သင်တန်းသား စတင်လက်ခံပါပြီ။
ဒုတိယအကြိမ် Facebook ရဲ့ WeThinkDigital သင်တန်းကို MBAPF က ကရင်ပြည်နယ်အတွက် ပူးပေါင်းသင်ကြားပေးမည့် ဒုတိယ အကြိမ် အွန်လိုင်း သင်တန်း ၄ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ဖြစ်ပါသည်။
သင်တန်းကျင်းပမည့်ရက် ။ ။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁-၄)ရက်
အချိန်။ ။ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ။ ။ Facebook Online Learning Platform
သင်တန်းကြေး ။ ။ Free
ဆက်သွယ်ရန်
နော်မြင့်မိုးဦး
09677550455
ကော့ဝါလဲစာကြည့်တိုက်
#Day 1
1) What is the Internet?
2) Your Digital Footprint
3) Protecting Your Digital Identity
#Day 2
4) You as a Digital Citizen: Communicating Respectfully
5) You as a Digital Citizen: Practicing Positive Online Engagement
6) Group discussion
#Day 3
7) Be a Critical Thinker
8) Tips for Spotting False News
9) What is Verification?
#Day 4
10) Parenting and Child Safety
11) Facebook Settings
12) Watch Party
13) Community Dialogue
လျောက်လွှာတင်လို့ရပါပြီ
အသက်(၁၆)နှစ်မှ (၂၀)အတွင်းရှိ အမျိုးသမီးငယ်များအတွက် အခွင့်အလမ်းကောင်း အစီအစဉ်။
နည်းပညာခေတ်ရဲ့ သမီးပျို ကောင်းလေးတစ်ယောက်ဖြစ်ဖို့ Teach Age Girls(TAG) အစီအစဉ်တွင် တက်ရောက်ပါဝင်နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
အသက် ၁၆ မှ ၂၀ နှစ်အတွင်းရှိ မိန်းကလေးများအတွက် ကော့ဝါလဲစာကြည့်တိုက်တွင် အခမဲ့ သင်ယူ လေ့လာ နိုင်ပါမည်။ (Online/Offline)
မိမိတို့၏ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ မိမိတို့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ခေါင်းဆောင်ကောင်းများအဖြစ် ပါဝင် ဆောင်ရွက်နိုင်စေရေးတို့အတွက် ကွန်ပျူတာနည်းပညာနှင့် ခေါင်းဆောင်မှုစွမ်းရည် မြင့်မားတိုးတက်မှု အထောက်အကူပြုစေမည့် အစီအစဉ်ဖြစ်ပါသည်။
လျှောက်လွှာ ရရှိနိုင်မည့်ရက် = 10.12.2020
လျှောက်လွှာ ပိတ်မည့်ရက် = 5 .1. 2021
သင်သည် Tech Age Girl တစ်ယောက်ဖြစ်လိုပါက အောက်ပါလိပ်စာတွင် အသေးစိတ် ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ကော့ဝါလဲစာကြည့်တိုက်၊
ကျုံဒိုးမြို့အနီး၊
ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်။
ဆရာမနော်မြင့်မိုးဦး
09655770455
nawmyintmoeoo@gmail.com
COVID-19 ကာလ အိမ်မှာနေရင်း အချိန်ပေး တက်သင့်တဲ့ သင်တန်းတစ်ခုပါ။
Facebook ရဲ့ WeThinkDigital သင်တန်းကို MBAPF မှ ပူးပေါင်းသင်ကြားပေးမည့် online training အစီအစဥ်နဲ့ မိတ်ဆက်ချင်ပါတယ်။
ကိုယ်နေ့စဥ်အသုံးပြုနေတဲ့ အင်တာနက်နှင့် Facebook စာမျက်နှာတို့ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့အတွက်နဲ့ သတင်းအမှန်များကို ဝေဖန်ပိုင်းခြား တွေးခေါ်ပြီး ယုံကြည်တတ်သူဖြစ်ဖို့အတွက် ဒီသင်တန်းက အထောက်အကူ အများကြီးဖြစ်မှာပါ။
သင်တန်းကာလမှာ (၁-၁၂-၂၀၂၀) မှ (၄-၁၂-၂၀၂၀) ဖြစ်ပြီး၊ နေ့စဥ် မနက် (၁၀:၀၀) မှ (၁၂:၃၀) အထိ (၄) ရက်ဖြစ်ပါတယ်။ တစ်ရက်ကို (၂) နာရီခွဲ အချိန်ပေးရမှာပါ။
တက်ရောက်မည့်သူများအတွက် အင်တာနက် data ကုန်ကျစားရိတ် များကိုလည်း 5 GB နဲ့ညီမျှတဲ့ phone bill ပြန် ထည့်ပေးမှာဖြစ်ပါတယ်။
သင်တန်းကို Facebook group နှင့် Messenger group များကို အသုံးပြုပြီးတော့ သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် ကိုယ့်ဖုန်းထဲကပဲ တက်ရောက်လို့ရပါတယ်။
သင်တန်းဆင်း အသိအမှတ်ပြု certificate လည်း ပေးဖို့ စီစဥ်ထားပါတယ်။
ဒီ သင်တနကတော့ ကရင်ပြည်နယ်က လူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး (၁၅) ခုလုံးအတွက် သင်တန်းစီစဥ်ဦးမှာဖြစ်ပါတယ်။
ပါဝင်သည့် သင်ခန်းစာများမှာ -
1) What is the Internet?
အင်တာနက်ဆိုတာဘာလဲ
2) Your Digital Footprint
သင်၏ ဒစ်ဂျစ်တယ် ခြေရာ
3) Protecting Your Digital Idendity
သင်၏ ဒစ်ဂျစ်တယ် အထောက်အထားများကို ကာကွယ်ခြင်း
4) You as a Digital Citizen: Communicating Respectifully
ဒစ်ဂျစ်တယ် နိုင်ငံသားတစ်ဦးဖြစ်သော သင် - လေးစားမှုဖြင့် ဆက်သွယ်ပြောဆိုခြင်း
5) You as a Digital Citizen: Practicing Positive Online Engagement
ဒစ်ဂျစ်တယ် နိုင်ငံသားတစ်ဦးဖြစ်သော သင် - အွန်လိုင်းတွင် အပြုသဘောဖြင့် ထိတွေ့ဆက်ဆံမှုကို ကျင့်သုံးခြင်း
6) Be a Critical Thinker
ဝေဖန် ပိုင်းခြား တွေးခေါ်တတ်သူ ဖြစ်ပါစေ
7) Tips for Spotting False News
သတင်းအမှားများကို ရိပ်စားမိရန် အကြံပြုချက်များ
8) What is Verification?
စစ်ဆေး အတည်ပြုခြင်းဆိုတာ ဘာလဲ
ဆက်သွယ်စာရင်းပေးပို့ရန်
ဆရာမနော်မြင့်မိုးဦး
09677550455
https://www.facebook.com/nawmyintmoeoo
ကော့ဝါလဲ စာကြည့်တိုက်
ကော့ဝါလဲကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်။