲ့ အထက်လူကြီးနဲ့ သဘောထားကွဲလွဲတဲ့အခါမျိုးမှ ဘယ်လိုညှိနှိုင်းပြောရမလဲဆိုတာပါပဲ။-ချက်ချင်းငြင်းဆိုတာမျိုးမလုပ်သင့်ပါဘူး။
သူတို့ရဲ့သဘောထားကို ဘယ်လိုရှိလဲဆိုတာ ဆုံးအောင်နားထောင်သင့်ပါတယ်။ အဲ့တာမှ သူတို့ရဲ့ သဘောထား သူတို့ ဘယ်လိုတွေးလဲဆိုတာ သင်သေချာသိနိုင်မှာဖြစ်ပါတယ်။ သင် သူတို့ရဲ့ သဘောထားကို သေချာသိပြီဆိုတာနဲ့ သင်သဘောထားကွဲလွဲကြောင်း အချက်အလက်ကျကျပြောတတ်အောင် အရင်စဉ်းစားသင့်ပါတယ်။သူ့ဘက်မှ သင့်ရဲ့ တပ်ကူလည်း ထားသင့်ပြန်ပါသေးတယ် ။ သင်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အရင်ဆွေးနွေးကြည့်ပါ။ သဘောထားကွဲလွဲကြောင်း မိမိအမြင်ဘယ်လိုရှိကြောင်းမပြောခင် အရင်ခွင့်တောင်းပါ မိတ်ဆွေ။ ထို့နောက်မှ သင့် အထက်လူ သို့ Boss နဲ့ သဘောထားကွဲလွဲကြောင်း အငြင်းသန်လို့ရပါပြီ။ ဒီအခါမှ သင့်ရဲ့ စကားအသုံးအနှုန်းသတိထားသင့်ပါတယ်။ ကြောက်နေဖို့မလိုသလို အရမ်းရဲတင်းပြီး စကားတွေရိုင်းသွားတတ်ပါတယ်။ အတတ်နိုင်ဆုံး အေးဆေးတည်ငြိမ်စွာနဲ့ ငြင်းဆိုသင့်ပါတယ်။ မူရင်းအကြောင်းအရာကို မလွှဲချော်ပါစေနဲ့။ မိမိကိုယ်ကို နှိမ့်ချပါ။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို နားလည်ပါ။
အကျဉ်းချုပ်ပြီးပြောရရင်
(ဘာတွေလုပ်သင့်လဲ)
-သင့်မှာ မတူတဲ့ အကြံဉာဏ်ရှိကြောင်းရှင်းပြပါ
-စကားကိုဖြေးဖြေးပြောပါ တည်ငြိမ်မှုရှိပါစေ။
-မူရင်း အကြောင်းအရာမပျောက်ပါစေနဲ့။
(ဘာတွေမလုပ်သင့်ဘူးလဲ)
- သင်နဲ့ သဘောထားမတူကြောင်းကို ပြောရင် သင်ရဲ့ career ကို ထိခိုက်နိုင်ကြောင်း၊ အထက်လူနဲ့အဆင်မပြေဖြစ်မှာကို စိုးရိမ်တာမျိုးမလုပ်သင့်ပါဘူး။
-ခက်ထန်တဲ့ စကားလုံးမျိုးမသုံးသင့်ပါဘူး
သင့်ရဲ့ အထက်လူ သို လုပ်ဖော်ကိုင်ဖက်တွေ စိတ်အခန့်မသင့် ဖြစ်သွားစေနိုင်ပါတယ်။ဒါဖတ်ပြီးရင် သင့်ရဲ့ Boss နဲ့ သဘောထားမတူကြောင်း ပြောဆိုလို့ရပါပြီ
#Good_Hope #LinnHtetAg
COVID-19 pandemic ၏လူမှုစီးပွားဆိုင်ရာ အကျိုးသက်ရောက်မှုများ
တရုတ်နိုင်ငံ wuhan မြို့ကစတင်ဖြစ်ပွားခဲ့ပြီး တစ်ကမ္ဘာလုံးပြန့်နှံ့ကူးစက်နေတဲ့ Coronavirus disease အဆုတ်ရောင်ရောဂါ ကို WHO က march 11မှာ pandemic အဖြစ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။COVID 19 pandemic ကြောင့် လူမှုရေးစီးပွားရေးနဲ့တခြားနယ်ပယ်တွေမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသွားပြီလဲဆိုတာတစ်ချက်လောက်လေ့လာကြည့်ရအောင်။ မဖတ်ခင်လက်သွားဆေးကြပါဦးနော်။
နိုင်ငံရေးဆိုင်ရာ သက်ရောက်မှုများ
တရုတ်နိုင်ငံကွန်မြူနစ်ပါတီရဲ့ပြည်နယ်အဆင့်အုပ်ချုပ်ရေးမှူးတချို့ ကို တရုတ်နိုင်ငံအလယ်ပိုင်းရှိ ရောဂါပြန့်ပွားမှုထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များလုပ်ကိုင်ရာမှာ ညံ့ဖျင်းခြင်းအတွက် ထုတ်ပယ်ခဲ့ပါတယ်။ ကျွမ်းကျင်သူများကတော့ ဒါဟာ coronavirus pandemic ကြောင့် ဒေါသထွက်နေတဲ့လူအုပ်ကြီးဆီကနေ ကွန်မြူနစ်ပါတီခေါင်းဆောင် Xi Jingpin ကိုကာကွယ်လိုက်ခြင်းလို့ယုံကြည်ကြပါတယ်။ နိုင်ငံအများက coronavirus outbreak ကိုအသုံးချပြီးသူတို့ရဲ့တရုတ်နိုင်ငံအပေါ် ထောက်ခံမှုကိုပြသခဲ့ကြပါတယ်။ ဥပမာ အနေနဲ့ Cambodiaနိုင်ငံ ဝန်ကြီးချုပ်က special visit အနေနဲ့တရုတ်နိုင်ငံသို့သွားရောက်ခဲ့ခြင်းမျိုးဖြစ်ပါတယ်။ အစောပိုင်းမှာ corona virusကို သာမန် flu ကဲ့သို့စိတ်ပူစရာမလိုရန်ပြောခဲ့သောကြောင့် US president Donal Trump ကို ဝေဖန်မှုများလည်းရှိခဲ့ပါတယ်။ Pandemic ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေအတွက် ကြိုတင်ပြင်ဆင်ရန်ပျက်ကွက်ခဲ့တာကြောင့် 2020 မှာပြုလုပ်မယ့် US သမ္မတရွေးကောက်ပွဲအတွက်ဆိုးကျိုးများလည်းဖြစ်ပေါ်လာနိုင်ပါတယ် Iranian legislature ရဲ့အဖွဲ့ဝင် နှစ်ဒါဇင်လောက်ဟာ virus ကူးစက်ခံခဲ့ရပါတယ်။ ဒုသမ္မတအပါအဝင်တခြား အစိုးရအထက်အရာရှိ 15 ယောက်ထက်မနည်းကူးစက်ခံခဲ့ရပါတယ်။ အကြံပေးအရာရှိ၂ဦးသေဆုံးခဲ့ပါတယ်။
ပညာရေးနယ်ပယ်တွင်သက်ရောက်မှုများ
Pandemic ကြောင့်ကျောင်းများ တက္ကသိုလ်များပိတ်ပင်ခဲ့ရပါတယ်။ UNESCO မှ March 25နေ့က ထုတ်ပြန်သောအချက်အလက်များအရ COVID-19ကြောင့် ကျောင်းများပိတ်ခဲ့ရသဖြင့် ကျောင်းသား 1.5 billion ရဲ့ပညာရေးနစ်နာခဲ့ရပြီး ဒါဟာစာရင်းရှိ ပညာသင်ကြားသူအရေအတွက်ရဲ့ 87% ပဲဖြစ်ပါတယ်။ တချို့နည်းပညာမြင့်မားတဲ့နိုင်ငံတွေမှာ digital platform မှတစ်ဆင့် သင်ကြားရေးပြုလုပ်နေကြပြီဖြစ်ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ယခုအချိန်ထိ သင်ကြားရေးကိုရပ်နားထားရပါတယ်။
ဘာသာရေးဆိုင်ရာအကျိုးသက်ရောက်မှုများ
Pandemic ကြောင့် ဘာသာရေးပွဲတော်များကို ရွှေ့ဆိုင်းဖျက်သိမ်းလိုက်ရပါတယ်။ Sunday school များကိုလည်းပိတ်လိုက်ကာ ချာ့ခ်ျကျောင်းများ ဗလီများ ဘုရားကျောင်းများကိုလည်းပိတ်လိုက်ပြီးတော့ Livestream ကနေတဆင့် ဘုရားရှိခိုးဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဘာသာရေးအဖွဲ့အစည်းများဟာ ကူးစက်ခံနေရတဲ့နေရာများကို ကျန်းမာရေးဆိုင်ရာပစ္စည်းများထောက်ပံ့ပေးခဲ့ပါတယ်။ တချို့ပိတ်လိုက်တဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ဆေးကုသမှုပြုလုပ်ရန် နေရလောက်ငှမှုရှိစေရန်အသုံးပြုခွင့်များပေးကြပါတယ်။
စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများ
ကမ္ဘာ့စီးပွားရေးဟာလည်း Pandemic နဲ့အတူကျဆင်းခဲ့ပြီး coronavirus recession လို့သမုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ car sales ဟာ 2020 February လမှာ 86% ထိုးကျခဲ့ပါတယ်။ Coronavirus ပြန့်နှံ့လာတာနဲ့အမျှ စတော့ဈေးကွက်ဟာ 1987 နောက်ပိုင်းအဆိုးရွားဆုံးကျဆင်းခဲ့ပါတယ်။ Economy ကြီးမားတဲ့ Italy နဲ့ Spain တို့လိုနိုင်ငံတွေမှာ quarantine policy တွေထုတ်ပြန်ခဲ့ရတာကြောင့် နယ်ပယ်အသီးသီးကစီးပွားရေးလုပ်ငန်းတွေကိုထိခိုက်စေခဲ့ပါတယ်။
Financial Impact
Pandemicဟာ financial market များကိုကျယ်ကျယ်ပြန့်ပြန့်နဲ့အပြင်းအထန်ထိခိုက်စေခဲ့ပါတယ်။ အဓိကအနေနဲ့ Russia-Saudi Arabia oil price war ကြောင့်ဆီဈေး ပျက်စီးခဲ့ရခြင်းနဲ့ March လကဖြစ်ပေါ်ခဲ့သော stock market ကျဆင်းခဲ့ရခြင်းဖြစ်ပါတယ်။
Labor Market Impact
Pandemicကြောင့် Januaryမှ Februaryလအတွင်း တရုတ်နိုင်ငံမြို့ပြနေလူဦးရေ 5သန်းခန့်အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ US မှာတော့ 21 March တွင် 3.3 million ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အဲ့မတိုင်ခင်တစ်ပတ်က 3သိန်းခန့်သာရှိခဲ့ပါတယ်။
Impact by market sectors
Entertainment sector
ရုပ်ရှင်ရုံများပိတ်ခဲ့သဖြင့် ရုပ်ရှင်များကိုရုံတင်ရက်များရွှေ့ဆိုင်းခဲ့ရပါတယ်။ ရုပ်ရှင်ရုံများပိတ်သဖြင့် ကမ္ဘာလုံးဆိုင်ရာ box office ကတော့ ဒေါ်လာ ဘီလျံ နဲ့ချီပြီးဆုံးရှုံးခဲ့ပေမယ့် Netflix နှင့်အတူ တခြား Streaming app များမှာလူကြိုက်ပိုများလာပြီး stock တွေလည်းတက်လာပါတယ်။ အားကစားပွဲများကိုလည်း ရွှေ့ဆိုင်းလိုက်ကြပြီး Formula One Australian Grand Prix ကားမောင်းပြိုင်ပွဲနဲ့တချို့ပြိုင်ပွဲများကိုတော့ ဖျက်သိမ်းလိုက်ကြပါပြီ။ Conronavirus ကြောင့် နိုင်ငံအများအပြားတွင် TV program များကိုဖျက်သိမ်းခြင်း ရွှေ့ဆိုင်းခြင်းများပြုလုပ်ခဲ့ကြပါတယ်။
Retail Sector
ကမ္ဘာတစ်ဝှမ်းက Retail store များစွာမှာ မြင့်တက်လာတဲ့ ဝယ်လိုအား နဲ့ panic buying ကြောင့်ကုန်ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်နေပါတယ်။ Shopping centre များကို ဖွင့်ချိန်များလျှော့ချခြင်း ယာယီ ပိတ်ခြင်းများပြုလုပ်ခဲ့ရပါတယ်။ March 18 မှာတော့ Simon Property Group ဟာ ပထမဆုံး centre တွေအားလုံးကိုပိတ်တဲ့ US based mall operator ဖြစ်လာခဲ့ပါတယ်။
Restaurant Sector
Pandemic ကြောင့်စားသောက်ဆိုင်များလည်းထိခိုက်ခဲ့ပါတယ်။ March လ အစပိုင်းမှာ US က မြို့ကြီးအချို့မှာ barနဲ့ စားသောက်ဆိုင်များကိုဆိုင်ထိုင်ခွင့်ပိတ်လိုက်ပြီး Takeaway နဲ့ delivery ဖြင့်သာရောင်းချရန်ကန့်သတ်လိုက်ပါတော့တယ်။ Takeaway နဲ့ delivery သာခွင့်ပြုတဲ့အတွက် serversများ bartenderများအလုပ်ပြုတ်ကုန်ပါတော့တယ်။
Events and institutions impact
Pandemic ကြောင့် Tourist attractionပွဲတော်များဖျက်သိမ်းခြင်း ရွှေ့ဆိုင်းခြင်းပြုလုပ်ခဲ့ရပါတယ်။ 2020 summer olympics ကဲ့သို့ထင်ရှားတဲ့ event ကို 2021သို့ရွှေ့ဆိုင်းလိုက်ပါတယ်။ အများပြည်သူသွားလာတဲ့ နေရာအတော်များများကိုလည်း လူစုလူဝေးရှောင်ကြဉ်ရန်ပိတ်လိုက်ပါတယ်။
Transportation
အဓိကကျတဲ့မြို့ကြီးတွေမှာ ကြိုတင်စီစဉ်ပြီးသားခရီးများရဲ့ 80-90% ကိုဖျက်သိမ်းခဲ့ကြပါတယ်။ ခရီးသွားလာမှုတင်းကြပ်လိုက်တာကြောင့်လေကြောင်းခရီးသည်များလျော့ကျခဲ့ပြီး လေယာဉ်များမှာ လေဆိပ်တစ်ခုနဲ့တစ်ခုကို ခရီးသည်မပါပဲပျံသန်းရခြင်း ပျံသန်းမှုဖျက်သိမ်းရခြင်းတွေအထိပါရှိလာခဲ့ပါတယ်။
Possible long-term impacts
Company ကြီးတစ်ချို့ဟာဆက်သွယ်ရေးစနစ်ကို ချဲ့ထွင်ပြီး Virus မကူးစက်စေရန် အိမ်မှအလုပ်လုပ်စေခြင်းကြောင့် pandemic ဟာ " revolution in work from home" ကိုဖြစ်စေနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေဟာမြင့်တက်လာပါတယ်။ စက်ရုံတွေနဲ့ပို့ဆောင်ဆက်သွယ်ရေး ကထွက်လာတဲ့ မီးခိုးငွေ့တွေကတော့ ကာလတိုလျော့ကျသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာကာလတိုသာဖြစ်ပြီး coronavirus crisis ပြီးတဲ့အခါမှာ ယခင်ကထက်ပိုများတဲ့ လေထုညစ်ညမ်းမှုကိုဖြစ်စေမယ့်သဘောမှာရှိပါတယ်။ 2009 swine flu crisis ပြီးသွားတဲ့2010မှာလည်း CO2 emission ဟာ 5.9 percent တိုးသွားခဲ့ပါသေးတယ်။ March 24 မှာလည်း German Financial analyst Walter Kkhl ဟာ COVID-19 pandemic ကြောင့် ကျန်းမာရေးနဲ့ စီးပွားရေး crisis တွေအပြင် Euron zone မှာငွေကြေးဆိုင်ရာ crisis တွေပါဖြစ်လာနိုင်ချေရှိတယ်လို့သတိပေးသွားခဲပါတယ်။ အထူးသဖြင့် Italy နဲ့ Spain ကဲ့သို့ virus ဒဏ်အခံရဆုံး EU နှစ်နိုင်ငံအနေနဲ့ 2014 တုန်းက European debt crisis ကနေ အပြည့်အဝ recover မလုပ်နိုင်သေးသည့်အတွက် national bankruptcyမဖြစ်စေရန် ထောက်ပံ့မှုတွေလိုအပ်လာနိုင်ပါတယ်။ဆိုတော့ အခုကြည့်ရသလောက်ကတော့ COVID-19က တော်တော်လေး မကောင်းတာတွေများများသယ်ဆောင်လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံလည်း မကြာတော့တဲ့အချိန်မှာ outbreak ဖြစ်တော့မှာဖြစ်တဲ့အတွက် အားလုံးပဲ stay at home ပါ။
#Myat_min_mgmg
ဒီတစ်ပတ်အတွက် ထပ်မံ တင်ပြပေးမှာကတော့ အမေရိကန် စီးပွားရေး ပညာရှင် စာရင်းအင်းပညာရှင် တီထွင်သူနဲ့ တိုးတက်သော လူမှုရေးလှုပ်ရှားသူ အဖြစ်ထင်ရှားတဲ့ Irving Fisher အကြောင်းပဲ ဖြစ်ပါတယ်။ Fisher သည် အမေရိကန် neoclassical စီးပွားရေး ပညာရှင်များ အနက် တစ်ဦး ဖြစ်သည်။ Joseph Schpeter မှ Fisher ကို အမေရိကန် ပြည်ထောင်စု၏ အကြီးမားဆုံးသော စီးပွားရေး ပညာရှင် အဖြစ် တင်စားခဲ့ပါတယ်။ Fisher သည် New York မြို့ Saugerties တွင် မွေးဖွားခဲ့သည်။ Fisher ၏ ဖခင်သည် ဆရာတစ်ဦးဖြစ်ပြီး သူသည် Fisher ကို လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သောသူ ဖြစ်ရမည်ဟု ယုံကြည်ခဲ့သည်။Fisher သည် ဘာသာရေး ယုံကြည်သက်ဝင်မှု ရှိသော မိသားစုတွင် ကြီးပျင်းခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရားမဲ့ ဝါဒီ ဖြစ်လာသည်။Fisher သည် ငယ်စဥ်ကပင် ထူးခြားသော သချ်ာစွမ်းရည်နှင့် တီထွင်မှု စွမ်းရည် ရှိခဲ့သည်။ Fisher သည် သူ၏ ပထမ ဦးဆုံးသော B.A ဘွဲ့ကို 1888 ခုနှစ်မှာ ရရှိခဲ့ပြီး Skull and Bones Society အသင်းဝင် အဖြစ်လည်း ရွေးချယ် တင်မြောက်ခြင်း ခံခဲ့ရပါတယ်။Fisher သည် 1891 ခုနှစ်တွင် Yale University မှ ချီးမြှင့်သော Ph.D ဘွဲ့ကို ရရှိခဲ့ပါတယ်။Yale မှ ဘွဲ့ရပြီးနောက် Fisher သည် Berlin နှင့် Paris တို့တွင် ဆက်လက် ပညာသင်ယူခဲ့ပါတယ်။ 1890 တွင် Fisher သည် Yale University ၌ နည်းပြ အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲဲ့ပြီး 1898 ခုနှစ်မှာတော့ နိင်ငံရေး စီးပွားရေး Professor အဖြစ် ခန့််အပ်ခြင်း ခံခဲ့ရပါတယ်။ Fisher ရဲ့ လူသိများ ကျော်ကြားတဲ့ သီအိုရီကတော့ " Theory of interest " ပဲ ဖြစ်ပါတယ်။ Fisher သည် စာနယ်ဇင်းပညာ အပြင် နည်းပညာဆိုင်ရာ စာအုပ်များနှင့် ဆောင်းပါးများကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ Fisher က လက်တွေ့ကျသော တီထွင်မှု များစွာကိုလည်း ပြုလုပ်ခဲ့ပါတယ်။ တီထွင်မှုများ အနက်မှ ထင်ရှားသော " index viskble filling " ၏ မူပိုင်ခွင့်ကို 1913 ခုနှစ်တွင်ရရှိခဲ့ပြီး 1925 တွင် Lardex Rand ထံသို့ ရောင်းချခဲ့သည်။ Fisher ဟာ 1983 ခုနှစ်တွင် စက်မှုလုပ်ငန်းရှင်နှင့် ပြုပြင်ပြောင်းလဲရေးသမား Rowland G. Hazard ရဲ့ မြေးဖြစ်သူ Margaret Hazard နဲ့ လက်ထပ်ခဲ့ပြီး 1947 ခုနှစ်တွင် New York မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
#Good_Hope #History #Zune_Moe_Tint
အခု Covid 19ကြောင့် အားလုံးကအိမ်ထဲမှာပဲနေရင်း နေ့တွေညတွေကုန်ဆုံးနေကြရတယ်။ အရင်လိုမျိုး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အပြင်သွားတာတွေ၊ သင်တန်းသွားတာတွေလဲမရှိတော့ အားလုံးကအိမ်ထဲမှာပဲ ကိုယ်ရဲ့ကိစ္စဝိစ္စ မိသားစုကိစ္စတွေနဲ့ပဲအချိန်ကုန်နေကြရတယ်။ နောက်ပီးဒီအချိန်က ကောင်းကောင်းမွန်မွန်အနားယူလို့ရတဲ့အချိန်လို့ပြောရင်လဲ မမှားပါဘူး။ အဲ့တော့ အခုအိမ်ထဲမှာပဲနေနေရင်းနဲ့ ဘယ်လိုအရာလေးတွေကိုလုပ်ရင်းကိုယ့်ရဲ့lifestyleအပေါ်Effectiveဖြစ်အောင်လုပ်မလဲဆိုတာလေး သိသလောက်မျှဝေပေးပါရစေ။
၁။ အခုအချိန်သင်ယူလို့အကောင်းဆုံးအရာကတော့ အိမ်မှုကိစ္စပါပဲ။ ယောကျာ်းလေးရော၊မိန်းကလေးရော သင်ယူလို့ကောင်းတဲ့အရာပါ။အဓိကကတော့အချက်အပြုတ်ပေါ့။ တချိန်ကျရင်ကိုယ်ကကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရမှာဖြစ်တဲ့အတွက်ကြောင့် အခုလိုအချိန်မျိုးမှာသင်ယူထားပါ။
၂။ စာများများဖတ်ပါ။ပုံမှန်ဆိုရင်တော့ ကိုယ်ကသင်တန်းကစာ ကျောင်းကစာတွေပဲဖတ်မှတ်လေ့လာနေရတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုသုတ၊ရသစာအုပ်တွေကိုအချိန်ကောင်းကောင်းမပေးနိုင်ကြပါဘူး။ဒါပေမယ့်အခုကအခွင့်အရေးကောင်းတခုပါ။ ရတုန်းရခိုက်မှာ ကြိုးစားပီးဖတ်ပါ။ ကိုယ့်ပညာရေးနဲ့သက်ဆိုင်တဲ့စာအုပ်၊ Language Skillsတွေတိုးတက်စေမယ့်သက်ဆိုင်ရာစာအုပ်တွေ ဖတ်ပါ၊မှတ်သားပါ။
၃။ပန်းချီ၊ဂီတ၊အနုပညာ အစရှိသဖြင့်ဝါသနာပါတဲ့သူတွေကလဲ ကိုယ့်ရဲ့ Instrumental Soills၊Drawing Skills စသည်ဖြင့်ပိုကောင်းလာအောင်များများလေ့ကျင့်ပါ။ အနုပညာမှမဟုတ်ပါဘူး။ အားကစားဝါသနာပါတဲ့သူတွေလဲ များများလေ့ကျင့်ပီးတိုးတက်အောင်လုပ်လို့ရပါတယ်။
၄။အချိန်မှန်မှန်အိပ်ပါ။ အချိန်မှန်မှန်စားပါ။ အာဟာရဖြစ်စေမယ့်အစားအစာကိုများများစားပါ။ကိုယ့်ရဲ့Stressတွေလျော့ပီး အတွေးတွေကောင်းအောင် စိတ်ကြည်လင်အောင် တရားထိုင်ပါ။အထူးသဖြင့် ကိုယ့်မိသားစုနဲ့အတူတူအချိန်ကိုကုန်ဆုံးပါ။ တခြားအချိန်တွေဆိုရင် အလုပ်၊ ကျောင်း၊ သင်တန်းကိစ္စတွေကြောင့် မိသားစုကိုအချိန်ကောင်းကောင်းမပေးနိုင်တာတွေရှိတဲ့အတွက် အခုလိုရတုန်းရခိုက်အချိန်မှာ အချိန်ပေးပါ။ အဓိကကတော့ ဒီကပ်ဆိုးကြီးပြီးဆုံးသွားတဲ့နောက်မှာ ကိုယ်ကပိုကောင်းတဲ့lifestyle၊ ပိုကောင်းတဲ့အတွေးအခေါ်သစ်၊ စိတ်သစ် လူသစ်နဲ့အတူတူ ပြန်လာဖို့ပါပဲ။
#Sarkalay
How to improve your Public Speaking Skills
Or
How to be a Good Public Speaker
Public Speaking Skills က အခုဆိုရင် ကျောင်းသား/သူ တွေအတွက်ကော အလုပ်နယ်ပယ်ထဲ ဝင်ရောက်မယ့်သူတွေ/ ဝင်ရောက်နေပြီးသူတွေ အားလုံးအတွက် မရှိမဖြစ် ရှိထားအပ်တဲ့ life skills တခုအဖြစ် သတ်မှတ်နိုင်ပါတယ် ....
အလုပ်ခွင်ထဲ ဝင်ရောက်နေဆဲ သူတွေ အတွက်လဲ meeting မှာဖြစ်ဖြစ် report အတွက်ဖြစ်ဖြစ် မဖြစ်မနေအထက်လူကြီးနဲ့ဖြစ်ဖြစ် customer တွေနဲ့ ဖြစ်ဖြစ် ပြောဆိုဆက်ဆံရမယ့်
အခြေအနေမှာဖြစ်ဖြစ် ဒီ skills ဟာ အရေးကြီးပါတယ်
အခုဆိုရင် ကျောင်းတွေမှာဆိုရင်လဲ အရင်ခေတ်နဲ့မတူဘဲ presentation တွေ လုပ်ရတာရယ် ကျောင်းသားကျောင်းသူတွေ stand out လုပ်ခိုင်းတဲ့ opportunities တွေ ပိုများလာပြီ ဖြစ်တဲ့ အတွက် ကိုယ်က public speaker ကောင်းကောင်းတယောက် ဖြစ်ထားရင် ကျောင်းသားအချင်းချင်း ရော ဆရာဆရာမတွေရဲ့ သဘောကျလေးစားခြင်းကို ခံရနိုင်ပြီး ကိုယ့်ရဲ့ outer confidence ကို boost ဖြစ်စေတာကို တွေ့နိုင်ပါတယ်
ပြီးတော့ public speaking ကောင်းတဲ့သူတွေ အများစုဟာ နေရာတော်တော်များများမှာ impression ကောင်းကောင်း ပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်ပါတယ်
အဲ့တော့ Public Speaker ကောင်းတယောက်ဖြစ်ဖို့အတွက် ရှိသင့်တဲ့ basic skills ၉ မျိုးကို အောက်မှာ
ဖော်ပြထားတာမို့ Quarantine နေတဲ့ အချိန် public speaker ကောင်းတယောက်ဖြစ်လာအောင် improveလုပ်နိုင်ပါတယ်....
Public Speaking Skills ဆိုတာဘာလဲ?
Public Speaking Skill ဆိုတာ မြန်မာလို အတိုဆုံး ဘာသာပြန်မယ်ဆိုရင်
“လူထုရှေ့မှောက်ပြောဆိုဆက်ဆံခြင်းအနုပညာ”
ပဲဖြစ်ပါတယ် ။ လူတွေ စိတ်ဝင်စားအောင်, လက်ခံလာနိုင်အောင် ဟောပြောတဲ့ အလုပ်ဆိုလဲ မှန်ပါတယ်။
Public Speaking Skill ဟာ တချို့လူတွေအတွက်တော့ လွယ်ကူနေတတ်ပါတယ်... သူတို့ကို Born Public Speakers တွေလို့လဲ ခေါ်နိုင်တယ် နဲနဲလေး improve လုပ်ရုံနဲ့ လွယ်လွယ်ကူကူ public speaker ကောင်းတယောက်ဖြစ်တဲ့သူတွေပါ လူတွေအများရှေ့မှာ သတ္တိရှိရှိ ပြောဆိုဆက်ဆံရဲတာ... Stand out လုပ်ရဲတာ ...ဒါတွေဟာ သူတို့အတွက်တော့ မွေးရာပါ skill တခု
ဖြစ်နေတတ်ပါတယ်...နေရာတိုင်း နယ်ပယ်တိုင်းလိုလိုမှာ သူတို့က လူအများရဲ့ attention အပြည့်ရတဲ့လူတွေလဲဖြစ်ပါတယ်
တချို့တွေ အတွက်ကျတော့ ဒီ skill က ခက်ခဲတဲ့ အရာတခုဖြစ်နေတတ်ပါတယ်... ရှက်ကြောက်တတ်တဲ့သူတွေ လူအများ Attention ရမှာကို မလိုချင်တဲ့သူတွေ အတွက် အများရှေ့မှာ stand out လုပ်ရတာခက်ခဲနေတတ်ပါတယ် အဲ့တော့ public speaker ကောင်းတယောက်ဖြစ်အောင် ဘာတွေ self-practice လုပ်နိုင်လဲဆိုတာ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်
1. Inner Confidence
2. Be Resourceful
3. Learn to stand out
4. Be prepared
5. Know your audience
6. Physical Features
7. Humour (Positive)
8. Adaptation of feedbacks and questions
9. A greeting speech
1.Inner Confidence
လူအများရှေ့မာ သတ္တိရှိရှိ ဟောပြောဖို့ အတွက် အရေးအကြီးဆုံးက ဘာလဲဆိုရင် confidence ပါ. ဘာလို့ inner confidence လို့ရေးထားလဲ ဆိုရင် inner confidence ဆိုတာက ကိုယ်ပြောဆိုဟောပြောမယ့် အကြောင်းအရာကို စေ့စပ်စွာ လေ့လာသိရှိပြီးမှ လုပ်ယူလို့ရနိုင်တဲ့ confidenceမျိုးပါ ... outer confidence ကကျ အဝတ်အစား အပြင်အဆင် မျက်နာexpression အစရှိသဖြင့်ပေါ့ ...ဒါလည်း public speaker အတွက်အရေးကြီးပါတယ်...ဒါပေမဲ့ Public Speaker တွေ အတွက်တော့ ပိုပြီး အဓိကကျတာက inner confidence ရှိဖို့ပါ...အဲ့တော့ လွယ်လွယ် လုပ်ယူလို့မရတဲ့ inner confidence ရှိအောင်ဘလိုလုပ်နိုင်လဲ? ဒါက အောက်မှာ ဖော်ပြတဲ့ ဒုတိယမြောက်အချက်ဖြစ်တဲ့ Resourceful ဖြစ်တာနဲ့ ဆက်စပ်နေပါတယ်
2. Be resourceful
Resourceful ဖြစ်တာ မဖြစ်တာက inner confidence ရှိ မရှိနဲ့ 70% လောက် သက်ဆိုင်နေပါတယ်....အဲ့တော့ resourceful ဖြစ်တယ်ဆိုတာဘာလဲ?? Resourceful ဖြစ်တယ်ဆိုတာ ကိုယ် public speaker တယောက်အဖြစ်ဟောပြောမယ့် topic တခုကို နှံ့နှံ့ စပ်စပ်လေ့လာသိရှိခြင်း ပါ။ ပြောကြားမယ့် topic ကို internet မှာ research လုပ်တာ,စာအုပ်တွေမှာ လေ့လာတာ , အရေးကြီးဆုံးက experience ရှိတဲ့ သူတွေနဲ့ မိမိ လေ့လာသိရှိထားတာတွေကို ပြန်ဖလှယ်တာမျိုး သူတို့ဆီကမေးမြန်းတာ အကြံဉာဏ် တေဋင်းတာမျိုး အစရှိသဖြင့် မိမိ ပြောဆိုမယ့် အကြောင်းအရာကို ခိုင်မာစွာ သိရှိအောင် information collect ခြင်း ဖြစ်ပါတယ်... Public speaker တယောက်အနေနဲ့ မိမိပြောကြားမယ့် အကြောင်းအရာက 90% resourceful ဖြစ်နေရပါမယ်... မိမိပြောမယ့် အကြောင်းအရာ resourceful ဖြစ်တာနဲ့ တပြိုင်နက် ကိုယ့် inner confidence က တဖြည်း”တက်လာပါလိမ့်မယ် ။
3. Learn to stand out
ကျွန်တော်တို့ မြန်မာတွေက stand out လုပ်ရမှာကို ရှက်တတ်ကြပါတယ်... အမှန်ကိုသိနေရင်တောင် ထပြောရဲတဲ့ သတ္တိနည်းတာတွေ တွေ့ရတယ်...ဒါက မြန်မာတွေတွေ့ကြုံခဲ့ရတဲ့ children centered မဟုတ်ခဲ့တဲ့ education system ရော ပတ်ဝန်းကျင်က judgemental society ဖြစ်နေတာကြောင့်လဲ ပါမယ် လို့ယူဆရပါတယ် ...ဒါမယ့် ဒီနောက်ပိုင်း လူငယ်တွေ မှာ standing out abilities တွေ တဖြည်း”မြင့်လာကြပါပြီ။ မှားမှား မှန်မှန် ပြောရဲဆိုရဲဆွေးနွေးရဲတာမျိုးကို လဲ standing out abilities လို့ခေါ်နိုင်ပါတယ်... Public Speaker တွေမှာ ဒီ skill က essential ပါ... ဘလောက် resourceful ဖြစ်ဖြစ် stand out မလုပ်နိုင်ရင် အလကားပါပဲ... သိထားရင် သိထားတဲ့အကြောင်းအရာကို လူအများရှေ့ထပြောနိုင်တဲ့ stand out သတ္တိရှိဖို့လဲ အဓိကကျပါတယ်
4. Be Prepared
“ပွဲမဝင်ခင် အပြင်ကကျင်းပ”ဆိုတဲ့ စကားပုံ အတိုင်းပါပဲ
ဘယ် အရာပဲလုပ်လုပ် preparation မကောင်းရင် အလွဲလွဲ ချော်ချော်ဖြစ်တတ်ပါတယ်...မိမိသိထားတဲ့အကြောင်းအရာကို ပြန်ကြည့်တာ, နောက်တခုက physically prepared လုပ်တာမျိုး သပ်သပ်ရပ်ရပ်ဖြစ်အောင် အဝတ်အစားပြင်ဆင်တာမျိုး အစရှိဖြင့် mentallyရော physically prepared လုပ်ပြီး get ready ဖြစ်နေရပါမယ်...
5. Know Your Audiences
ကိုယ်ဟောပြောမှာကို နားထောင်မယ့် မေးခွန်းထုတ်မယ့် audience တွေက ဘယ်သူတွေလဲဆိုတာ သိနေရပါမယ်..
ကိုယ်ဟောပြောမယ့် audience က လူငယ်ဆိုရင် လူငယ်တွေစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို center ထားရွေးချယ်ရပါမယ်..လူငယ်တွေကို formality ပုံစံနဲ့သွားပြောရင် အရင်ခေတ်က example တွေသွားပြောရင် သူတို့ attentionက ကိုယ့်ဆီကထွက်သွားမှာပါ ...ထိုနည်းတူပဲ Audience တွေက အသက်ကြီးပိုင်းတွေ ဖြစ်ပြီး ကိုယ် ဟောပြောနေတာက လူငယ် အကြိုက် slang တွေပါနေရင် အဆင်မပြေနိုင်ပါဖူး ...ဒါကြောင့် ကိုယ့် public speech ကို နားထောင်မယ့်သူက ဘယ်သူလဲ ဆိုတာ သေချာသိဖို့ အရေးကြီးပါတယ်...Public Speaker တွေအနေနဲ့လဲ မိမိAudience နဲ့ လိုက်ပြီး adapt နိုင်တဲ့ ability ရှိရပါမယ်
6. Physical Features
Professional Public Speaker တွေရဲ့ အရေးကြီးတဲ့ secret တွေကို ဒီ အပိုင်းမှာတွေ့နိုင်ပါတယ် ...Physical Features က ဘာတွေလဲ ဆိုတာ အကြမ်းဖြင်းဖော်ပြသွားပါမယ်
Physical Features ထဲမှာ
•Eye-Contact
Public speaker ကောင်းတယောက်ဖြစ်လာဖို့ audience နဲ့ eye contact လုပ်ကိုလုပ်ရပါမယ် ဒါက audience ရဲ့ attention ကိုရနိုင်တဲ့ နည်းလမ်းပါ ...Audience တွေအားလုံးကို ခြုံပြီး eye contact လုပ်ပေးတာက ကိုယ့် confidence ကိုလဲ ပေါ်လွင်စေသလို Professional ဆန်စေပါတယ်
•Tone of voice
Audience အပေါ်လိုက်ပြီး မိမိအသံ နိမ့်မြင့်ကစားပေးရပါမယ်...ဥပမာ အရေးကြီးတဲ့ အပိုင်းကို အသံမြင့်ပြောတာမျိုး...etc
•Body gestures
Body movement ကလဲ အရေးကြီးပါတယ် ...လူအများရှေ့ ကျောက်ရုပ်လို သွားဟောပြောခြင်းက ဘလိုမှ smart မကျစေနိုင်ပါဖူး...လက်ဟန် အမူအရာ ထည့်သွင်းပြောကြားခြင်းကလဲ လူအများရဲ့ attention ပိုရစေပါတယ် etc
•Appearance (how audience will see u )
ဒါကတော့ ကိုယ့် audience တွေ ကိုယ့်ကို ဘလိုမြင်စေချင်လဲပေါ့ ...ကိုယ့်ကို စကားပြောမြန်တဲ့ speaker လို့
မြင်စေချင်လား or ရီရီပြုံးပြုံးဟာသ တွေညပ်ပြောတဲ့ speakerမျိုးလား or ခပ်တည်တည် ခပ်ပြတ်ပြတ် speaker မျိုးလို့ မြင်စေချင်လား ...ကိုယ့် personal features ကို ကိုယ် build ရမှာပါ ဒီလို self brand build နိုင်သွားတဲ့ အဆင့်ရောက်ရင်တော့ တော်တော်ဟုတ်နေပါပြီ Physical features တွေကိုပိုပြီး တိတိကျကျလေ့လာချင်ရင် အင်တာနက်မှာ ရှာဖတ်ပြီး improve လုပ်နိုင်ပါတယ်
7.A positive humor is sexy
လူတိုင်းက ရီမောရတာ သဘောကျပါတယ်...ကိုယ့်ကို ရီမောအောင်လုပ်နိုင်တဲ့ speaker ဆို ပိုတောင် သဘောကျကြပါတယ် ...မိမိပြောဆိုမယ့်အကြောင်းအရာနဲ့ပက်သက်တဲ့(မဆိုင်တာတွေ မပြောမိပါစေနဲ့) small positive jokesလေးတွေ ထည့်ပြောရင် ကိုယ့်ကိုလဲ recognize ဖြစ်စေသလို audience နဲ့ ကိုယ်နဲ့ ပိုပြီး ရင်းနှီးသွားစေပါတယ်...အောင်မြင်နေတဲ့ public speakers တွေ တော်တော်များများလဲ ဒီနည်းကို ကျင့်သုံးတာတွေ့ရတယ်••Warning ကတော့ Only positive humor ပါ ကိုယ် public speechပြောနေရင်း negative ဆန်တာတွေ ရှောင်ပေးရပါမယ်••
8. Listen to the feedback, questions and adapt
Professional Public speaker တွေက a good listener လည်းဖြစ်ရပါတယ်... ကိုယ့် speech ကို မရှင်းတာမျိုး ကိုယ့် speech ကို နားမလည် တာ or သဘောမတူတာမျိုးက ရှိတတ်ပါတယ်...ဒါကြောင့်လဲ အပါ်မှာ be 90% resourcefulလို့ပဲပြောတာပါ... Public speaker ဆ်ိုတိုင်း မှန်နေတာမျိုး မဟုတ်နိုင်လို့ discuss လုပ်ရင်း အဖြေရှာသင့်ပါတယ် ..ကိုယ်ပြန် ဖြေကြားပေးနိုင်တဲ့ အရာရှိသလို မဖြေရှင်းပေးနိုင်တဲ့ အရာရှိရင် audience နဲ့ discuss လုပ်ဖို့ မရှက်ပါနဲ့ ကိုယ် မသိကြောင်းပြောဖို့ မရှက်ပါနဲ့ ကိုယ်ရတဲ့ feedbacks တွေ ကိုယ် အမေးခံရတဲ့ questions တွေကို negative way နဲ့ ပြန် ဖြေတာမျိုး လုံးဝ ရှောင်ရပါမယ် (eg- သိချင်ရင် google မှာရှာလိုက်လေ အစရှိသဖြင့် speaker ဘက်မှ ပြန်ဖြေကြားမှုတွေက မိမိအတွက်လဲ မကောင်းသလို audience ဆီမှ professional မဆန်ဖူးလို့ အထင်ခံရနိုင်ပါတယ် )
9. Don’t forget to greet
Both Opening speech ရော Closing Speech မှာပါ greeting က ethic ဖြစ်ပါတယ်...ဒါကြောင့် always meet and greet way ကို အသုံးချဖို့ မမေ့ပါနဲ့
Public speaking skills ကို improveဖြစ်အောင် ရေးတဲ့ post တွေ article တွေ က တခုနဲ့တခု facts တွေကွဲပြားနိုင်ပါတယ် အပေါ်မှာ ရေးသွားတဲ့ အကြောင်းအရာတွေအားလုံးက လည်း တချိန်ချိန်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်...စာဖတ်သူတွေအနေနဲ့လည်း Quarantine မှာ Public speaking skillကို self practice လုပ်ရင်း အနာဂတ်မှာ Public Speaker ကောင်းတွေဖြစ်လာနိုင်တာမို့ its never too late to start လို့ပြောကြားရင်း Have A Productive Quarantines ဖြစ်ပါစေလို့ Good Hopers တွေမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်...
#May