Eye of Eden သည် Sky တိုင်းပြည်ကြီး၏ နံပါတ် (၇) နောက်ဆုံး အခန်းဖြစ်ပြီး Sky Game ၏ အဆုံးသတ် တစိတ်တပိုင်းကို မြင်တွေ့နိုင်သည့် နေရာ ဖြစ်ပါသည်။ Sky ၏ Eye of Eden သည် လူ့ဘဝ၏ နောက်ဆုံး အချိန်ကို ကိုယ်စားပြုသည်ဟုလည်း တနည်းအားဖြင့် သတ်မှတ်၍ ရသည်။ Eye of Eden တွင် အခက်အခဲပေါင်း များစွာကို ရင်ဆိုင် ကျော်ဖြတ်ရမည်ဖြစ်ပြီး ကလေးရုပ်ထုများကို ကယ်တင်ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ပါက Sky ၏ အရှားပါးဆုံး ငွေကြေးဖြစ်သည့် Red Candles/ Ascended Candles ကိုလည်း ထိုက်ထိုက်တန်တန် ရရှိမည် ဖြစ်သည်။ Eye of Eden သည် အပတ်စဥ် တပတ်လျှင် တကြိမ် (Mar 2021 အချက်အလက် အရ) မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ နေ့လည် ၂း၃၀ မိနစ်တွင် အသစ်တဖန် ပြန်လည်စတင်ပြီး အသစ်စတင်သည့် အခါ ထပ်မံ ကယ်တင်နိုင်ရန်အတွက် ကလေးရုပ်ထုများ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။
Eye of Eden ၏ နောက်ဆုံးအပိုင်းဖြစ်သည့် မုန်တိုင်းတိုက်ခတ်နေသည့် အခန်းတွင် အဓိကပြုလုပ်ရသည်မှာ ကလေးရုပ်တုလေးများကို ကယ်တင်ရခြင်းဖြစ်သည်။ ကလေးရုပ်တု တခုကို တပတ်လျှင် တကြိမ်သာ ကယ်တင်ခွင့်ရှိပြီး အသစ်ပြန် မစတင်မှီ တပတ်အတွင်း ကယ်တင်ပြီးသား ရုပ်တုများကို နောက်တကြိမ် Eye of Eden ဝင်လျှင် မြင်တွေ့/ကယ်ခွင့် ရတော့မည် မဟုတ်ဘဲ ကယ်တင်ရန် ကျန်ရှိနေသေးသည့် ကလေးရုပ်တုများကိုသာ မြင်တွေ့/ကယ်တင် ရမည်ဖြစ်သည်။ ကယ်တင်ပြီးသား ရုပ်ထုများကို နောက်တကြိမ် Eye of Eden Reset (Sunday 2:30pm) အသစ်ပြန်စတင် သည့်အခါမှသာ ပြန်လည် မြင်တွေ့/ကယ်တင်ခွင့် ရမည်ဖြစ်သည်။
Eye of Eden ၏ နောက်ဆုံးအပိုင်း မုန်တိုင်းအခန်းသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် မသေပဲ ပြန်ထွက်ခွင့်မရှိပါ။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် Application ပိတ်သွားခြင်း ဖြစ်ပေါ်ပါက Application ပြန်ဖွင့် သည့်အခါ မိမိ Character မှာ Home အိမ်တွင် ရောက်နေပြီး ပတ်ဝန်းကျင် တခုလုံး မှောင်မဲနေမည်ဖြစ်သည်။ ထိုသို့ အိမ်တွင် ရောက်နေပြီး သူငယ်ချင်းများနှင့် တွေ့နိုင် စကားပြောနိုင်သော်လည်း ၎င်းတို့နှင့် လိုက်ကာ အခြား အခန်းများသို့ ဝင်ရောက် ဆော့ကစားခွင့် မရှိတော့ပါ။ ထိုအချိန်တွင် Eye of Eden ထဲကိုသာ မဖြစ်မနေ ပြန်သွားကာ သေဆုံးပေးရမည်ဖြစ်ပြီး အသစ်တဖန် ပြန်လည် မွေးဖွားလာမှသာ အခြားအခန်းများသို့ ပြန်လည် ဝင်ရောက်ပြီး ဆော့ကစား နိုင်မည်ဖြစ်သည်။
Red/ Ascended Candles သည် တပတ်လျှင် အများဆုံး (၁၅.၇၅) ခုသာ စုဆောင်း ရရှိနိုင်ပြီး (၁၅)ခု မရသေးပါက တပတ်အတွင်း အကြိမ်ကြိမ် ပြန်ဝင်ကာ ကယ်တင်ရန် ကျန်ရှိနေသေးသည့် ကလေးရုပ်ထုလေးများကို ရှာဖွေ ကယ်တင်ပြီး ရရန် ကျန်ရှိနေသေးသည့် Red/ Ascended Candles များကို ထပ်မံ စုဆောင်းနိုင်ပါသည်။ ရရှိလာသည့် Red/ Ascended Candles များဖြင့် Forgotten Ark တွင် Spell များ ဝယ်ယူနိုင်သလို၊ Emote Spirits ဝိညာဥ်များတွင် Permanent Wing unlock လုပ်ခြင်း၊ Elder Hair ဝယ်ယူခြင်းနှင့် သူငယ်ချင်း၏ Friendship Tree unlock လုပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
အကြမ်းဖျင်းအားဖြင့် ကလေးရုပ်ထု (၄)ခုကို ကယ်တင်ခြင်းဖြင့် Red/Ascended Candle (၁)ခု ရရှိမည်ဖြစ်သည်။
4 Children Statues = 1 Red/ Ascended Candle
Eye of Eden ကို သွားရခြင်း အဓိက အကြောင်းအရင်း (၃) ခုရှိပါသည်။
Sky ရဲ့ အရှားပါးဆုံး ငွေကြေးဖြစ်တဲ့ Ascended Candles တနည်းအားဖြင့် Red Candles ရယူနိုင်ရန်
Permanent Wing unlock ပြုလုပ်နိုင်ရန်
Constellation တနည်းအားဖြင့် အခန်းတခုကို ၁၀၀% ပြီးဆုံးသွားလျှင် ရမည့် Elder HairStyles ဝယ်ယူနိုင်ရန်
Eye of Eden မှာ သေဆုံးပြီး ပြန်မွေးဖွားလာသည့်အခါ Spirit များမှတဆင့် unlock လုပ်ထားသည့် Permanent Wing များကလွဲ၍ ပြန်လည် စုဆောင်းရတဲ့ Collectable Wing အားလုံး ဆုံးရှုံးသွားမည် ဖြစ်သည်။ ဆုံးရှုံးသွားသည့် တောင်ပံများကို ယခင်ကဲ့သို့ သက်ဆိုင်ရာ နေရာများတွင် အလင်းရောင် ကလေးငယ်လေး များကို ထပ်မံ စုဆောင်း ရမည် ဖြစ်သည်။ Spirit များရှိ Permanent Wingများ unlock လုပ်ခြင်း၊ သူငယ်ချင်းများ၏ Friendship Tree ကို unlock လုပ်ခြင်းနှင့် Spell များ ဝယ်ယူရန်အတွက် Red/Ascended Candles လိုအပ်နေသ၍ Eye of Eden တွင် ကလေးများကို ကယ်တင်ကာ အသေခံရမည်ဖြစ်သည်။ ထိုကဲ့သို့ မွေးဖွားလိုက် သေလိုက်ဖြင့် အမြဲ သံသရာလည်နေမည် ဖြစ်သည်။
Eye of Eden ကို အခုမှ ပထမဆုံး သွားမယ့်သူဖြစ်လျှင် အတွေ့ အကြုံ ရှိတဲ့ အခြားကစားသမား တယောက်နဲ့ အတူသွားသည်က ပိုကောင်းပါသည်။ အတွေ့အကြုံ မရှိသည့်သူနှင့် သွားတဲ့ အခါ Eden ထဲ မရောက်မှီ လမ်းတလျောက်လုံးတွင် မလိုအပ်ဘဲ တောင်ပံများ ဆုံးရှုံးနိုင်၍ ဖြစ်သည်။ Eye of Eden ထဲသို့ အတူသွားမည့် သူငယ်ချင်းသည် မိမိနှင့် Warp Skill Unlock လုပ်ထားသည့် သူဖြစ်လျှင် သာ၍ ကောင်းပါသည်။ Warp လုပ်နိုင်သည့်အတွက် လမ်းတွင် ကျန်ခဲ့ခြင်းမျိုးစသည့် အမှားအယွင်း တခုခု ဖြစ်သွားလျှင် ချက်ချင်း သူငယ်ချင်းရှိရာကို အရောက် ပြန်သွားနိုင်၍ ဖြစ်သည်။
Eye of Eden သွားရန်အတွက် -
တောင်ပံ 🦋အနည်းဆုံး (၂၀)ခု ရှိနေရမည် ဖြစ်ပြီး တတ်နိုင်သမျှ တောင်ပံများများနှင့် သွားသင့်သည်
အချိန် ⏰မိနစ် ၃၀ အနည်းဆုံး ပေးနိုင်ရမည် (ကျွမ်းကျင်မှု ပေါ်မူတည်၍ ၁ နာရီအထိ အချိန်ကြာမြင့်တာမျိုး ဖြစ်နိုင်ပါသည်)
အာရုံစူးစိုက်နိုင်မှု အကောင်းဆုံးချိန်တွင်သာ သွားပါ
ကောက်ယူ စုဆောင်းထားသည့် 🦋တောင်ပံများ ဆုံးရှုံး ခံနိုင်မှ သွားပါ
☠️သေမည်ဟု ဆုံးဖြတ်ပြီးမှ သွားပါ 😇