Sky: Children of the Light သည် thatgamecompany ၏ Social ဂိမ်းတခုဖြစ်ပြီး 2020 ခုနှစ်၏ Google Play's Best Indie/Innovative app၊ Apple Design Awardsနှင့် International Mobile Gaming Awards, 2019 ခုနှစ်၏ အကောင်းဆုံး Mobile Game ဆု၊ Apple ၏ အကောင်းဆုံး iPhone ဂိမ်းဆု၊ အိပ်ဆောင် ဂိမ်းကစားသူများ၏ စိတ်ကြိုက်ဆုနှင့် ပရိသတ်ဆု စသည့် ဆုပေါင်း များစွာကို ဆွတ်ခူးထားသည့် ဂိမ်းလည်းဖြစ်သည်။ thatgamecompany သည် ၂၀၁၃ ခုနှစ်ကလည်း Journey ဆိုသည့် ဂိမ်းဖြင့် အကောင်းဆုံး ဂိမ်းဆုကို ရရှိထားပြီး အခြား ဆုပေါင်းများစွာ ရရှိထားသည့် Flower နှင့် Flow ဂိမ်း (၂)ခုကိုလည်း ထုတ်လုပ်ထားသည်။
Sky Game ကို IOS, Android, Nintendo Switch, Play Station and PC စက်များတွင် သွင်းနိုင်ပြီး Game သွင်းရန်အတွက် အတိအကျ သတ်မှတ်ထားသည့် လိုအပ်ချက်မရှိသော်လည်း IOS Devices တွင် IOS 9.0 မှစတင်ကာ iPhone 5S နှင့်အထက် Device တိုင်းတွင် ကစားနိုင်ပြီး Android Devices တွင် Android 8, 9 နှင့် Ram 3GB အထက် ဖြစ်ရန်လိုအပ်သည်။ 

PC တွင် 

OS: Windows 10 64-bit, build 1903+ (10.0.18362)

Processor: Intel i5-6400 or AMD FX 8310

Memory: 8 GB RAM

Graphics: Nvidia GeForce GTX 1030 or AMD Radeon RX 560

Storage: 3 GB available space အနည်းဆုံး လိုအပ်မည်ဖြစ်ပြီး Steam App မှတဆင့် သွင်းရမည်ဖြစ်သည်။

Play Station တွင် PS4 အထက်မှ စတင်၍ ကစားနိုင်မည်ဖြစ်သည်။

Sky ဂိမ်းဆော့ရာတွင် အခြေခံ ဆောင်ရွက်ရမည့် အချက်များနှင့် သိထားသင့်သည့် အချို့ အချက်များကို အောက်တွင် အချက် (၁၁) ချက်ဖြင့် ဖော်ပြပေးထားပြီး အခြား အကြောင်းအရာ များကိုလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် Menu မှတဆင့် ကြည့်ရှုနိုင်ပါသည်။ 

Game ကို Download ရယူနိုင်သည့် Link -

IOS app 

Android App