နွေရာသီသည် ကျောင်းသားများအတွက် ဆက်လက်ပညာသင်ကြားရန် အကောင်းဆုံးအချိန်တစ်ခုဖြစ်သည်။ ကျောင်းသားများနှင့် မိသားစုများအား စာသင်နှစ်တစ်လျှောက်လုံး လေ့လာဖြစ်ခဲ့သော သင်ကြားမှုအပေါ် အခြေခံတည်ဆောက်နိုင်အောင် ကူညီပေးရန် DPS သည် ကျောင်းသားများ နွေရာသီတစ်လျှောက်တွင် ဆက်လက်သင်ကြားနိုင်မှုကို အလေးပေးသည့် ရင်းမြစ်အုပ်စုတစ်ခုကို ဖန်တီးထားပါသည်။ အခြားအတန်းများအတွက် ရင်းမြစ်အချို့ ရရှိနိုင်သော်လည်း ရင်းမြစ်အများစုကို သူငယ်တန်းမှ 5 တန်းအထိ ကျောင်းသားများအတွက် စီစဉ်ရေးဆွဲထားပါသည်။ ရင်းမြစ်သစ်များ ရရှိအောင် ပြုလုပ်ပေးမည်ဖြစ်သောကြောင့် ဤစာရင်းကို မွမ်းမံပြင်ဆင်ပေးမည်ဖြစ်ရာ မကြာခဏ စစ်ဆေးကြည့်ရှုပါ။
StoryBird (Multiple Languages) သည်သင်ယူသူများအား လှပသောပုံပြင်စာသားများကို ဖန်တီးနိုင်စေသည့် အသုံးပြုရန်လွယ်ကူသော ကိရိယာတစ်ခုဖြစ်သည်။ ကျောင်းသားများသည် ပုံပြင်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။
SpeakPipe အသံဖမ်းကိရိယာသည် သင်၏မိုက်ကရိုဖုန်းကို အသုံးပြုခြင်းဖြင့် အသံသွင်းမှုတစ်ခုကို ဘရောက်စာမှ တိုက်ရိုက် ဖန်တီးနိုင်စေသည်။ ထိုအသံသွင်းမှုကို သင့်ကွန်ပြူတာပေါ်တွင် ထုတ်လုပ်ပေးပြီး သင်သည်လိုသလောက် အကြိမ်များစွာ အသံသွင်းနိုင်သည်။ သင်သည် သင့်အသံသွင်းမှုကို SpeakPipe ဆာဗာပေါ်တွင်သိမ်း၍ လင့်ခ်တစ်ခု ယူထားနိုင်သောကြောင့် သင်က၎င်းကို အီးမေးလ်ဖြင့်ပို့နိုင်သည် (သို့) ဝက်ဘ်ပေါ်တွင်အသုံးပြုနိုင်သည်။
Duolingo (Multiple Languages) သည် အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ပေါ်တူဂီ၊ ဂရိ၊ ရုရှ၊ ဗီယက်နမ်၊ နှင့် အခြားဘာသာစကားများ အပါအဝင်ဘာသာစကား မျိုးစုံဖြင့် အခမဲ့သင်ခန်းစာများနှင့် သင်ကြားမှုကိုပေးသော အွန်လိုင်းအစီအစဉ် တစ်ခုဖြစ်သည်။ နေ့စဉ်လေ့ကျင့်ခန်းများတွင် ဘာသာစကားအသိပညာကို ခိုင်မာစေရန် သဒ္ဒါနှင့် ဝေါဟာရ သင်ခန်းစာများပါဝင်သည်။
K-12 DPS Ebook Library (SORA) (Multiple Languages) - ကျောင်းပိတ်ထားသောကာလအတွင်း Denver Public Schools သည် Sora eBook နှင့် audiobook သို့အခမဲ့ ဝင်ရောက်မှုကို ထောက်ပံ့ကျောင်း ကွန်ယက်အပါအဝင် DPS ကျောင်းသားများနှင့် ဝန်ထမ်းအားလုံးကို ပေးကမ်းသည်။ ကျောင်းသားများနှင့် ဝန်ထမ်းများသည် eBooks နှင့် audioboooks ၃၀,၀၀၀ သို့ DPS အထောက်အထားများဖြင့် မည်သည့်ကွန်ပြူတာ၊ တက်ဘလက် (သို့) စမတ်ဖုန်းဖြင့်မဆို ချက်ချင်းဝင်ရောက်နိုင်သည်။
K- 12 Denver Public Library (Multiple Languages)- အွန်လိုင်းတွင်ထိတွေ့လုပ်ဆောင်ရန်- စာပေကလပ်များ၊ ပုံပြင်အချိန်များ၊ စာပေဖျော်ဖြေမှု နှင့် စာကြည့်တိုက်ဝန်ဆောင်မှုများကို သင့်အိမ်မှ ထိတွေ့လုပ်ဆောင်ခြင်း
3- 12 Commonlit.org (Multiple Languages) သည် ကျောင်းသားအားလုံး၊ အထူးသဖြင့် ခေါင်းစဉ် ၁ ကျောင်းများ (ဝင်ငွေနိမ့်ကျောင်းသားများအတွက်) ရှိကျောင်းသားများအား ကောလိပ်နှင့်နောက်ပိုင်းတွင် အောင်မြင်နိုင်ရန် လိုအပ်သည့် စာဖတ်ခြင်း၊ စာရေးခြင်း၊ ဆက်သွယ်မှု၊ နှင့် ပြဿနာဖြေရှင်းနိုင်သည့် ကျွမ်းကျင်မှုများနှင့် ဘွဲ့ရယူနိုင်စေရန် အလေးထားဆောင်ရွက်သည့် အမြတ်အစွန်း အတွက်မဟုတ်သော ပညာရေး နည်းပညာအဖွဲ့အစည်း တစ်ခုဖြစ်သည်။
Math Learning Center Family Resource (Multiple Languages) ကျောင်းများပိတ်ကောင်းပိတ်နိုင်သည်၊ သို့သော် သချာင်္ကိုဆက်လက် သင်ယူနိုင်သည်! ကျွန်ုပ်တို့သည် အိမ်မှသင်ယူမှုအတွက် အခမဲ့အရင်းအမြစ်များပေးပါသည်။
6-8 grade: Connected Mathematics - ကျောင်းသားအတွက် သချာင်္လုပ်ဆောင်ချက်များကိုပေးသည်။
K-2- National Council Teachers Mathematics - National Council of Teachers of Mathematics (သချာင်္ဆရာများအမျိုးသားကောင်စီ) သည်ကျောင်းသားတစ်ယောက်စီကို အဆင့်မြင့်သချာင်္သင်ကြားခြင်းနှင့် သင်ယူခြင်းတို့ပြုလုပ်ရန် အားပေးသည်။
Youcubed (Multiple Languages) - ကျောင်းသားများသည် CMP3 နှင့်အတူ သူတို့ပြီးမြောက်သွားသော သင်ခန်းစာများနှင့် ချိန်ညှိထားသော ဂိန်းများနှင့် စီမံထားမှုများ ကိုအွန်လိုင်းတွင် အပြန်အလှန်တုန့်ပြန်မှု ပြုလုပ်နိုင်သည်။
Khan Academy (Multiple Languages) ကျောင်းသားများသည် အတန်းအဆင့်ရှိ သချာင်္သင်ခန်းစာအလိုက် ကျွမ်းကျင်မှုများကို သုံးသပ်ပြီး လေ့ကျင့်နိုင်သည်။
မကြာမီလာမည်
အထူးပညာရေးအရင်းအမြစ်များက နွေရာသီအတွင်း ကျောင်းသားများ သင်ယူနိုင်ရန်အတွက် အခွင့်အလမ်းကိုပေးသည်။
Resources for Remote Learning: Special Education
Community Resources - ဝန်ဆောင်မှုများပေးသော အသိုင်းအဝိုင်းတွင်ရှိ မိတ်ဖက်များ- ကျန်းမာရေး၊ ကြံ့ခိုင်ရေး၊ ကျန်းမာချမ်းသာရေး၊ ဘဏ္ဍာရေးအသိပညာ၊ stem (သိပ္ပံ၊ နည်းပညာ၊ စက်မှု၊ သချာင်္)၊ အနုပညာ၊ သင်ကြားခြင်း၊ ချက်ပြုတ်ရေး၊ လမ်းညွှန်သင်ပေးခြင်း၊ ပညာရေးပံ့ပိုးမှု၊ အကြံပေးခြင်း၊ ထောက်ခံအားပေးခြင်း၊ ကုထုံး။
Summer Meal Program 2020 Distribution Sites- နွေရာသီအစားအသောက်ဝန်ဆောင်မှု အစီအစဉ်သည် ကလေးများအားလုံးအတွက် အာဟာရပြည့်ဝသော နံနက်စာနှင့် နေ့လည်စာများကို ပေးကမ်းသည်။
နွေရာသီသင်ကြားရေး အတွက် ပျော်ရွှင်ဖွယ် လှုပ်ရှားမှုများ- ဤအရင်းအမြစ်က အထူးလိုအပ်ချက်များရှိသူများအပါအဝင် မိသားစုအားလုံးအတွက် ကလေးများသင်ယူမှုနှင့် နွေရာသီ လှုပ်ရှားမှုများအား မည်သို့ပံ့ပိုးရမည်ကို အကြံဥာဏ်များပေးသည်။