Sky တွင် Spirit အမျိုးအစား အနေနှင့် Emote Spirit, Wing/Star Spirit, Traveling Spirit နှင့် Quest Giver Spirit ဆိုပြီး (၄) မျိုး ရှိသည်။
1. Emote Spirit - Normal နှင့် Season Emote Spirt ဟူ၍ ၂မျိုး ထပ်ကွဲပြီး Normal Spirit သည် Emote၊ Costume၊ Spell များနှင့် Permanent Wing များကို Normal Candle ဖြင့် ဝယ်ယူ ရရှိနိုင်သည့် ဝိညာဥ်ဖြစ်သည်။ Season Emote Spirit သည် Season ချိန်တွင်သာ လာသည့် Spirit ဖြစ်ပြီး Emote နှင့် Costume များကို Seasonal Candle ဖြင့် ဝယ်ယူရခြင်းဖြစ်သည်။
2. Wing/Star Spirit/ Children of the Light -
တောင်ပံ အရေအတွက် တိုးပွားလာစေရန် လိုက်လံ စုဆောင်းရသည့် ဝိညာဥ်ဖြစ်သည်။
January 18 စာရင်းအရ
အခန်းအလိုက် စုဆောင်းနိုင်သော တောင်ပံ - 113 wings
Shard Memories မှ စုဆောင်းနိုင်သော တောင်ပံ - 6 wings
Ending Scene Credits - 1 wing
သာမာန် ဝိညာဥ်မှ တဆင့် Unlock လုပ်ယူရနိုင်သော Permanent Wing - 49 wings
Traveling Spirit Wing - 71 wings
စုဆောင်းရနိုင်သော တောင်ပံ စုစုပေါင်း - 240 wings
ကျောပေါ် ရှိ Star ပုံစံများနှင့် Wing အရေအတွက်
Added by Raiiiiiiiiiiiin
3. Traveling Spirit - ယခင်ပြီးသွားသော Season များမှ ဝိညာဥ်များ၏ Emoteများကို မရရှိလိုက်သော သူများအတွက် Season ချိန်တွင် (၂)ပတ် တကြိမ် Season မရှိလျှင် ၁ပတ် (၁)ကြိမ်ဖြင့် (ကြာသပတေး နေ့လည် ၂ခွဲမှ တနင်္လာ ၂ခွဲထိ) (၄)ရက်သာ ပြန်လာ ပေးသော ဝိညာဥ်များဖြစ်သည်။ Traveling Spirit ထံတွင် Permanent Wing Buff (၁)ခုနှင့် Spell (၂)ခု ရယူနိုင်ပြီး ၎င်းတို့၏ ထူးခြားချက် တခုမှာ ငွေသားဖြင့်ဝယ်ရသော Adventure Pass ရှိမှ ဝယ်၍ ရသော Costumes များကိုပါ ပြန်လည် ဝယ်ယူရခြင်းကြောင့် Free Player များ အနေနှင့် Adventure Pass မရှိသော်လည်း သက်ဆိုင်ရာ costumes (Season Ultimate Gifts မပါ) များကို ပိုင်ဆိုင်ခွင့် ရခြင်းဖြစ်သည်။ သို့သော် သတိပြုရမည့် အချက်မှာ Traveling Spirts များ၏ Emote နှင့် Costumes များကို ဝယ်ယူနိုင်ရန် အနည်းဆုံး Normal Candle (၁၀၀) တိုင်နှင့် Heart (၂၀) ခု စုဆောင်း ထားရှိသင့်သည်။ သတ်မှတ်ရက် (၄) ရက် (သို့) (၉၆)နာရီ အတွင်း Costumes နှင့် Spell အားလုံးကို Traveling Spirits ထံမှ ဝယ်ယူရန် ကျန်ရှိသွားပါကလည်း နောက်တကြိမ် Traveling Spirit ပြန်လာသည့် အချိန်ကို စောင့်ဆိုင်း၍ ကျန်ရှိနေသေးသည့် အရာများကို ပြန်လည် ဝယ်ယူနိုင်မည်ဖြစ်သည်။
4. Quest Giver Spirit - နေ့စဥ်လုပ်ဆောင်ရမည့် လုပ်ငန်း (၄)ခုကို သတ်မှတ်ပေးသည့် ဝိညာဥ်ဖြစ်ပြီး နေ့စဥ်အလိုက် မတူညီသည့် အခန်းများတွင် ပြောင်းလဲ၍ တည်ရှိနေတတ်သည်။ သတ်မှတ်ထားသည့် လုပ်ငန်း (၄)ခု လုပ်ဆောင်ပြီးပါက ဖယောင်းတိုင် (၄)တိုင် ရရှိမည်ဖြစ်သည်။
Created by @thatskymirian (Mirian#8040 on Discord)