Sky Children of the light ကစားသည့် အခါ ပုံမှန်အတိုင်း အခမဲ့ကစားခြင်းနှင့် Adventure Pass ဝယ်ယူကာ ကစားခြင်းဆိုပြီး (၂)မျိုး ရှိပါသည်။
Free Players များ အနေနှင့် ၂လ ၂လခွဲ ဝန်းကျင် ကြာမြင့်သည့် Season ၏ Season Spirit များထံမှ Emote နှင့် Constume အချို့ကိုသာ Free ရနိုင်မှာဖြစ်ပါတယ်။
Adventure Pass ဝယ်ယူထားသူများသာ ရရှိနိုင်သည့် အကျိုးခံစားခွင့်များမှာ -
သက်ဆိုင်ရာ Season သင်္ကေတ အလိုက် လည်ဆွဲဘရက် တခုဆီ ရရှိပါမည်။
Season စတင်တဲ့ရက်မှ ပြီးဆုံးသည့်ရက်အထိ နေ့စဥ် Seasonal Candle တခု လက်ဆောင်ကို Home မှာ ယူနိုင်ပါသည်။
Adventure Pass ဝယ်/လက်ဆောင်ရပြီးသည်နှင့် တပြိုင်နက် Seasonal Candles ၃၀ ခု ရပါမည်။
အခြား Free Players များ မရနိုင်သည့် ဝတ်ရုံ၊ ဦးထုပ်၊ ထီး၊ မျက်နှာဖုံးနှင့် အခြား အထူးလက်ဆောင်တွေ ရနိုင်ပါသည်။
Adventure Pass ကို ဝယ်ယူရန် Game အတွင်း ညာဖက် အပေါ်ထောင့်ရှိ စျေးခြင်းတောင်းကို နှိပ်လိုက်လျှင် Adventure Pass Pack (၂) မျိုးကို ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်သည်။ ပုံထဲတွင်လည်း နမူနာ တွေ့နိုင်ပါသည်။
၁ ယောက်အတွက် $10 (အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး အခြားသူများကို လက်ဆောင်ပေးနိုင်ပါသည်)
၃ ယောက်အတွက် $20 (Season တခုလျှင် တစ်ကြိမ်သာ ဝယ်ယူနိုင်မည်ဖြစ်သည်) ဖြစ်ပါသည်။
ချွင်းချက် အနေနှင့် Android User များအား Google Play Storeမှ အခွန် ၈.၉% ကောက်တဲ့အတွက် $10 ဆို $10.89 ပေးရပါမည်။ အချို့ US Store ၏ IOS User များက $10ထဲတွင် အခွန် ပါပြီးသားဖြစ်သည့်အတွက် အခွန်ထပ်ပေးစရာ မလိုသဖြင့် $10 သာ ဖြစ်ပါသည်။
Adventure Pass ကို ၃ယောက်စာ ဝယ်ထားလျှင် (သို့) Share စုဝယ်ခြင်းမျိုး ပြုလုပ်ကာ သူငယ်ချင်း အချင်းချင်း လက်ဆောင် ပြန်ပေး၍လည်း ရနိုင်ပါသည်။ သတိပြုရမည့် အချက်မှာ Adventure Pass ကို Season စသည်နှင့် တပြိုင်နက် ဝယ်ယူနိုင်လျှင် ပိုကောင်းပြီး (၂ပတ်ထက်ပို၍နောက်ကျပါက Ultimate Gift တခုခု လက်လွှတ်ရတတ်သည်) လက်ဆောင်ပေးမည့် သူငယ်ချင်းနှင့် အနည်းဆုံး (၃) ရက် Sky သူငယ်ချင်း ဖြစ်နေရန်လည်း လိုအပ်သည်။ Adventure Pass လက်ဆောင်ရသည့် သူငယ်ချင်းသည်လည်း Seasonal Candles ၃၀ခု နှင့်တကွ Adventure Pass အကျိုးခံစားခွင့်များ အားလုံးကို ရရှိပါမည်။ လက်ဆောင် ပေးရမည့် Adventure Gift Pass များမှာ သက်တမ်း ကုန်ဆုံးရက် မရှိသည့်အတွက် နောင်လာမည့် Season များတွင် အခြားသူများကို လက်ဆောင် ပေးနိုင်ရန်အတွက် သိမ်းဆည်းထားနိုင်ပါသည်။
ဝယ်ယူပြီး ငွေပေးချေရန် အတွက် သက်ဆိုင်ရာ Google/ iTunes Gift Card ဝယ်ယူကာ အကောင့်ထဲ ငွေဖြည့်ထားရန်သာ လိုပါသည်။ အခြားငွေပေးချေသည့် နည်းလမ်းများ အနေနှင့် Master, Visa Card များ၊ Telenor၊ Ooredoo Billing များဖြင့်လည်း ငွေပေးချေနိုင်ပါသည်။
Gift Card ဖြင့် Account ထဲ ငွေဖြည့်ရန်
Android အတွက် Google Play Store Gift Card နှင့် (မအလ အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေး မတည်ငြိမ်၍ Google Gift Card ဖြင့် ငွေဖြည့် မရတော့ပါ။ Visa/ Master Card တို့ဖြင့်သာ ငွေချေနိုင်ပါသည်။)
IOS/ Apple Devicesများ အတွက် iTunes Gift Card ကို ဝယ်ယူရမည်။
နီးစပ်ရာ ABC, g&g, City Express, KBZ Online Banking နှင့် Apple Authorized Reseller Shops တို့တွင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။
Visa, Master Card တခုမှ မရှိလည်း ရပါသည်။ Gift Card ဝယ်ယူပြီးပါက သက်ဆိုင်ရာ Play Store, App Store ဖွင့်ပြီး Setting အတွင်းရှိ Redeem နှိပ် ကုဒ်ထည့်ကာ ငွေဖြည့်နိုင်မည် ဖြစ်ပါသည်။