ကော့၀ါလဲစာကြည့်တိုက်ကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် (၂၁-၁၁-၂၀၁၇) တွင် ဖွဲ့စည်းခဲ့သည်။
နာယက
(၁) ကော့ဝါလဲအေးချမ်းသာယာတောရဆရာတော် ဦးကဝိနန္ဒ
(၂) ကော့ဝါလဲကျောင်းရွာမကြီးဆရာတော် ဦးပညာသာမိ
(၃) ကော့ဝါလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောမောင်အေးရီ
ဥက္ကဋ္ဌ
(၁) ဥက္ကဋ္ဌ-၁ - စောခင်စိန်
(၂) ဥက္ကဋ္ဌ-၂ - ကော့ဝါလဲအေးချမ်းသာယာတောရ ဦးဥတ္တမ
အတွင်းရေးမှူး
(၁) အတွင်းရေးမှူး - ၁ - စောလှဦး
(၂) အတွင်းရေးမှူး -၂ - စောမျိုးမြင့်ထွန်း
(၃) အတွင်းရေးမှူး - ၃ - စောကျဝါး
ဘဏ္ဍာရေးမှူး - စောထွေးညို၊ စာရင်းစစ် - နော်ဖောကပေါ်
အဖွဲ့၀င်များ
(၁) စောအယ်လော်
(၂) စောအက်သာခလိမ်း
(၃) စောဌေးမြင့်
(၄) နော်ဖိုးမုချေ့
(၅) နော်ဖောအက်
(၆) စောစည်သူဖြိုး
(၇) နော်သက်သက်ခိုင်
(၈) စောကျော်မိုင်း
(၉) စောမြမောင်
(၁၀) စောမျိုးကျော်ဦး
(၁၁) စောကပလီ
(၁၂) စောအောင်အောင်
(၁၃) စောဖိုးမင်း
(၁၄) စောတကောထူး
(၁၅) စောကျော်အဲ
(၁၆) စောတင့်လွင်ထူး
(၁၇) စောကမုဝါး
(၁၈) စောလှဦး -၂
(၁၉) စောဒါးလော်
(၂၀) စောကန်ထူး
(၂၁) စောပူးလူး
(၂၂) နော်တလူးဝါး
(၂၃) နော်မေသန်းအေး (အလခွဲ - ကော့ဝါလဲ)
(၂၄) နော်ခင်ခင်ချို (အလခွဲ - ကော့ဝါလဲ)
(၂၅) နော်ယဥ်ယဥ်ဦး (အလခွဲ - ကော့ဝါလဲ)
(၂၆) နော်အယ်ဒါး (အလခွဲ - ကော့ဝါလဲ)
(၂၇) နော်ငှက်လဲ (အမက - ကော့ထောခို)
(၂၈) နော်ချိုမာဦး (အမက - အေးချမ်းသာယာ)
(၂၉) နော်တဲနဲ (အမက - တံတားဦး)
(၃၀) နော်နွယ်နီဝင်း (မူကြို)
(၃၁) နော်နွယ်နီနန်းဝင်း
(၃၂) စောလားကပေါ်
(၃၃) နော်ခင်ခင်ကြူ
(၃၄) ဦးသုမန
(၃၅) နော်ခင်ခင်ဝင်း
(၃၆) နော်သွယ်သွယ်အေး
(၃၇) နော်မိုးသီတာ
(၃၈) နော်စံပယ်ဦး
ပြည်သူလူထုအတွင်း စာဖတ်လိုစိတ်ရှိပြီး စာဖတ်လာအောင် စည်းရုံးလှုံ့ဆော် ရမည်။
စာကြည့်တိုက်တွင် စာအုပ်စာတမ်းများ၊ ပရိဘောဂများနှင့် ရန်ပုံငွေများ ပြည်စုံအောင် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ရမည်။
ကျွမ်းကျင်သော စာကြည့်တိုက်မှူးများ မွေးထုတ်နိုင်ရန် စီစဥ်ဆောင်ရွက်ရမည်။
စာကြည့်တိုက်သို့ရောက်ရှိလာကြသော ကလေးသူငယ်များကို စာဖတ်ခန်းမှ တာ၀န်ရှိသူတို့နှင့် သက်ဆိုင်သူ အစ်ကိုအစ်မ၊ မိဘများက အချိန်ပြည့် စောင့်ရှောက်မှုပေးရမည်။
ကော်မတီသည် စာကြည့်တိုက် တည်ဆောက်မှု၏ ကုန်ကျစရိတ်ကို တွက်ချက်ကာ ရပ်ကွက်ကျေးရွာသို့ လူထုကိုအသိပေးရမည်။
၁။ ကြော်ြငာသင်ပုန်း Notice Board တွင် နေ့စဥ်အသိပေးရမည့် သတင်းများ၊ ကြောငြာများ၊ အသစ်ရောက်ရှိလာသော စာအုပ်စာရင်းများကို အချိန်မှီ ကပ်ထား ရမည်။
၂။ စာကြည့်တိုက်တွင် စာကြည့်တိုက်အသင်း၀င်များ ကိုင်တွယ်အသုံးပြုကြသည့် ပစ္စည်များဖြစ်သော စာအုပ်၊ စာစောင်၊ ဂျာနယ်၊ ကွန်ပျူတာ၊ ဓါတ်ပုံ၊ ရုပ်မြင်သံကြားစက် စသည်တို့သည် သူ့နေရာနှင့်သူ ရှိနေရမည်။
၃။ စာကြည့်တိုက်၊ စာဖတ်ခန်းများအတွင်း လူတကာနှင့် ဆက်ဆံရာတွင် ဂါရ၀တရား ရှေ့ထား၍ သိမ်မွေ့ယဥ်ကျေးစွာ ဆက်ဆံရမည်။ စာကြည့်တိုက်အတွင်း၌ ကိုယ်အမှု အရာယဥ်ကျေးသိမ်မွေ့ရမည်။
၄။ စာဖတ်သူအကြိုက် စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြများ စုဆောင်းရှာဖွေ ထားရှိရမည်။
၅။ စာအုပ်ပြပွဲများ ခင်းကျင်းပြသခြင်းနှင့် စာဖတ်သူအရွယ်အစားအလိုက် စာဖတ်ဝိုင်းများ ဆွေးနွေးပွဲများ ပြုလုပ်ပေးရမည်။
၆။ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညားပေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ကျွမ်းကျင် ၀န်ထမ်းများ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
၇။ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာပေပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်ဝိုင်းများ ပြုလုပ်ခြင်း၊ ဆုပေးခြင်း။
၈။ စာရေးဆရာများကို ဖိတ်ကြား၍ စာပေဟောပြောပွဲများ ပြုလုပ်ြခင်း။
၉။ စာဖတ်သူများ လာချင်စိတ်ရှိအောင် စာကြည့်တိုက်ပတ်၀န်းကျင်နှင့် စာအုပ်စာပေ ပရိဘောဂပစ္စည်းများ လှပသန့်ရှင်းသပ်ရပ်စွာ ထားရှိရမည်။
၁၀။ စာကြည့်တိုက်တွင် စာပေဆိုင်ရာ အဆိုအမိန့်များ၊ စာပေ၏ ကျေးဇူးကို သန့်ရှင်းသပ်ရပ်စွာ ရေးသားချိတ်ဆွဲထားရမည်။
၁၁။ လောကီ၊ လောကုတ္တရာ နှစ်ခုလုံးနှင့်ဆိုင်သော အဆိုအမိန့်များ၊ ဆရာတော်ကြီးများ၏ ဆုံးမစာများ ရေးဆွဲထားခြင်းနှင့် ဒေသဆိုင်ရာ အထွန့်အမြတ်ထားသော အရာများကိုလည်း ချိတ်ဆွဲရမည်။
၁၂။ စာကြည့်တိုက်တွင် လုံလောက်သော အလင်းရောင်ရရှိစေရေးနှင့် စာဖတ်သူများ သက်တောင့်သက်သာရှိစေရန် စီစဥ်ဆောင်ရွက်ပေးရမည်။
၁၃။ စာကြည့်တိုက်အတွင်းရှိ ပရိဘောဂပစ္စည်းများသည် ဟောင်းသည်ဖြစ်စေ၊ သစ်သည်ဖြစ်စေ ဖုန်အမှိုက်ကင်းစင်ပြီး သန့်သန့်ရှင်းရှင်း ထားရှိရန်နှင့် ဗီရိုများတွင်လည်း စာအုပ်များကို စနစ်တကျထားရှိရမည်။
၁၄။ စာအုပ်များထားရှိရာတွင် ဘာသာရပ်အလိုက် လူမှုရေး၊ ပညာရေး၊ ဘာသာရေးအလိုက် စသည်ဖြင့် ထားရှိရန်နှင့် သတင်းစာများ၊ စာစောင်များ၊ ဂျာနယ်၊ မဂ္ဂဇင်းများကိုလည်း စနစ်တကျ ထားရှိရမည်။
၁၅။ မိမိစာကြည့်တိုက်အတွင်းရှိ ပြည်သူများ စာဖတ်စေချင်သော စေတနာ၊ စာတတ်စေလိုသောဆန္ဒ၊ စတတ်ပြီး စာပေမှရရှိသော ဗဟုသုတတိုးပွားကာ ရပ်ရွာအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးနိုင်သူများ ဖြစ်စေရန်အထိ ရေရှိည်အကျိုးစီးပွား အတွက်ပါ စေတနာထက်သန်မှုရှိရမည်။
၁၆။ စာကြည့်တိုက်သို့ လာသည့်သူများကို ဖော်ရွေနွေးထွေးစွာ ကြိုဆိုရမည်။
၁၇။ စာဖတ်သူလိုအပ်သည့် စာအုပ်စာစောင်များကို အချိန်တိုအတွင်း ရရှိနိုင်ရန်အတွက် ဆောင်ရွက်ပေးရမည်။
၁၈။ စာဖတ်သူအလိုရှိသည့် (ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး စသည့်များအတွက်) အထောက်အကူပြုသည့် စာအုပ်များ ညွှန်းဆိုပေးရမည်။
၁၉။ ကြော်ငြာဘုတ်တွင် စာကြည့်တိုက်နှင့်ပတ်သက်သော နောက်ဆုံးသတင်းများ ကပ်ထားရန်၊ နောက်ဆုံးရောက်ရှိလာသော စာအုပ်များသတင်း၊ စာကြည့်တိုက်၏ အထူးသတင်းများ၊ ရပ်ရွာ၏ နောက်ဆုံးသတင်းများကိုပါ ဖော်ပြထားရမည်။
၂၀။ အစည်းအေ၀းဆုံးဖြတ်ချက်များ၊ ဘဏ္ဍာရေးအသုံးစရိတ်ရှင်းတမ်းများ ဖော်ပြခြင်း၊ စာကြည့်တိုက်ကောက်မတီဝင်အမည် စာရင်းများ ဖော်ပြခြင်း၊ စာကြည့်တိုက်တွင် တစ်လအတွင်း စာအုပ်အများဆုံး ငှားရမ်းသူ စာရင်းကိုလည်း ကြော်ငြာရမည်။
၂၁။ အသစ်ရောက်ရှိလာသော စာအုပ်များကို ပြေစာ၊ အမှာစာ၊ ဘောက်ချာ၊ အလှူခံဖြတ်ပိုင်း စသည်တို့ဖြင့် တိုက်ဆိုင်စစ်ဆေးရမည်။
၂၂။ စာအုပ်အခြေအနေကို စစ်ဆေးခြင်း၊ ပူးကပ်နေသော စာရွက်များ ရှိ/မရှိ၊ ရှိပါက ဖြတ်ရမည်။ စာရွက်များ စုတ်ပြဲခြင်း၊ စာမျက်နှာပြည့်စုခြင်း ရှိ/မရှိ စစ်ဆေး၍ လိုအပ်ပါက ဖလင်ပြားအကြည်၊ ကတ္ထူအညိုစက္ကူတို့ဖြင့် အဖုံးချုပ်ထားရမည်။
၂၃။ စာအုပ်ကို ကုဒ်နံပါတ်ပေး၍ စာရင်းသွင်းထားပြီး အမျိုးအစားအလိုက် ခွဲထားရမည်။
၂၄။ စာအုပ်များကို စာကြည့်တိုက်တံဆိပ်အဝိုင်း ရိုက်နှိပ်ထားရမည်။
၂၅။ စာအုပ်ငှားလျှင် စာအုပ်ငှားမည့်သူများ၏ အချက်အလက်များကို မှတ်တမ်းယူးထားပြီး စာအုပ်ငှားကြောင်း အသိသက်သေ လက်မှတ်ထိုးခိုင်းရမည်။