အမည် စိန်ဗေဒါ
ငယ်နာမည် မောင်လေး
အဖအမည် ဆရာဖေကြီး
အမိအမည် ဒေါ်မမလေး
မွေးဖွားသောခုနှစ် မြန်မာ သက္ကရာဇ်၁၂၄၄ နတ်တော်လဆန်း ၁ရက်နေ့
ဇနီးသည်အမည် မစိန်မေ
ရရှိခဲ့သောဘွဲ့ နေမျိုးဗလကျော်သူ
ကွယ်လွန်ခဲ့သောခုနှစ် မြန်မာသက္ကရာဇ်၁၃၀၄(အေဒီ၁၉၄၂)တော်သလင်း လပြည့်ကျော်၁၄ရက်နေ့
နေမျိုးဗလကျော်သူဘွဲ့ထူးခံ ဆိုင်းဆရာကြီးစိန်ဗေဒါ၏ကိုယ်ရေးအကျဉ်း
· ဆိုင်းဆရာကြီး စိန်ဗေဒါကို မြန်မာ သက္ကရာဇ်၁၂၄၄ နတ်တော်လဆန်း ၁ရက်နေ့တွင် အဖဆရာဖေကြီး (နေမျိုးကျော်ခေါင်ဘွဲ့ရ)နှင့်ဒေါ်မမလေးတို့မှ မန္တလေး ရွာသစ်တွင် -မန္တလေးမြို့သူ မြို့သားတို့၏ ဂုဏ်ယူစရာ မြန်မာ့ဆိုင်းဆရာကြီး စိန်ဗေဒါမွေးဖွားခဲ့ပါသည်။ဆရာကြီး၏ ငယ်နာမည်မှာ မောင်းလေး ဖြစ်ပြီး ဆရာကြီး စိန်ဗေဒါသည် အဆို အကဝါသနာသော ညောင်းလေးပင််မြို့သူ မစိန်မေနှင့်အကြောင်းပါခဲ့သည်။
· ဗေဒါသီချင်းကို တီး၍နာမည်ကျော်လာပြီး စိန်ဆိုင်းတီးမျိုးရိုးဖြစ်တာကြောင့် စိန်ဗေဒါဟု ခေါ်တွင်ခဲ့ပါသည်။ ဆရာကြီးဟာ ဆိုင်းပညာကို”ဆိုင်းလောကမှတစ်ဆူတည်းသော ဘုရား”ဟု ဆိုစမှတ်ပြုရလောက်အောင် ၁၆နှစ်သား အရွယ်က စလို့ စတင်ဆည်းပူးခဲ့ပါသည်။
· ဂီတအနုပညာပါရမီပါသော ဆိုင်းဆရာကြီးသည် ဆိုင်းတစ်ခုတည်းသာမက တခြားသော မြန်မာတူရိယာများ ဖြစ်သည့် စောင်း၊မိကျောင်း၊ပတ္တလား၊နှဲ တို့အပြင်၊အနောက်အတိုင်း တူရိယာများဖြစ်သော တယော၊ ဘင်ဂျို၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာ၊ ကောနက်တို့ကိုလည်း ကောင်းစွာ တီးမှုတ်နိုင်ပါသည်။
· မြန်မာသက္ကရာဇ်၁၂၁၇(အေဒီ ၁၉၁၁)ခုနှစ် အိနိ္ဒယနိုင်ငံ ဘုံဘိုင်ပြည်နယ် သို့ ပထမဉီးဆုံး သွားရောက်ကာ ရတနာဂီရိတွင် စံနေသော သီပေါမင်းနှင့်မိဖုရားခေါင်ကြီးတို့၏ တိုက်သစ်တက် မင်္ဂလာအတွက် ဆရာဉီးလူကြီး၊ ဆရာဉီးပေါ်ဉီး၊ စောင်းဒေဝဣန္ဒာမောင်မောင်ကြီး၊အကမိန်းမ မင်းသား မစောရင်၊ မင်းသမီး မစန်းကြည်တို့နှင့် တကွ ဆရာတော်ငါးပါးနှင့်အတူ ရတနာဂီရိသို့ လိုက်ပါ သွားခဲ့ပါသည်။
· ဆိုင်းပညာတွင် ထူးချွန်ပြောင်မြောက်သော ဆရာကြီးသည် နေမျိုးဗလကျော်သူဘွဲ့ရရှိခဲ့ပြီး
· ရွှေသိုင်းအလံ၄ချက်၊ဖန်အိုး(ဖန်ပန်းတိုင်း)တို့ကိုပါ ချီးမြှင့်ပေးသနားခံခဲ့ရပါသည်။ဆိုင်းဝိုင်း တီးနည်းတွင် ပတ်စာပိုးတီးနည်းကို မိမိ၏ ပင်ကိုယ်ညဏ်ဖြင့် ရွာစားကျော် စိန်ဗေဒါကတီထွင်နိုင်ခဲ့ပြီး ၎င်းမကွယ်လွန်မှီ ဓတ်ပြား(၆၄)ပြားအထိ အသံနိုင်ခဲ့ပါသည်။
· မြန်မာသက္ကရာဇ်၁၃၀၄(အေဒီ၁၉၄၂)တော်သလင်း လပြည့်ကျော်၁၄ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။