Negotiable Instrument Act
ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ
မြန်မာနိုင်ငံ အလုပ်သမား ဥပဒေအရ ရက်သတ္တပတ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်သမားအား လုပ်ခလစာဖြင့် အနားပေးရသည်။ အများပြည်သူ အလုပ်ပိတ်ရက်ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေငြာသည့် အများပြည်သူအလုပ်ပိတ်ရက်များကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ထုတ်ပြန်ကြေငြာသော အများပြည်သူအလုပ်ပိတ်ရက် တချို့သည် တစ်ခါတစ်ရံ ရက်သတ္တပတ်ပိတ်ရက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေတတ်သည်။ ယင်းသို့ ကျရောက်သည့်အခါ "ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ၊ ပုဒ်မ ၂၅" အရ အစားထိုးပိတ်ရက် သတ်မှတ်ပေးသည်။ ရက်သတ္တပတ် အလုပ်ပိတ်ရက်အပေါ် တိုက်ဆိုင်ကျရောက်နေသော အများပြည်သူအလုပ်ပိတ်ရက်ကို အခြားအလုပ်လုပ်ရက်တစ်ရက်အပေါ်သို့ ပြောင်းလဲ သတ်မှတ်ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် "ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ" ကို လေ့လာစရာ ဖြစ်လာသည်။ ဤဥပဒေသည် ၁၈၈၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ရက်စွဲတတ်ထားသော အိန္ဒိယအက်ဥပဒေတစ်ခုဖြစ်သည့် The Negotiable Instrument Act ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
The Negotiable Instrument Act (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေ)
အထက်တွက် ဖော်ပြခဲ့သည့်အတိုင်း ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် တိုက်ဆိုင်ကျရောက်သော အများပြည်သူ အလုပ်ပိတ်ရက်အား အခြား အလုပ်လုပ်ရက် တစ်ရက်ရက် သို့ ပြောင်းလဲသတ်မှတ်ပေးရန် ရည်ညွှန်းကိုးကားလေ့ ရှိသည့် အက်ဥပဒေ၏ ပုဒ်မ - ၂၅ တွင်
"25. When the day on which a promissory note or bill of exchange is at maturity is a public holiday, the instrument shall be deemed to be due on the next preceding business day."
Explanation - The expression "public holiday" includes Sundays and any other day declared by the President of the Union, by notification, to be a public holiday.
အထက်ပြဌာန်းချက်ပါ ရှင်းလင်းချက် 'Explanation" ကို ၁၉၄၈ ခုနှစ်၊ တွင် အောက်ပါအတိုင်း အစားထိုးပြင်ဆင်ပြဌာန်းခဲ့သည်။
Explanation - The expression "public holiday" includes Sundays, New Year's Day; if it falls on a Sunday, the next following Monday; and any other day declared by the President of the Union, by Notification in the Gazette, to be a public holiday.
မှတ်ချက် - The Negotiable Instrument Act ၏ (စာရေးသူ မသိသော) အသစ်ရေးဆွဲ ပြဌာန်းထားခြင်း၊ ထပ်မံပြင်ဆင်ထားခြင်းများ ရှိကောင်းရှိနိုင်သည်။ (သို့သော် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့အထိ ယင်းအက်ဥပဒေ၏ အသစ်ရေးဆွဲ ပြဌာန်းထားခြင်း၊ ထပ်မံပြင်ဆင်ထားခြင်းများ အင်တာနက်စာမျက်နှာတွင် ရှာ၍မတွေ့သေး။) ထို့ကြောင့် အထက်ဖော်ပြပါ အက်ဥပဒေနှင့် ပြင်ဆင်ချက်တို့ကို မိမိဘာသာ ဆင်ခြင်သုံးသပ်မှတ်ယူရမည်သာ ဖြစ်သည်။