ကျောင်းဆရာတစ်ဦး၏ တာဝန်ဝတ္တရားများတွင် ပုံမှန်အားဖြင့်အောက်ဖေါ်ပြပါအချက်များပါဝင်သည် -
သင်ခန်းစာများ စီစဉ်ခြင်းနှင့် ပို့ချခြင်း -
ဆရာများသည် သင်ခန်းစာအစီအစဉ်များတို့ကို ပြင်ဆင်ခြင်း၊ သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ဖန်တီးခြင်းနှင့် သင်ခန်း စာများကို ကျောင်းသားများထံ ပေးပို့ သင်ကြားပေခြင်းတို့ကိုထိထိရောက်ရောက်လုပ်ဆောင်ရမည်။
စာသင်ခန်းအားစီမံခန့်ခွဲမှု -
ဆရာများသည် အပြုသဘောဆောင်ပြီး စနစ်တကျ စာသင်ခန်းနှင့်စာသင်ခန်းပတ်ဝန်းကျင်ကို ထူထောင်ကာ စည်းကမ်းထိန်းသိမ်းရန်နှင့် အပြုအမူဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရမည်။
ကျောင်းသားစွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း -
ဆရာများသည် ကျောင်းသားများ၏ သင်ယူခြင်းအလုပ်ကို အကဲဖြတ်ပြီး အဆင့်လိုက်သတ်မှတ် တုံ့ပြန်ချက်ပေးစစ်ဆေးချက်များ နှင့် စာမေးပွဲများတို့ကို စီမံခန့်ခွဲလုပ်ဆောင်ရပါမည်။
တစ်ဦးချင်းသင်ကြားပို့ချခြင်း -
ဆရာများသည် ကျောင်းသားများတို့၏ သင်ယူမှုလိုအပ်ချက်များကို ခွဲခြားသတ်မှတ်ပြီး ၎င်းတို့အား ပညာရေးတွင် အောင်မြင်စေရန် ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်မှုများတို့ကို တစ်ဦးချင်းစီကို သင်ကြားပို့ချ ပံ့ပိုးပေးရပါမည်။
သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးတိုးတက်ရေး -
ဆရာများသည် သင်ရိုးညွှန်းတမ်းနှင့်ပစ္စည်းများတို့ကို ပြုစုရေးဆွဲခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းတွင် ပါဝင်ပြီး ၎င်းတို့ကို ပညာရေးအဆင့်အတန်းစံနှုန်းများနှင့် အချိန်တိုင်းကိုက်ညီမှုရှိစေရပါမည်။
မိဘနှင့် အုပ်ထိန်းသူတို့အားဆက်သွယ်မှု -
ဆရာများသည် ကျောင်းသားတိုးတက်မှုကို ဆွေးနွေးရန်၊ မိဘအုပ်ထိန်းသူများ၏စိုးရိမ်မှုများကိုဖြောင်းဖျဖြေရှင်းရန်နှင့် သိတင်းအချက်အလက်အသစ်များပေးနိုင်ရန်အတွက် ဆရာများသည် မိဘများ သို့မဟုတ် အုပ်ထိန်းသူများနှင့် ပုံမှန်ဆက်သွယ်မှုကို စီမံခန့်ခွဲရေးမှူးအဖွဲ့မှတစ်ဆင့် ပြုလုပ်ရပါမည်။ (မိဘများထံသို့တိုက်ရိုက်ဆက်သွယ်ခြင်းလုံးဝမပြုလုပ်ရပါ)
စာသင်ခန်းအား ကြီးကြပ်မှုဆောင်ရွက်ခြင်း -
ဆရာများသည် ကျောင်းသားလှုပ်ရှားမှုများကို ကြည့်ရှုစောင့်ကြည့်ခြင်း၊ ဘေးကင်းသော သင်ကြားရေးပတ်ဝန်းကျင်ဖြစ်စေရန် သေချာစေခြင်း၊ အားလပ်ချိန်နှင့် သင်ရိုးညွှန်းတမ်းများ လေ့ကျင့်သင်ကြားလှုပ်ရှားမှုများတွင် ကျောင်းသားများကို သေသေချာချာ ကြီးကြပ်ဆောင်ရွက်ထားရပ်မည်။
လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း -
ဆရာများသည် သင်ခန်းစာများကို ပေါင်းစပ်ညှိနှိုင်းရန်၊ အကောင်းဆုံးအလေ့အကျင့်များကို မျှဝေရန်နှင့် ကျောင်းတစ်ခွင်ရှိ ရည်မှန်းချက်များနှင့် အစပြုမှုများကို ကိုင်တွယ်ဖြေရှင်းရန် အခြားပညာတတ်များနှင့်အတူ လုပ်ဆောင်ပါသည်။
ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေး- ဆရာများသည် ၎င်းတို့၏ သင်ကြားမှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် ပညာရေးဆိုင်ရာ ခေတ်ရေစီးကြောင်းများနှင့် သုတေသနပြုမှုများတွင် အပ်ဒိတ်ရှိနေစေရန် ဆက်လက်လုပ်ဆောင်နေသော ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ပါ။
ကျောင်းသားအားပံ့ပိုးပေးမှု -
ဆရာများသည် ကျောင်းသားများအား လမ်းညွှန်မှုနှင့် အကြံဉာဏ်ပေးခြင်း၊ အပြုသဘောဆောင်သော အပြုအမူနှင့် လူမှုဆက်ဆံ ရေးစွမ်းရည်များကို မြှင့်တင်ပေးပြီး ၎င်းတို့၏ အလုံးစုံကျန်းမာရေးကို ပံ့ပိုးပေးသည်။
အတန်းအဆင့်၊ ဘာသာရပ်နယ်ပယ်နှင့် ကျောင်းမူဝါဒများပေါ်မူတည်၍ သီးခြားတာဝန်များ ကွဲပြားနိုင်သည်ကို သတိပြုပါ။
(၁) ကျောင်းသို့ ရောက်ရှိပြီး မိမိအခန်းအတွင်း/ အပြင်သန့်ရှင်းရေးအား ဦးဆောင်၍ လုပ်ဆောင်ရမည်။
(၂) ကျောင်းတက်သည့်အချိန်တွင် ကျောင်းသူ ကျောင်းသားများ စာအဆင်သင့်သင်ယူနိုင်စေရန် ပြင်ဆင်ပေးထားရမည်။ (နေရာချထားမှုနှင့် ပစည်းများအား အစီစဉ်တကျပြင်ဆင်ထားရှိမှု)
(၃) သင်ကြားမှု မစတင်မီ ၁၀ မိနစ်အလိုတွင် သင်ကြားမည့် သင်ခန်းစာများအား အဆင်သင့်ဖြစ်နေရမည်။
(၄) သင်ကြားမည့်အချိန်တွင် နောက်လိုက်၀န်ထမ်းများအား တာ၀န်စနစ်တကျခွဲေ၀ထားရှိရမည်။
(၅) အခန်းတွင်း ကျောင်းသား/ကျောင်းသူများ၏ ကျောင်းတက်/ပျက် စာရင်းအားနေ့စဉ်မပျက်မကွက် လုပ်ဆောင်ရမည်။
(၆) စာသင်ကြားနေစဉ်အတွင်း အခန်းတွင်းအကဲဖြတ်မှုအား လုပ်ဆောင်စေပြီး အကဲဖြတ်မှတ်တမ်းရေးသွင်းထားရှိရမည်။
(၇) သင်ခန်းစာသင်ကြားနေစဉ်အတွင်း Introduction,Teaching,Practice and Review အစီစဉ်ဖြင့်သာ သင်ကြားရပါမည်။
(၈) သင်ကြားနေစဉ်အတွင်း ထူးခြားမှုဖြစ်စဉ်များအား မှတ်တမ်းထားရှိရပါမည်။
(၉) သင်ကြားပြီးသည့်အခါနောက်စာသင်ချိန်တွင်သင်ကြားမည့်ဆရာမအားအတန်းသို့အပ်စေပီးမှ တာ၀န်ချိန်ပြီးစီးမည်ဖြစ်ပါသည်။
(၁၀) အခန်းတွင်း ကျောင်းသား / ကျောင်းသူများ၏ အရည်အချင်းမှတ်တမ်းများ / ကိုယ်ရေးမှတ်တမ်းများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာမှတ်တမ်းများအား စနစ်တကျ စာရင်းပြုစုစေပြီးထားရှိရမည်။
(၁၁) သင်ကြားပြီး သင်ခန်းစာများ၏ မှတ်တမ်းများ / လေ့ကျင့်ခန်းစာအုပ်များကို အမြဲစစ်ဆေးရမည်။
(၁၂) မိမိသင်ကြားချိန်မဟုတ်ဘဲ အခြားသော တာ၀န်ကျဆရာမများ သင်ကြားနေစဉ် အခန်းပတ်၀န်းကျင်တွင် အဆင်သင့်ရှိနေရမည်။
(၁၃) အခန်းတွင်း ပြင်ဆင်မှုများအား ( Wallpapers, Crafts and Teaching Aids) ဦးဆောင်ရမည်။
(၁၄) Projects / Experiments များကို ဦးဆောင်ပြုလုပ်သင်ကြားရမည်။
(၁၅) သင်ခန်းစာပြင်ဆင်မှုများအား နေ့စဉ် / အပတ်စဉ် / လစဉ် သက်ဆိုင်ရာသို့ အစီရင်ခံ တင်ပြရမည်။
(၁၆) သင်ကြားရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များအားလက်ထောက်ဆရာမများသို့ မျှဝေသင်ကြားပေးမည်။
(၁၇) အပတ်စဉ်ပြုလုပ်သော ဆွေးနွေးပွဲများ/ Microteaching / သင်တန်းများအား မပျက်မကွက်တက်ရောက်ရမည်။
(၁၈) သတ်မှတ်ထားသော နေ့ရက်များတွင် အလှည့်ကျ Gate Duty / လှေကားDuty များ စောင့်ရမည်။
(၁၉) ပြဌာန်းထားသော သင်ခန်းစာများအား 5Cs ဖြင့် ချိတ်ဆက်သင်ကြားရမည်။
(၂၀) သင်ကြားမှုများအား ၂၁ရာစု အရည်အသွေးပြည့်မီအောင် သင်ကြားမှုနည်းစနစ်များအား မျက်ခြေမပြတ် ပြင်ဆင်ရမည်။
(၂၁) မိမိအခန်းအတွင်းရှိ ကျောင်းသားရေးရာကိစ္စနှင့် လက်ထောက်၀န်ထမ်းရေးရာကိစ္စများကို တာ၀န်ယူဖြေရှင်းရမည်။
(၂၂) ဆရာ/ဆရာမ တစ်ဘောက်ဖြစ်သည့် အားလျော်စွာ စဉ်ဆက်မပြတ်သင်ယူလေ့လာရမည်။
(၂၃) သင်ကြားရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များအား လက်ထောက်ဆရာမ များသို့ လက်ဆင့်ကမ်းမျှဝေ သင်ကြားပေးရမည်။
(၂၄) ကျောင်းမှပြုလုပ်သော ပွဲများတွင် မဖြစ်မနေပါ၀င် လုပ်ဆောင်ကြရမည်။
(၂၅) ကျောင်းမှ သင်ကြားရေးအပြင် ပေးအပ်သောအခြားသော တာ၀န်များအား ဆောင်ရွက်ရမည်။
(၂၆) ခွင့်ယူလိုသော နေ့အတွက် မိမိတာ၀န်အား စနစ်တကျ လွဲပြောင်းပီးမှ ခွင့်ယူရပါမည်။
(၂၇) မိမိအထက်လူကြီးများ၏ တာဝန်ပေးမှုများအား မဖြစ်မနေလုပ်ဆောင်ရမည်။
(၂၈) သင်ကြားမှုများအား ၂၁ရာစု အရည်အသွေးပြည့်မီအောင် သင်ကြားမှုနည်းစနစ်များအား မျက်ခြေမပြတ် ပြင်ဆင်ရမည်။
(၂၉) ကျောင်း စီမံခန့်ခွဲမှုဌာနနှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ရမည်။
(၃၀) သက်ဆိုင်ရာ မှတ်တမ်းများအား မိမိအခန်းတွင် တစ်စုံ နှင့် စီမံခန့်ခွဲမှုဌာနတွင် တစ်စုံထားရှိရမည်။
(၃၁) ကလေးများကျင့်သုံးရမည့် Culture များကို သေချာစွာ လေ့ကျင့်သင်ကြားပေးရမည်။
(၃၂) ညနေကျောင်းဆင်းလျှင် ကလေးများဆင်းသည်နှင့် တပြိုင်နက် မိမိပစည်းများအား တစ်ပါတည်းယူဆောင်လခြင်းမလုပ်ဘဲ အခန်းတွင်းသန့်ရှင်းရေး / စစ်ဆေးမှုများ (မီးခလုတ်)ပြုလုပ်ပီးမှသာ ပြန်ရမည်။
(၃၃) ကလေးများအားလုံးပြန်သွားပြီးမှသာ မိမိတာ၀န်ပြီးဆုံးမည်ဖြစ်သည်။
(၃၄) ကလေးများအိမ်ပြန်ချိန်တွင်လည်း သေချာစွာ စောင့်ကြပ်ပေးရမည်။
(၃၅) ကျောင်းတွင်တက်ရောက်နေသောမည်သည့်ကျောင်းသား/သူကိုမှ ကျူရှင်သင်ခွင့်မပြုပါ။
(၁) ကိုယ်ထိလက်ရောက်ဆုံးမမှုများ ( Physical Punishment ) , စိတ်ခံစားရလွယ်စေသော စကားလုံးများအသုံးပြု၍ ဆိုဆုံးမမှုများ(Emotional Damages) , ကလေးများအား နှိုင်းယှဉ်ဆိုဆုံးမမှုများ ( Comparing ), နှင့် ပြစ်တင်ရှုံချမှုကို အသုံးပြု၍ဆိုဆုံးမမှုများ ( Blame Action ) များ မပြုလုပ်ရန်။
(၂) ကလေးများအား ခွဲခြားဆက်ဆံမှုမျိုး မပြုလုပ်ရပါ။
(၃) ကလေးဗဟိုပြုစနစ်ကိုသာ အသုံးပြုသင်ကြားရန်။
(၄) အခန်းအတွင် အဂ်လိပ်ဘာသာစကားကိုသာ ( မဖြစ်မနေ) ပြောဆို အသုံးပြုရမည်။
(၅) မိမိအခန်းအတွင်း ထိခိုက်မှု တစ်စုံတစ်ရာဖြစ်ပွားပါက First Aid ရှေးဦီးသူနာပြုစုနည်းဖြင့် ဦးစွာ ပြုစုကုသစေပြီး သက်ဆိုင်ရာဌာနသို့ ချက်ချင်း အကြောင်းကြားရမည်။
(၆) အခန်းတွင်း ပေးလိုသော သတင်းအချက်အလက်များအား သက်ဆိုင်ရာဌာနသို့ သတင်းပို့ပြီးမှသာ မိဘများထံ ဖုန်းဆက်စေခြင်း၊ Message Book အတွင်း ရေးသားခြင်းများပြုလုပ်ရမည်။
(၇)ကျောင်းသား/ကျောင်းသူများအား အကြောက်တရားနှင့် သင်ကြားမှု မပြုဘဲ သတ်မှတ်ထားသော စည်းဘောင်တစ်ခုအတွင်း မေတာ စေတနာရှေ့ထားပြီး မိခင်သဖွယ် သင်ကြားပြသပေးနိုင်ရမည်။
(၈) မိမိကိုယ်တိုင် နိုင်ငံရေးနှင့် ဘာသာရေးငြိစွန်းစောသော စကားလုံးများ အသုံးပြုခြင်းရှောင်ရမည်။ သင်ခန်းစာနှင့် မပက်သက်သော နိုင်ငံရေးအငြင်းပွားမှု၊ ဘာသာရေး ဆိုင်ရာ အငြင်းပွားမှုများအား ထည့်သွင်းဆွေးနွေးသင်ကြားခြင်းမပြုရ။
(၉) ကျောင်းသား ကျောင်းသူများထံမှ မည်သည့်လက်ဆောင်မှ ယူခွင့် မပြုပါ။
(၁၀) ကလေးများနှင့် အတူထမင်းစားခြင်း / ဓာတ်ပုံတွဲရိုက်ခြင်း/ ကလေးပစည်းများအား ဌားရမ်း အသုံးပြုခြင်းမပြုလုပ်ရ။
New Light School
Management