This site is under maintenance & updating contents.
(မိတ်ဆက်ခြင်း ဖတ်ရန် နိပ်ပါ)
Microsoft 365 မိတ်ဆက်
Microsoft365 ဆိုတာ လုပ်ငန်းလုပ်ဆောင်ရာတွင် ပိုမိုထိရောက်အောင် ကူညီပေးသော Tools ခေါ် Application တွေတစ်စုတစ်စည်းထဲ ရှိသည့်နေရာတစ်ခုဖြစ်သည့်အပြင် ထို Application တွေကို အင်တာနက်အသုံးပြုပြီး
- ရက်အကန့်အသတ်ဖြင့် Free (အခမဲ့) ဖြစ်စေ
- အခကြေးငွေဖြင့် ဖြစ်စေ
အသုံးပြုရပါတယ်။
Microsoft 365 တွင် ပါဝင်သော Application တွေများစွာရှိသည့်အနက် ကျနော်တို့နှင့် ရင်နှီးပြီးသားဖြစ်သော
- Microsoft Word, Excel, PowerPoint စသည်တို့အပြင်
- Online Meeting ပြုလုပ်နိုင်သော Microsoft Teams
- Data တွေကို သိမ်းဆည်းပေးနိုင်သော Cloud Storage 1TB (1000GB) နှင့်
- Email အသုံးပြုခြင်းအတွက် Outlook Mail စသည်တို့လဲ ပါဝင်ပါတယ်။
Microsoft 365 တွင် ပါဝင်သော Application တွေကို အောက်ကလင့်မှာ နိပ်ကြည့်နိုင်ပါတယ်။
Email (Storage)
ယခု Package တွင် Email အသုံးပြု/သိမ်းဆည်း/သိုလှောင်ခြင်းကို 50 GB အထိ ရရှိပါမည်။ 50 GB နည်းသည်ဟု ထင်ရသော်လည်း Attachment Size 20MB ထက်ကြီးလျှင် OneDrive Cloud (1000 GB) ထဲ Auto Save လုပ်သဖြင့် Email ရဲ့ 50 GB Storage ကိုသွား မယူတော့ပါ။ အရေးကြီး ပုံသေ မှတ်ထားရမှာ တစ်ခုကတော့ Outlook Mail Account တစ်ခု ရှိပြီဆိုတာနဲ့ သူ့မှာပါတဲ့ Package App တွေ အားလုံး အဲ့ Account နှင့် Password တူတူပဲ ဖြစ်သွားပါတယ်။ ဥပမာ ပြောရရင် မိမိရဲ့ Outlook Email အကောင့်က Username = YourName@kmss.org.mm နှင့် Password = kmss246ABC ဖြစ်ခဲ့မယ် ဆိုရင် အခြား App တွေ ဖြစ်တဲ့ Microsoft Teams၊ OneDrive အစရှိတဲ့ App တွေ အတွက်လဲ အဲ့ Username နဲ့ Password ပဲ ဖြစ်သွားပါမယ်။
Outlook Email Account ကို စတင်အသုံးပြုတော့မယ်ဆိုရင်တော့ Step by Step အသေးစိတ်ကို ယခု စာဖတ်ပြီးသွားရင် ယခုစာ မျက်နှာရဲ့ အောက်ဆုံးမှာ Outlook Mail နှင့် ဆက်စပ်သည့်အကြောင်းအရာများ လေ့လာရန် ဆိုတဲ့ Menu ကိုနိပ်ပြီး ဆက်လက်လေ့လာနိုင်ပါသည်။
Recycle
မှားဖျက်မိသော (သို့) ဖျက်လိုက်သော Mail များကို ရက် ၃၀ Recycle သိမ်းထားပေးမည်ဖြစ်သည်။
Group Mail
အထက်ပါ Package (၂) မျိုးလုံး မိမိဘာသာ Group Mail အသစ် Create ပြုလုပ်နိုင်သည်။ Group Mail ဆိုတာ ဥပမာပြောရလျှင် Sector/Department အလိုက် Mail ပို့မည်ဆိုလျှင် တစ်ဦးချင်း လိုက်ထဲ့နေစရာမလိုတော့ပဲ Group Mail တစ်ခု Create လုပ်ပြီး အဲ့ Email တစ်ခုထဲကို ပို့လိုက်ရုံဖြင့် Sector/Department အကုန်လုံး Email ကို လက်ခံရရှိမည်ဖြစ်သည်။
One Drive (Cloud)
@kmss.org.mm နဲ့ Email အသုံးပြုသူတိုင်း 1000 GB Cloud Storage ရရှိပါမည်။ ထို့အပြင် @kmss.org.mm မသုံးသူများကိုလဲ မျှဝေ Share လုပ်နိုင်သည်။ မိမိတွင်ရှိသော အရေးကြီး Data များကို OneDrive ထဲက My File ထဲတွင် Upload တင်ထားသင့်ပါသည်။ ထို 1000 GB Cloud Storage တွင် တင်ထားသော File များကို မိမိ တစ်ဦးသာ ကြည့်/တင်/ပြင်/ဖျက် ပြုလုပ်နိုင်သည်။ ကျနော် (IT) လဲ ဝင်ကြည့်လို့မရပါ။
Teams
Online Meeting များလုပ်ရာတွင် အသုံးပြုနိုင်သည့် ZOOM နှင့် ဆင်တူပါသည် Standard Package ကတော့ Unlimited ဖြစ်သည်။ Basic Package ကတော့ 40 Minutes သာရသော်လည်း၊ Standard Package အသုံးပြုသူမှ Meeting Link Create လုပ်ပြီး ဝင် Join လျှင် Unlimited ဖြစ်ပါသည်။
Office (Word, Excel, PowerPoint,)
Online ဆိုတာကတော့ အင်တာနက်ရှိနေဖို့လိုအပ်သလို၊ Browser မှ အသုံးပြုသည့် Version ကိုဆိုလိုသည်။ ဥပမာ Google Sheet တို့လိုပုံစံဖြစ်သည်။
Offline ကတော့ မိမိစက်ထဲသွင် Install လုပ်ထားတော့ Word, Excel, PowerPoint တို့ပါ License Version ရရှိမည်ဖြစ်သည်။ Activation Failed ဆိုတဲ့စာ ပေါ်ပေါ်လာခြင်းရှိမည်မဟုတ်တော့ပါ။ (Update လုပ်ပြီးတော့ Log In ဝင်ထားရန်တော့ လိုအပ်)
(Video Clip များ မိမိဘာသာ လေ့လာခြင်း)
မိမိဘာသာ အသုံးပြုရင်း လေ့လာနိုင်အောင် Microsoft က App အမျိုးအစားအလိုက် Video Clip လေးတွေလဲ ထုတ်ထားပေးပါတယ်။
အောက်က လင့်မှာ အားတဲ့အချိန်လေးတွေ ဝင်ကြည့်ပြီး သက်ဆိုင်ရာ Package အလိုက် Video Clip လေးတွေကို ဝင်လေ့လာလို့ရပါတယ်။