Others
Collection of my essays and others
Collection of my essays and others
ဟေ့လူ…
ခင်ဗျားပြေးနေတာ
ကြည့်ရတာ ပင်ပန်းတယ်
လာထိုင်ပါဦး။
ရော့ ဒီမှာ ဆေးလိပ်
နေ၀င်တော့မယ်ဗျ။
မြစ်ကြီးရယ်
တောင်တန်းကြီးရယ်
နေလုံး ကြီးရယ်
ဘယ်လောက် လှလိုက်သလဲ။
ခင်ဗျားက ပြေးနေလို့သာ
သတိမထားမိတာ။
ပြေးနေတဲ့ ခင်ဗျားရော
ထိုင်နေတဲ့ကျုပ် ရောရဲ့
နေ၀င်ချိန်က တူတူပါပဲ ဗျ။
ခင်ဗျား ဆေးလိပ်ကို
ကျွန်တော် မီးညိပေးမယ်။
ရှုသွင်းလိုက်ပါ ကိုယ့်လူ ဟုတ်ပြီ။
အခု ခင်ဗျား
နေဝင်ချိန်ကို ခံစား တတ်ပြီလား။..။
ဟေးလူ
။အရူးတွေနဲ့လူ။
လူတွေက ကျွန်တော့်ကို အရူးတဲ့။
ကျွန်တော့်အမြင်မာတော့ သူတို့ကသာ ရူးနေတာ။စဉ်းစားကြည့်ဗျာ သဘာဝတရားကြီးက ဒီလောက်အလကားပေးထားတာကို တစ်ယောက်နဲ့ တစ်ယောက် တိုက်ကြခိုက်ကြ။ငွေကြွေးဘာညာတွေနဲ့ ရှုပ်နေတာပါပဲ။
ကျွန်တော်ကတော့ ရှင်းတယ်။ဒီမြေကြီးရှိနေသရွေ့ အိပ်စရာရှိတယ်။ သစ်စီးသစ်ပင်တွေရှိနေသရွေ့ အစာရတယ်။ဟိုးးး မြင်နေရတဲ့ မြစ်ကြီး မခန်းသရွေ့ သောက်စရာရေရှိတယ်ဗျာ။ဒီလောက်ကောင်းတဲ့ဘဝကို လူတွေက အရူးတဲ့။
အမှန်တော့ဗျာ ရူးနေတာ သူတို့။
ဟေးလူ
သုနေ။ ။ ဇာတ်ဖွဲ ကြရင် ကောင်းမလား
ဇာတ်ဖွဲဆိုမှ မဆီမဆိုင် ရှင်ငြိမ်းမယ်ကို သတိရသွားတယ် "ချစ်တဲ့ သူငယ်လေ.......သူငယ်ချင်းကောင်း.....ယောက်မတို ရေ"။
ဟေးလူ။ ။ ဆရာ့ကို လေ.... မယှဉ်နိုင်ပါဘူး..ဟူးဟူး
(ကျွန်တော်အားငယ်ပြီး အဆုံးစီရင်လိုက်တော့ မဟဲ့)
အမယ်မင်း....ပြောရတော့မယ် ... အားငယ်လိုက်တာဟဲ့
မယားငယ် ရိုက်တာရယ် မနေချင်ဘူး...ဟူး....ဟူး
မနေချင်ဘူး ....ဟူး...ဟူး
အဆုံးစီရင်လိုက်တော့ မဗျား......
သုနေ။ ။ ဘာတွေတုန်းဟ။ဘာဖြစ်တာတုန်း။
ဘယ့်နှယ် မယားငယ် က ဘယ်ကပါ လာတာတုန်း။
ဟေးလူ။ ။ ဟ ဇာတ်သံနဲ့ ပြောနေတာလေကွာ။
ဇာတ်သံ နှောနေတာ။
သုနေ။ ။ ဟေ့ကောင်....ဟေ့ကောင် ရှင်ငြိမ်းမယ် က မယားငယ် မဟုတ်ဘူး ကွ မစော်ကားနဲ့။
ဟေးလူ။ ။ ဟိ ...ဟိ ဖြစ်ချင် ဖြစ်နေမှာပေါ့ကွ။
သုနေ။ ။ အေးကွ မောင်ကြီး စစ်တိုက် ထွက်ချင်ယောင်ဆောင်ပြီး လျှောက်လည်နေတာ ကွ ဟား....ဟား။
ဟေးလူ။ ။ မောင်ကြီး က ဇင်းမယ်သူနဲ့ ညားပြီး သားမလို အရမ်းသွားချင်နေတာဖြစ်မယ်။
သုနေ။ ။ဟေး မောင်ကြီး သွားလိုက်ဦးမယ်ကွ တာ့တာ
မတားနဲ့နော် တိုင်းပြည်အတွက် ကွ လျှာမရှည်နဲ့ (ဟား....ဟား )
ဟေးလူ။ ။ အို ..... အမောင်ရွှေလ (ဟ)
သွားပြီလေတဲ့..(တူ့နယ်ဗျောင်နောင်)နှုတ်ဆက်ကာရယ် နှမလေး ဟေး... ဟေး
မနေနဲ့ရယ် တဲ့ ပြေးကာလို
မှာချင် ... စမ်းပါဘိ အထိအခိုက် ရယ် ကင်းအောင် ပ လေးးးးးးးးး.... လေးးးးးး ....ဟေး ဟေး
သုနေ။ ။အိမ်က ရှင်ငြိမ်းမယ် ကျ ညောင်ပင် ရေလောင်းခိုင်းပြီးတော့ (ဟဲ ဟဲ) ညောင်ပင်သာကြီးလာ တယ်
ဟေးလူ။ ။မောင်ကြီးမှာတဲ့ ညောင်ရွှေ တစ်မယ်
(နှမရယ်) နှမလေးရယ်..အရိပ်ကြည့်ကာ လောင်းလိုက်ပါတဲ့ အေးစမ်း ရေ ...
ကြီး...ကြီးကာရယ် (ကြီးလိုသာရယ်)
အရွက်တွေ စုံပ အကိုင်းလှလှ
မောင်ကြီးလာရင် တူနှစ်ကိုယ်... နတ်စင်ကပ်မယ်...
တွေးကာပျော်ပ..ကျွန်မ ဘ၀ပါရယ်...(ဟယ်...ဟယ်)
သုနေ။ ။ အေးပါကွာ နတ်စင်ကပ်မယ်လိုပဲ..အင်း မင်း ဇာတ် ကြည့်ရတာတော့ ... တစ်ယောက်တည်းက နေရသလိုပဲကွ။ တချို ဇာတ်ကသူ ဘယ်လောက်ကောင်းကောင်း တစ်ယောက်တည်းက ရရှာတယ်။
ဟေးလူ။ ။ အေးကွာ ဇာတ်မျောကြီး ဖြစ်ပြီထင်ပါတယ် တစ်ကိုယ်တော် အပူ ကြွ ဇာတ်ပေါ့ကွာ။
သုနေ။ ။ အင်း မိုက်တော့ မိုက်ပါ တယ် ဆရာဟေးလူ
လက်တန်းချ နေတာ။
ဟေးလူ။ ။ ဟဲ ဟဲ ဇာတ်ရေးလိုရပြီကွ ဒီနေ့ ဉာဏ်မြူးနေတာ
တောင်တွင်းရှင်ငြိမ်းမယ် သိရင် ဓားနဲ့လိုက်ခုတ် မလားမသိ။
သုနေ။ ။ အသေ သတ်ပစ်ရမှာ.. ဟား ဟား။
ဟေးလူ။ ။ လာခုတ်တဲ့ ရွှေဓားကြီး လုပြီး ရောင်းစားမယ်ကွာ။
သုနေ။ ။ အာ...အေး ရွှေဓားကြီးကိုင်တာပဲကွ။
ဟေးလူ။ ။ ရှယ်ပဲ ကွ ရွှေဈေးဘယ်လောက်ရှိတုန်းဟ။
သုနေ။ ။ တစ်ကျပ်သား ၁၇ သိန်း တောင်ကွ။
သုနေ၊ဟေးလူ
၂၃.၈.၂၀၂၁
၂၂:၃၀
“ငါး”
ဟေးလူ- သူတို့ဘိုးဘေးတွေရဲ့ အရိုးတွေပေါ်မာ ကူးခတ်နေရတယ်ဆိုတာ သိတဲ့တစ်နေ့ ငါးတွေ ကုန်းပေါ် တက်လာလိမ့်မယ်ကွ။
သုနေ- ဘယ်ဖြစ်နိုင်မလဲကွ။
ဟေးလူ- အေးနော် ငါးတွေမှာ ခြေထောက်မှ မရှိတာ။
သုနေ- ဒီလောက် အသိအသာကြီးကို။
ဟေးလူ- ဒါပင်မယ့် ငါးတွေက ကုန်းပေါ်ကို ရောက်နှင့်နေပြီကွ။
သုနေ- မဟုတ်တာတွေ ပြောပြန်ပြီ။
ဟေးလူ- ခင်ဗျားစျေးထဲသွားကြည့် အဲ့မာ ငါးတွေ ကုန်းပေါ်ရောက်နေတာ။
ဟေးလူ- အေးဗျ အသက်တော့ဘယ်ပါမလဲ။
ဩဂုတ်-၁၃
“စာအိတ်ကို ဖောက်ရာဝယ်”
ကျွန်တော် စာအိတ်တစ်အိတ်ကိုဖောက်ဖို့ပြင်နေပါတယ်။အဲ့ဒီမာ ကျွန်တော်စဉ်းစားမိတယ်။ရှေး ရောမ ခေတ်က စာအိတ်ကို ဘယ်လိုဖောက်ခဲ့ကြလဲ။အဲ့ဒီခေတ်မယ်
စာအိတ်ရော ရှိရဲ့လား။ခိုနဲ့စာပေး စာယူဆိုတော့
စာအိတ်ရဲ့ အနှစ်အရသာ ကင်းမဲ့နေလောက်ပါတယ်။
အဘေးတို့ ခေတ်ကလူတွေရော စာအိတ်ကို ဘယ်လို
ဖောက်ကြတာလဲ။(အဘေးတို့ခေတ်ကတော့ စာအိတ်ကလေးတွေ ခေါင်းထောင်တဲ့ ခေတ်ဆိုတာ အသေချာပင်။)သူတို့ရော လက်နဲ့ပဲဖြဲလိုက်သလား။ဓားလေးနဲ့ ပါးပါးလေးလှီးသလော။ရွှေကတ်ကြေးလေးနဲ့ တယုတရကိုက်သလား။ရွှေလင်ဗန်းနဲ့ ငွေလင်ဗန်းနဲ့ စာအိတ်တင်တယ် ဆိုတော့ ဒါစာအိတ်ကို အမြတ်တနိုးထားကြောင်းဖော်ပြနေသည့်ပုံ။
ဒီလောက်ပင် စာအိတ်က တန်ခိုးကြီးသလား။ရိုးရိုးစာခေါက်နဲ့ ချစ်သဝန်လွှာ ဆက်ခြင်းနဲ့ စာအိတ်လှလှလေး ဆက်ခြင်း နဲ့ ဘယ်လိုကွာသလဲ။(ကျွန်တော်လဲ မသိပါ။စိတ်ဝင်စားရင် မိတ်ဆွေစမ်းသပ်နိုင်သည်။)သေချာတာကတော့ စာအိတ်က အတွင်းက စာကို တစ်ဆင့်မြှင့်ပေးနိုင်လောက်သည်။ခုခေတ်မယ်တော့ စာအိတ်ကို ကန်တော့ရာမာအသုံးများလာကြတယ်။(သိတယ်မလား ဩကာသ ဩကာသ။)ထားပါ ။ကျွန်တော်အခု စာအိတ်ဖောက်မယ်။ခနနေပါဦး ကျွန်တော့်မာ ဖောက်စရာ စာအိတ်မှမရှိတာ။
ဟေးလူ
“အင်တာဗျှူး”
အာဇာနည်အလုပ် လာလျှောက်တာပါ။
အလုပ်အတွေ့အကြုံကတော့ ဝိညာဉ်ပဲ ကျန်ပါတော့တယ်။
#ဟေးလူ
ဩဂုတ်ရဲ့ ၉
ဟေးလူ - ဆေးလိပ်ပြာတွေတောင် စုနေပြီပဲ။ ပြာခွက်သွန်ဦးမှပါ။
-ဒီတစ်ခါ ပြာခွက်ထဲမာ ဆေးလိပ်ကောင်းလေးတွေပါသွားတာပဲ။ အင်း။ နှမြောစရာ။
သုနေ- အင်း။ ပြာတွေက ပူနေတုန်းပဲကွ။ အပူလောင်မယ် သတိထား။ တကယ်တော့ အပူက လောင်တာပါပဲလေ။
ဩဂုတ်၉ရက်
ဒီတံတားရဲ့ အလွန်မာ ငါရဲ့ နာမည် မရှိဘူး။
ဒီတံတားရဲ့ အလွန်မာ ငါရဲ့မိဘဆွေမျိုးတွေ မရှိဘူး။
ဒီတံတားရဲ့ အလွန်မာ ငါရဲ့ ချစ်ရသောသူမရှိဘူး။
ဒီတံတားရဲ့ အလွန်မာ ငါရဲ့ ပစ္စည်းဥစ္စာတွေ မရှိဘူး။
ဒီတံတားရဲ့ အလွန်မာ ငါရဲ့ ပျော်ရွှင်ခြင်း မရှိဘူး။
ဒီတံတားရဲ့ အလွန်မာ ငါရဲ့ နာကျင်မှုတွေ မရှိဘူး။
တချို့တွေက ဒီတံတားရဲ့ အလည်မာ ပျောက်ဆုံးသွားကြတယ်။ငါရဲ့ တံတားအလည် က သူတို့ အတွက်တော့ တံတား အလွန်။
ဒီတံတားရဲ့ အလွန်မာ စစ်ပွဲတွေဆိုတာ မရှိဘူး။
ဒီတံတားရဲ့ အလွန်မာ စနစ်ဆိုတာ မရှိဘူး။
ဒီတံတားရဲ့ အလွန်မာ ငြိမ်းချမ်းရေးလဲ မရှိဘူး။
ဒီတံတားရဲ့ အလွန်မာ ငါ ဆိုတာဟာလဲ မရှိဘူး။
ဒီတံတား ဆိုတာဟာလဲ မတည်ရှိဘူး။ဒီတံတား ဆိုတာ အချိန်ကာလသာ။
#ဟေးလူ
(တံတား အလွန်မရောက်သေးခင် တည်ရှိသော နာမည်သာ)
သုညရဲ့ နောက်ရှုထောင့်က ၁ ဆိုရင် မိတ်ဆွေယုံမာလား။
မယုံမရှိနဲ့ မိတ်ဆွေ။
ခင်ဗျားမယုံရင် ကမ္ဘာလုံးကြီးက စိတ်ကောင်းမာမဟုတ်ဘူး။
#ဟေးလူ
ဘဝဆိုသည်မှာ ဒုက္ခဖြစ်သည်။
ဘ၀ နှင့် ဒုက္ခ ဆိုသည်မှာ ဒင်္ဂါး တစ်ပြားရဲ့ ခေါင်း နှင့် ပန်း ကဲ့သို့ပင် ဖြစ်သည်။
လူတစ်ယောက် ဖြစ် လာခြင်း ဆိုသည်မှာ
ဘဝ နှင့် ဒုက္ခကို ကြုံတွေ့ လေ့လာဖို့၊ သင်ယူဖို့ သာလျှင် ဖြစ်သည်။
ဘ၀ရှိခြင်း ကြောင့် ဒုက္ခ ဖြစ်တည်လာသလို ဒုက္ခရှိမှသာလျှင် ဘဝ၏ ရုပ်လုံး ပေါ်လာမည် ဖြစ်သည်။
ဒုက္ခမရှိရင် ဘဝလည်းမပြည်စုံနိုင်ပါ။
သေခြင်း ကြောင့် ရှင်ခြင်းဆိုတာ ရှိလာသည်။
ချိုခြင်းကြောင့် လည်း ခါးခြင်း ဆိုတာ ဖြစ်လာသည်။
သုခ လိုချင်လျှင် ဒုက္ခ ကို ယူရမည်။
ဘဝ ဆိုတာ ဘာလဲ ?
ဘဝ ဆိုတာ ဒုက္ခ
ဘဝ ဆိုတာ နှိုင်း ယှဉ်ခြင်း
ဒုက္ခဆိုတာ နှိုင်းယှဉ်ခြင်း
သုခ ဆိုသည်မှာလည်း နှိုင်း ယှဉ်ခြင်း
အချို အခါး သုခ ဒုက္ခ အားလုံး ဟာ နှိုင်းယှဉ်ခြင်း တွေဖြစ်သည်။
နှိုင်းယှဉ်ခြင်း ကြောင့် ဗလာ ၏ တန်ဖိုး ဆိုသည် မှာ ဖြစ် လာသည်။
- ဖြစ်တည်လာသည့် ဗလာ တန်ဖိုး ၏နှိုင်းယှဉ်ခြင်း ဒုက္ခ ကိုကျော်လွန်ပြီး
ဒုက္ခ အစစ်အမှန် ကို သိရှိ နားလည် လက်ခံ နိုင်လျှင်
စစ်မှန် သော ငြိမ်းချမ်းခြင်း ရမည်။
#ဟေးလူ