လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ် ခံစားခွင့်ရှိသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။
မီးဖွားခွင့်ရက် ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားပြီးချိန်ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ ယင်းစကားရပ်တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။
အလုပ်သမားသည် အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်၊ မီးဖွားခွင့်ရက်တို့ ခံစားခွင့်ရှိသည်။
မီးဖွားခွင့်ရက်ကို မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ တင်ပြတောင်းခံရမည်။
လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။
ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်းမဟုတ်သော ကိုယ်ဝန်ပျက်ကျမှုတွင် လူမှုဖူလုံရေးမှတ်ပုံတင်အာမခံ အလုပ်သမားမဟုတ်ပါက အလုပ်ရှင်သည် မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက်ဖြင့် မီးဖွားခွင့်ရက်အဖြစ် ကိုယ်ဝန်ပျက်သည့်နေ့မှစ၍ အများဆုံး ရက်သတ္တပတ်ခြောက်ပတ် ခံစားခွင့်ပြုရမည်။
မီးဖွားခွင့်ရက် သို့မဟုတ် ဆေးလက်မှတ်ခွင့်ရက် ခံစားခြင်းကို အကြောင်းပြု၍ အလုပ်သမားအား လက်ရှိရာထူးအဆင့်မှ လျှော့ချခြင်း၊ လစာလျှော့ချခြင်း၊ အလုပ်ဌာနနေရာပြောင်းရွှေ့ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း မပြုရ။
အစိုးရဝန်ထမ်များနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဥ်းများ၊ စည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြားချက်များတွင် မည်သို့ပင်ပါရှိစေကာမူ အာမခံထားသူ အမျိုးသမီးအလုပ်သမားသည် သတ်မှတ်ချက်များနှင့်အညီ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည်။
(က) ကိုယ်ဝန်ဆောင်နေစဥ်နှင့် မိးဖွားသည့်အခါ ခွင့်ပြုထားသည့်ဆေးရုံ၊ ဆေးခန်း၌ အခမဲ့ဆေးကုသမှုခံယူခွင့်။
(ခ) မီးဖွားပြီး တစ်နှစ်အထိ မိမိ၏ကလေးကို ဆေးကုသမှုခံယူခွင့်။
(ဂ) မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ်ရှစ်ပတ်၊ စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ ပတ်အထိ မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ထို့အပြင် အမြွာကလေးမွေးပါက မီးဖွားခွင့်ခံစားပြီးနောက် ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ်လေးပတ်ကို ဆက်လက်ခံစားခွင့်။
(ဃ) ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်းမဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့်ကိစ္စတွင် အများဆုံးရက်သတ္တပတ် ခြောက်ပတ်အထိ မီးဖွားခွင့်အဖြစ် ခံစားခွင့်။
(င) ကိုယ်ဝန်ဆောင်စဥ်ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေးပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် အများဆုံး ခုနှစ်ကြိမ်အထိ လုပ်ခပြည့်ခံစားခွင့်။
(စ) တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေးတစ်နှစ်ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေးအတွက် ရက်သတ္တပတ် ရှစ်ပတ်ထက်မကျော်သောခွင့်ကို မွေးစားကလေးတစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။ အဆိုပါခံစားခွင့်ကာလအတွင်း ပုဒ်မ ၂၆ ပါ ပြဌာန်းချက်ကို အထောက်အထားပြုလျက် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) ပါ ငွေကြေးအကျိုးခံစားခွင့်ကိုခံစားခွင့်။
အာမခံထားသူ အမျိုးသမီးနှင့် အမျိုးသားတို့သည် ပုဒ်မ ၂၇ နှင့် ၂၈ တို့အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခွင့်စတင်ခံစားသည့်နေ့မတိုင်မီ သက်ဆိုင်ရာလုပ်ငန်းဌာနတွင် အနည်းဆုံး တစ်နှစ်လုပ်ကိုင်ခဲ့သူဖြစ်ရမည့်အပြင် အဆိုပါတစ်နှစ်အတွင်း အနည်းဆုံးခြောက်လအတွက် ထည့်ဝင်ကြေးပေးသွင်းပြီးသူ ဖြစ်မှသာ ခံစားခွင့်ရှိစေရမည်။
အာမခံထားသူ အမျိုးသမီးအလုပ်သမားသည် အောက်ပါတို့ကို ဆေးသက်သေခံလက်မှတ်အရ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။
(က) ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ) အရ ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း။
(ခ) ကလေးတစ်ဦးမွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွှာကလေး နှစ်ဦးမွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွှာကလေး သုံးဦးနှင့်အထက် မွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း။
(ဂ) ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ) ပါ ကိုယ်ဝန်ပျက်မှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း။
အာမခံထားသူ အမျိုးသားသည် ဇနီးမီးဖွားမှုအတွက် ဆေးသက်သေခံလက်မှတ်အရ သတ်မှတ်ချက်များနှင့်အညီ အောက်ပါ ဖခင်ဘဝကျိုးခံစားခွင့်ရှိသည်။
(က) အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့် ၁၅ ရက် ခံစားခွင့်။
(ခ) အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ ပုဒ်မခွဲ (က) ပါ ခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် လွန်ခဲ့သော တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်။
(ဂ) အာမခံထားသူ မဟုတ်သော ဇနီးဖြစ်သူ မီးဖွားသည့်အခါ ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ အကျိုးခံစားခွင့်များအပြင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) ပါ မီးဖွားစရိတ် ခံစားခွင့်၏ ထက်ဝက်ခံစားခွင့်။
မီးဖွားခွင့်ဆိုင်ရာ နည်းဥပဒေပြဌာန်းချက်များ ရှာဖွေဖတ်ရှုရန်
ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများအား ညအချိန်တွင် စေခိုင်းခြင်းမပြုရ။ ထို့ပြင် မူလလုပ်ခလစာနှင့် ခံစားခွင့်များကို မထိခိုက်စေဘဲ ပေါ့ပါးသော တာဝန်များကိုသာ စေခိုင်းရမည်။
In the context of maternity leave, "AN" stands for "Ante-Natal" and "PN" stands for "Post-Natal."
Ante-Natal refers to the period before the birth of a child, specifically during pregnancy. Maternity leave typically includes a period of time before the expected due date to allow the mother to prepare for childbirth and take care of her health during pregnancy. This period is often referred to as Ante-Natal or AN leave.
Post-Natal, on the other hand, refers to the period after the birth of a child. Maternity leave includes a designated period after childbirth to allow the mother to recover, bond with the newborn, and adjust to the demands of caring for a new baby. This period is often referred to as Post-Natal or PN leave.
The specific duration of Ante-Natal and Post-Natal leave can vary depending on the country, company policies, and individual circumstances. It's important to consult local labor laws and employer policies to understand the specific entitlements and provisions for maternity leave in a particular jurisdiction.