၁။ကွက်လပ်ဖြည့်ပါ။ (၃မှတ်) (Knowledge Level)
(၁)မြန်မာတို့၏ ပင်ကိုယ်တူရိယာသည်--------ဖြစ်သည််။
(က)ဆိုင်း (ခ)စောင်း (ဂ)နှဲ
(၂) ဆိုင်းဝိုင်းတစ်ဖွဲ့တွင် အဖွဲ့ဝင် တီးမှုတ်သူ--------မှဆယ်ယောက်ကျော်အထိပါဝင်သည်။
(က)၇ (ခ)၁၁ (ဂ)၅
(၃)မြန်မာ့ဆိုင်းဝိုင်းကြီးတွင် ချိတ်ဆွဲထားသော ပတ်လုံးအရေအတွက်------- လုံးပါဝင်သည်။
(က)၂၄ (ခ)၂၁ (ဂ)၁၈
၂။ အောက်ပါတို့အနက်မှ ၃ခု၏အဓိပ္ပါယ်ကို တိကျစွာရးပါ။ (၃မှတ်) (Knowledge Level) ဂီတ၊ ဒိုးပတ်၊ နှဲ၊ မဏ္ဍိုင်၊ မိတ္တဗလ
၃။ အောက်ပါတို့အနက်မှ ၃ခုကို ဝါကျဖွဲ့ပါ။ (၃မှတ်) (Application Level) တူရိယာ၊ ပတ်မကြီး၊ ယဉ်ကျေးမှု၊ ဆိုင်းဝိုင်း၊ အနုပညာ
၄။ အောက်ပါ မေးခွန်းများကို ဖြေဆိုပါ။ (၆မှတ်)
(က) ဆိုင်းဝိုင်းဟုအဘယ်ကြောင့် ခေါ်သနည်း။ (Comprehension Level)
(ခ) ဆိုင်းဝိုင်းကို မည်သည့် နေရာများတွင် သုံးသနည်း။ (Synthesis Level)
(ဂ) မြန်မာ့တူရိယာတို့၏ တူရိယာဂီတ ရှေးမူများသည် အဘယ်ကြောင့် မပျောက်မပျက် တည်မြဲ နိုင်ခဲ့ခြင်းဖြစ်နည်း။ (Evaluation Level)
၅။ လွန်ခဲ့သာ နှစ်ပေါင်း၁၀၀ကျော်ခန့်က ပြည်ပသို့ သွားရာက် ဖျော်ဖြခဲ့သောဆိုင်းပညာရှင်ကြီးများနှင့် ၎င်းတို့သွားရောက်ခဲ့သော နိုင်ငံများကို ဖော်ပြပါ။ (၅မှတ်) (Analysis Level)
၆။ မိမိတို့၏ ကိုယ်ပိုင်အနုပညာကို ထိန်းသိမ်းရခြင်းအပေါ် သင်၏အမြင်ကို ဆွေးနွေး တင်ပြပါ။ (၅မှတ်) (Evaluation Level)
Questions and Answers
Answer Keys
၁။ကွက်လပ်ဖြည့်ပါ။
(၁) (က)ဆိုင်း
(၂) (က)၇
(၃) (ခ)၂၁
၂။ အောက်ပါတို့အနက်မှ ၃ခု၏အဓိပ္ပါယ်ကို တိကျစွာရးပါ။
ဂီတ = သီဆိုတီးမှုတ်ခြင်း။
ဒိုးပတ် =လည်တွင်လွယ်၍ တီးရသောဗုံတို။
နှဲ =သစ်ထွင်းလေမှုတ်တူရိယာ။
၃။ အောက်ပါတို့အနက်မှ ၃ခုကို ဝါကျဖွဲ့ပါ။
တူရိယာ။ ။ ဆိုင်းသည် မြန်မာ့ရိုးရာ တူရိယာ တစ်မျိုးဖြစ်သည်။
ဆိုင်းဝိုင်း။ ။မြန်မာ့ရိုးရာပွဲလမ်းသဘင်များတွင် ဆိုင်းဝိုင်း ကိုမပါမဖြစ်အသုံးပြုကြသည်။
အနုပညာ။ ။မြန်မာ့ဆိုင်းဝိုင်းသည် မြန်မာ့ အနုပညာ ပြယုဒ်ဖြစ်သည်။
၄။ အောက်ပါ မေးခွန်းများကို ဖြေဆိုပါ။
(က) ဆိုင်းဝိုင်းဟုခေါ်ခြင်းအကြောင်းမှာ ပန်းပြားကြီးရှစ်ခုကိုဝိုင်း၍ ပတ်လုံးများ၌ပါရှိသော ကြိုးဖြင့် ချည်နှောင်ကာ ဆိုင်းထားရသောကြောင့် ဖြစ်သည်။
(ခ) မြန်မာတိုင်းရင်းသားတို့သည် မွေးဖွားသည့်အချိန်မှစ၍ ကွယ်လွန်သည့်အချိန်တိုင်အောင် သာရေးနာရေးအစရှိသည့် လူမှုကိစ္စအဝဝတွင် ဆိုင်းမပါလျှင်ပွဲမဖြစ်ဟု ဆိုရလောက်အောင်ပင် ဆိုင်းကို နှစ်သက်စွာအသုံးပြုကြသည်။
(ဂ) မြန်မာ့တူရိယာတို့၏ တူရိယာဂီတရှေးမူများသည် နည်းစနစ်ကျနသည့် အခြေခံနှင့်ပြည့်စုံသော မူများဖြစ်၍ မပျောက်မပျက် တည်မြဲနိုင်ခဲ့ခြင်းဖြစ်ပေသည်။
၅။ အိန္ဒိယပြည် ရတနာဂီရိသို့ နေမျိုးဗလကျော်သူဘွဲ့ရ စိန်ဗေဒါသည်လည်းကောင်း၊ အင်္ဂလန်ပြည် ဝင်ဘလီအခမ်းအနားသို့ ဆရာညို၏အဖွဲ့သည်လည်းကောင်း၊ အိန္ဒိယပြည် နယူးဒေလီမြို့တွင် ကျင်းပသော ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဝဏ္ဏကျော်ထင် ဦးဖိုးစိန်၏ အဖွဲ့သည်လည်းကောင်း၊ ယိုးဒယားနှင့် ဆိုဗီယက်နိုင်ငံများသို့ အလင်္ကာကျော်စွာဦးဟံပ၊ စိန်ကုလား စသူတို့၏ တူရိယာအဖွဲ့များသည်လည်းကောင်း သွားရောက် တီးမှုတ်ခဲ့ကြသည်။
၆။ မြန်မာ့အနုပညာသည် အခြေအမြစ်နှင့် စနစ်တကျ တိုးတက်လာသောပညာဖြစ်သည်။ မြန်မာတို့၏ ကိုယ်ပိုင်အတီး တူရိယာမှာ ဆိုင်းဖြစ်သည်။ဆိုင်းတူရိယာသည် မြန်မာတို့အဖို့ ဂုဏ်ယူဖွယ်ရာ ကိုယ်ပိုင်တူရိယာဖြစ်သည်။ ဆိုင်းဝိုင်းကို အခမ်းအနားများတွင်သုံးသည်။
မြန်မာ့တူရိယာများသည် ပင်လယ်ရပ်ခြားတိုင်းတစ်ပါးသို့ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာကျော် လောက်ကစ၍ ရောက်ပေါက်ခဲ့သည်။မြန်မာ့တူရိယာတို့၏ တူရိယာဂီတရှေးမူများသည် နည်းစနစ်ကျနသည့် အခြေခံနှင့်ပြည့်စုံသော မူများဖြစ်၍ မပျောက်မပျက် တည်မြဲနိုင်ခဲ့ခြင်းဖြစ်ပေသည်။ထို့ကြောင့် မိမိတို့၏ကိုယ်ပိုင်အနုပညာကို ထိန်းသိမ်းရမည် ဖြစ်ပါသည်။