Poems
A collection of poems that I wrote
A collection of poems that I wrote
“မိုးမခ မြူမှုန်”
မိုးမခ
ဖန်စိမ်းရောင်ခ၊ကန်ရေဘောင်ဝယ်
ဝန်းလယ်တမီ၊စီတန်းကာချီ။
မိုးမခ
မြူခိုးလှပ်က၊ဖြူရောင်လွှမ်းခြုံ
မဖြုံဝန်းလျက်၊မာန်ချီတင်းကြပ်။
မိုးမခ
ရွှေရောင်ဆင်းခ၊ယမင်းပျိုမှ
သစ္စာဒင်းပြု၊ဖျက်ကာနေသည်။
မိုးမခ
တောင်တန်းလေက၊ယူစမ်းပါဝေ
လွမ်းရိပ်သည်းခြေ၊ဝေးစိတ်သူကေ။
မိုးမခ
ရိပ်နေမခ၊မြေစိမ့်အေးစေ
အပြေးခိုလှုံ၊ဝေးသာနေမည်။
မိုးမခရဲ့မိုးမခရယ်။
#ဟေးလူ
“နွားတီးတဲ့ စောင်း”
ထန်းပင်စုစု၊ရွှေတုမမီ
မြေကုတင်သီ၊အညာနယ်ဆီ
မကြာလှမ်းသာ၊လာကာနေလို့
နေမင်းမျက်နှာ၊အသာသူပေး
ကိုရွှေမိုးဝေး၊သူမာန်ခလေး။
ယူကလစ်မျိုး၊တမာဖြိုးနွယ်
ဘုံကွယ်ပျောက်ရယ်၊သူနယ်ချဲ့ယူ
မြေသားနေပူ၊အုပ်စီးပိုင်ထား
ဒုက္ခသားရယ်၊များကယ်လှချေ
ပြောနေသူသိ၊စောင်းသံလေခ
ဘယ်ကရယ်ရေ၊နွားတို့ဘေးလေ။
#ဟေးလူ
"ကျုးလစ် နဲ့ လူ"
ကျူးလစ်ပင်အောက်မှာ
မိန်းကလေးတစ်ယောက် ထိုင်နေရဲ့။
သူ့လက်ထဲက ကျူးလစ် ပန်းစည်း ပိုင်ရှင်မဲ့ ဖြစ်နေတဲ့ ညနေ။
သူ ကျူးလစ်ပင်ဆီ
ဘာနဲ့ လာပါလိမ့်
ကျူးလစ်ပင် ဘေးတော့
စက်ဘီးလေးတစ်စီးရပ်ထားလေရဲ့။
လေနဲ့ပါလာတဲ့ ကျုးလစ်ပွင့်ဖတ်
ပိုင်ရှင် ကို မျှော်နေမိတယ်။
ကျူးလစ်ပင်ရိပ်ခြေဟာ နေပူပူ
လေဟာပြင်နှင့် ယှဉ်ရင်တော့
အေးနေမှာ သေချာတယ်
ပင်ရိပ်ခြေ အောက်မှာ
ရောက်နေတဲ့ မိန်းကလေးရော
အေးပါ့မလား မသိ။
ကျွန်တော့်လက်ထဲမှာလည်းကျုးလစ်ပန်းစည်း
သူ့လက်ထဲမှာလည်း ကျုးလစ်ပန်းစည်း။
ပိုင်ရှင်မတူသော ကျူးလစ်ပန်းစည်းများ။
#သုနေ #ဟေးလူ
အခါးများ
မိုးလေကအေး
ကော်ဖီနွေးနွေး
ဖျော်သာဖျော်မကြာတယ်။
ကော်ဖီကခါး
ရေခဲလိုလား
ထည့်သာထည့်ကောင်းသွားမယ်။
ရသာပျော့ဖတ်
စိတ်ထဲကပျက်
သောက်သာသောက်တင်းကာရယ်။
ကော်ဖီကနွေး၊ခါးသက်သက်မွှေး
ကော်ဖီကအေး၊ဒီမိုးကဝေး။
ဟေးလူ
(၅:၄၅) ၇.၄.၂၀၂၁