'Cambridge မှ သင်ယူသူ' ၏ အယူအဆသည် ခေတ်သစ်ကမ္ဘာရှိ သင်ယူသူများအတွက် အရေးကြီးသည်ဟု ကျွန်ုပ်တို့ယုံကြည်သည့် အရည်အချင်းများကို ချိတ်ဆက်ပေးသည်။ အဓိပ္ပာယ်အလွန်ပြည့်ဝသော သင်ရိုးညွှန်းတမ်းသည် ဘာသာရပ်အစုအဝေးတစ်ခုထက်ပိုသည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုထားပါသည်။ သင်ယူသူများတို့သည် အောင်မြင်မှုရစေရန်အတွက် ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဘဝစွမ်းရည်နှင့် သဘောထားများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်အထူး လိုအပ်ပါသည်။
Cambridge မှ သင်ယူသူများသည် -
အချက်အလက်နှင့်အကြံဥာဏ်များဖြင့် သူတို့ကိုယ်တိုင်နှင့်အခြားသူတွေအပေါ် ယုံကြည်မှုရှိပါသည်။
မိမိကိုယ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ တုံ့ပြန်မှုကောင်းသလို၊ သူတစ်ပါးကို ရိုသေလေးစားမှုရှိပါသည်၊၊
သင်ယူသူများအနေဖြင့် ၎င်းတို့၏ သင်ယူနိုင်စွမ်းကို တိုးတက်မှုရှိစေပါသည်။
ဆန်းသစ်တီထွင်တတ်ပြီး အနာဂတ်စိန်ခေါ်မှုများအတွက် ပြင်ဆင်ထားတတ်ပြပါသည်။
ဥာဏ်ပညာနှင့်လူမှုရေးအရထိတွေ့ဆက်ဆံပြီး၊ တစ်မူထူးခြားမှုကိုဖန်တီးရန် အသင့်ဖြစ်နေတတ်ပါသည်၊၊
Cambridge Pathway သည် အသက် ၅ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသားများအား ပညာရေးအောင်မြင်မှုအတွက် ရှင်းလင်းပြတ်သားသောလမ်းကြောင်းကိုဖော်ညွှန်းပေးသည်။ ဘာသာရပ်များစွာဖြင့် Cambridge Pathway သည် ကျောင်းသားများအား စွမ်းရည်အသစ်များနှင့် ပိုမိုကျယ်ပြန့်သောကမ္ဘာကိုရှာဖွေတွေ့ရှိစေပြီး ၎င်းတို့အား ဘဝအတွက်လိုအပ်သော ကျွမ်းကျင်မှုများကိုပေးစွမ်းနိုင်သောကြောင့် ၎င်းတို့သည် ကျောင်း ၊ တက္ကသိုလ် ၊ အလုပ်တို့တွင် အောင်မြင်ရပေမည်။ ၎င်း၏ပြောင်းလွယ်ပြင်လွယ်သည့်သင်ရိုးညွန်းတန်းက ကျွန်ုပ်တို့၏ကျောင်းသားများအတွက် စိတ်လှုပ်ရှားဖွယ်ရာနှင့် ဆီလျော်မှုရှိစေရန် သင်ရိုးညွှန်းတမ်းကို ပုံဖော်နိုင်ရန် အခွင့်အရေးပေးထားပါသည်။
Cambridge Pathway ၏ အဆင့်လေးဆင့်သည် မူလတန်းမှ အလယ်တန်းအထိ နှင့် တက္ကသိုလ်အကြိုနှစ်များကို ချောမွေ့စွာ ဦးတည်ထားသည်။ အဆင့်တစ်ခုစီသည် ယခင်အဆင့်မှ သင်ယူသူများ၏ တိုးတက်မှုအပေါ် အခြေခံထားပါသည်။ ကျွန်ုပ်တို့၏ သင်ရိုးညွှန်းတမ်းသည် အခြားသောသင်ရိုးညွှန်းတမ်းများနှင့် ကိုက်ညီမှုရှိကာ၊ နိုင်ငံတကာနှင့်သက်ဆိုင်ပြီး မတူညီသောကွာဟချက်များနှင့် ယဉ်ကျေးမှုများအတွက် အထောက်အပံ့ဖြစ်စေပြီး ကျောင်းသားများကို အင်္ဂလိပ်ဘာသာသည် ပထမ သို့မဟုတ် ဒုတိယဘာသာစကားအဖြစ် ပံ့ပိုးပေးပါသည်၊၊
Cambridge အထက်တန်းအလယ်တန်းနှင့် Cambridge Advanced အဆင့်များအဆုံးတွင်၊ကျောင်းသားများသည် Cambridge IGCSE သို့မဟုတ် Cambridge International AS & A Level ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု အရည်အချင်းများကို အောင်မြင်နိုင်ပါသည်။
New Light ကိုယ်ပိုင်ကျောင်းသည် ကျွန်ုပ်တို့၏ကျောင်းသားများ၏ ပညာရေးအိပ်မက်များကို ဖြည့်ဆည်းပေးပြီး ထိပ်တန်းတက္ကသိုလ်များသို့ ရောက်အောင်ကူညီပေးဖို့ရန် အနာဂတ်ကို မျှော်လင့်စောင့်စားလျက်ရှိပါသည်။