CMP (Cut-Make-Package or Contract-Make-Process) လုပ်ငန်းတွေဟာ ရင်းနှီးမြှုပ်မှုဥပဒေ၊ ပုဒ်မ ၇၇(ခ) အရ ပြည်ပသို့ ရာနှုန်းပြည့်ပြန်လည်တင်ပို့ရန် ရည်ရွယ်တဲ့ ကုန်ကြမ်းပစ္စည်းသွင်းကုန်များအတွက် သွင်းကုန်အခွန် ကင်းလွတ်ခွင့်ရကြပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ
အဲ့ဒါအပြင် ပြည်တွင်းမှာရှိတဲ့ CMP လုပ်ငန်းတွေဆီကို ကုန်ပစ္စည်းရောင်းချမယ့် လုပ်ငန်းတွေဟာလည်း ပြည်ပသို့ ရာနှုန်းပြည့်ပြန်လည်တင်ပို့ရန် ရည်ရွယ်တဲ့ ကုန်ကြမ်းပစ္စည်းသွင်းကုန်များအတွက် သွင်းကုန်အခွန် ကင်းလွတ်ခွင့်ရကြပါတယ်။
အမိန့်ကြော်ငြာစာအမှတ် (၈၇/၂၀၁၇)
မြန်မာနိုင်ငံ အလုပ်သမား ဥပဒေအရ ရက်သတ္တပတ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်သမားအား လုပ်ခလစာဖြင့် အနားပေးရသည်။ အများပြည်သူ အလုပ်ပိတ်ရက်ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေငြာသည့် အများပြည်သူအလုပ်ပိတ်ရက်များကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ထုတ်ပြန်ကြေငြာသော အများပြည်သူအလုပ်ပိတ်ရက် တချို့သည် တစ်ခါတစ်ရံ ရက်သတ္တပတ်ပိတ်ရက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေတတ်သည်။ ယင်းသို့ ကျရောက်သည့်အခါ "ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ၊ ပုဒ်မ ၂၅" အရ အစားထိုးပိတ်ရက် သတ်မှတ်ပေးသည်။ Read More
အမေးများသော အကြောင်းအရာဖြစ်သောကြောင့် သက်ဆိုင်ရာ အချက်အလက်များ၊ စာရွက်စာတမ်းများနှင့် Viber Group များတွင် အတွေ့အကြုံရှိသူများ၏ ပြန်လည်မျှဝေပြောကြားချက်များကို စုစည်းထားခြင်းသာ ဖြစ်ပါသည်။ Read More
မီးဖွားခွင့်ဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် အခြား သိမှတ်စရာများ