Transfer Files
မိမိ ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တစ်ခုကို Computer ထဲ ဘယ်လို အမြန် ပြောင်းမလဲ?
Computer ထဲရှိနေတဲ့ ဖိုင်တစ်ခုကို မိမိ ဖုန်းထဲမှာ ဘယ်လို အမြန် ပြောင်းမလဲ?
This site is under maintenance & updating contents.
မိမိ ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တစ်ခုကို Computer ထဲ ဘယ်လို အမြန် ပြောင်းမလဲ?
Computer ထဲရှိနေတဲ့ ဖိုင်တစ်ခုကို မိမိ ဖုန်းထဲမှာ ဘယ်လို အမြန် ပြောင်းမလဲ?
မိမိ ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တစ်ခုကို Computer ထဲ ဘယ်လို အမြန် ပြောင်းမလဲ?
Computer ထဲရှိနေတဲ့ ဖိုင်တစ်ခုကို မိမိ ဖုန်းထဲမှာ ဘယ်လို အမြန် ပြောင်းမလဲ?
ဖိုင် ဆိုတဲ့နေရာမှာ File Size သေးတာနဲ့ ကြီးတာ (၂) မျိုးရှိပါတယ်။ ယခုလုပ်နည်းက File Size 50 MB အောက် (၅၀ မကျော်တဲ့) File တွေအတွက် ဖြစ်ပါတယ်။ (50 MB ကျော်ရင် မရတာ မဟုတ်ပါ၊ အင်တာနက် ဖွင့်ထားရမှာဖြစ်လို့ အင်တာနက်လိုင်းပေါ် မူတည်ပြီး အချိန် ကြာမှာဖြစ်သလို၊ Mobile Data နှင့်ဆိုရင် Bill လဲ ပိုကုန်မှာ မလို့ပါ)
ဥပမာ - Photo ဖိုင်တစ်ခု ဆိုကြပါစို့
Zapya တို့ဘာတို့လဲ ရှိတယ်ဆိုပေမယ့် Hotspot ဖွင့်ပြီး ချိတ်နေရတာနဲ့ အလုပ်ရှုပ်လို့ပါ။ နည်းလမ်းကတော့ အများကြီး ရှိပေမယ့် မြန်ဆန်ပြီး လွယ်တဲ့နည်း (၃) နည်း ရွေးထားပါတယ်။
(1) Viber
(2) Messenger
(3) Gmail
(1) ပထမနည်း
Viber
မိမိဖုန်း နှင့် ကွန်ပျူတာ ၂ ခုလုံးမှာ Viber သွင်းထားပြီး အကောင့် ဝင်ထားဖို့တော့ လိုပါတယ်။
ဖုန်းကနေ Viber ကိုဖွင့်လိုက်ပါ။ အောက်က Menu Bar တန်းမှာ ... ကိုနိပ်ပြီး Settings ရဲ့ အောက်က My Notes ဆိုတာလေးပေါ်ကို နိပ်လိုက်ပါ။ ပြီးရင် မိမိပို့ချင်တဲ့ ဖိုင်တစ်ခုခု ပို့လိုက်ပါ။ ဥပမာ - Photo တစ်ပုံ ပို့လိုက်ပါ။
ကွန်ပျူတာမှာ Viber ဖွင့်လိုက်ပါ။ ပြီးရင် ခုဏက ဖွင့်ခဲ့တဲ့ My Notes ကိုဖွင့်လိုက်ရင် ပို့ထားတဲ့ Photo ရောက်နေပါလိမ့်မယ်။ အဲ့တာကို Save လုပ်ပြီး ကြိုက်တဲ့နေရာ ပြန်သုံးလို့ရပါပြီ။
(2) ဒုတိယနည်း
Messenger
မိမိဖုန်း နှင့် ကွန်ပျူတာ ၂ ခုလုံးမှာ Messenger အကောင့် ဝင်ထားဖို့တော့ လိုပါတယ်။ (တနည်းပြောရရင် ကွန်ပျူတာမှာလဲ Facebook ဖွင့်ထားရမှာပါ) ဖုန်းထဲကနေ Messenger ဖွင့်ပြီး Search မှာ မိမိ Facebook Username ရိုက်ထဲ့ ရှာပါ။ ကိုယ့်ကိုယ်ကို ပြန်ရှာရမှာပါ။ ရှာတွေ့ပြီဆိုရင်တော့ မိမိပို့ချင်တဲ့ File ကို ပို့လို့ ရပါပြီ။
ပြီးသွားရင် Computer က Facebook မှာ Messenger ကိုသွားပြီး ပို့ထားတဲ့ဖိုင်ကို Save လုပ်ပြီး ကြိုက်တဲ့နေရာ ပြန်သုံးလို့ရပါပြီ။
(3) တတိယနည်း
Gmail
မိမိဖုန်း နှင့် ကွန်ပျူတာ ၂ ခုလုံးမှာ Gmail အကောင့် ဝင်ထားဖို့တော့ လိုပါတယ်။ ဖုန်းထဲကနေ မိမိ ပို့ချင်တဲ့ ဖိုင်ကို ဖွင့်လိုက်ပါ။ ပြီးရင် Share Button ကိုနိပ်ပါ။ ပြီးရင် ဘယ်ကနေ Share မလဲရွေးခိုင်းရင် Gmail ကိုရွေးပါ။ Gmail ထဲ ရောက်သွားပြီဆိုရင်တော့ To နေရာမှာ မိမိ Gmail Account ကိုပဲ ပြန်ရေးပါ။ Subject မှာ တစ်ခုခု ရိုက်ထဲ့ပြီး Send နိပ်လိုက်ရင်ရပါပြီ။
ကွန်ပျူတာမှာ Gmail ဖွင့်လိုက်ပါ။ ပြီးရင် Inbox ထဲမှာ ခုဏကပို့ထားတဲ့ ဖိုင် ရောက်နေပါလိမ့်မယ်။ အဲ့တာကို Save လုပ်ပြီး ကြိုက်တဲ့နေရာ ပြန်သုံးလို့ရပါပြီ။ (Inbox ထဲ ရှာမတွေ့ရင် Sent ထဲမှာ ရှိပါလိမ့်မယ်)