Novels
A collection of novels that I wrote
A collection of novels that I wrote
“စာအုပ်တစ်အုပ်ရဲ့ အတိတ်”
ကျွန်တော် ဒီနေ့ စာကြည့်တိုက်ကိုရောက်တော့ (စာဖတ်စအရွယ်ကတည်းက စာကြည့်တိုက်ကို ပုံမှန်သွားဖြစ်သည်) ကဗျာစာအုပ်လေးတစ်အုပ်ကို တွေ့၍ ယူဖတ်ကြည့်ရာမှ သဘောကျသွားသည်။ထိုစာအုပ်လေးကို အိမ်သို့ ငှါးလားခဲ့သည်။
စာအုပ် ပြန်အပ်ရမည့်နေ့တွင်လည်း ထိုစာအုပ်လေးပဲ ပြန်ငှါးလာမိသည်။
စာအုပ်လေးကို ပိုင်ဆိုင်ခြင်မိလာသည်။
စာကြည့်ကဒ်တွင် ကျွန်တော့်နာမည်သာ မောင်ပိုင်စီးလာသည်။
စာအုပ် ပြန်အပ်ရမည့် နေ့တစ်နေ့တွင် အကြောင်းတစ်ခုကြောင့် ကိုယ်တိုင်သွားမအပ်လိုက်မိ။လူကြုံပါးလိုက်သည်။ပြန်ငှါးလာရန် မမှာလိုက်မိချေ။
နောက်နေ့ စာကြည့်တိုက်ကို ရောက်တော့ စာအုပ်ကလေးမရှိတော့။တစ်ပါးသူငှါးသွားခဲ့သည်။ကျွန်တော် မည်သည့်စာအုပ်မှ ငှါးမလာချေ။
ဒုတိယနေ့ စာအုပ်ကလေးမရှိ။
တတိယနေ့ စာအုပ်လေး နတ္တိ။
စတုတ္တနေ့ စာအုပ်လေးကိုပြန်တွေ့သည်။စာကြည့်ကဒ်လေးကို ကြည့်မိတော့ ကျွန်တော့်နာမည်များ ကြားတွင် သူစိမ်းနာမည်လေးမာ ရုပ်ဆိုးစွာ တည်ရှိနေသည်။ကျွန်တော် စာအုပ်လေးကို ပြန်ထားလိုက်သည်။စာကြည့်တိုက်ကို ပြန်မသွားတော့ပါ။
နှစ်ချီခဲ့ပြီ
ကျွန်တော် စာအုပ်ဆိုင်တစ်ဆိုင်ကို ဝင်မိရာမှ စာအုပ်ကလေးကို အမှတ်မထင် ပြန်တွေ့ခဲ့မိသည်။ကျွန်တော် ယူဖတ်ကြည့်ရင်း အရင်က သဘောတွေ့ခဲ့သော ရသကို ပြန်ခံစားမိသည်။ကျွန်တော်စာအုပ်လေးကို သူ့နေရာပြန်ထားလိုက်သည်။တစ်ခြားစာအုပ်တစ်အုပ်ကို ဝယ်၍ ပြန်လာလိုက်သည်။
အပြင်မာ ပိတောက်တွေ ဝေနေပြီ။ပိတောက်ပန်းတွေကြားက မျက်ဝန်းတစ်စုံ။နှုတ်ခမ်းပါးလေး။ပိတောက်ခင်းတဲ့လမ်း။နေဝင်ချိန်။
#ဟေးလူ
“တစ်စုံတစ်ရာ”
ကျွန်တော့် အိပ်ယာကုတင်အောက်မာ တစ်စုံတစ်ခုရှိနေပါတယ်။ကျွန်တော် တစ်ယောက်တည်းတင် မကပါဘူး။လူတိုင်းရဲ့ ကုတင်ယောက်မာ တစ်စုံတစ်ရာ ရှိနေပါတယ်။ကုတင်နဲ့ မဟုတ်တဲ့လူတွေကရော လို့ မေးလာရင်တော့ ကျွန်တော်မသိပါဘူး။အောက်မာ မဟုတ်ရင်အပေါ်မာ ရှိနေမလား။သေချာတာကတော့ ကျွန်တော့်ကုတင် အောက်မာတော့ ရှိနေပါတယ်။
အဲ့တာက ဘာကြီးလဲ။လူလား။လူလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်။တစ်ခြားဟာ လဲဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ကျွန်တော်လဲ မသိလို့ တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ခု လို့ပဲ သုံးပါမယ်။ကျွန်တော် ညနေပိုင်း အချိန်တွေဆို ကုတင်အောက်မာ အချိန်ဖြုန်းရတာ ကြိုက်ပါတယ်။တစ်စုံတစ်ရာနဲ့လဲ ဆက်ဆံရေးက ချောမွေ့ပါတယ်။
ဒါပင်မယ့် တစ်လေတစ်လေတော့ ထဖောက်တတ်တယ်။ဥပမာ-ကျွန်တော်က သူများတွေကို အကူညီပေးသလောက် တစ်စုံတစ်ရာက နာကျင်အောင်လုပ်ရတာ နှစ်သက်ပါတယ်။ကျွန်တော်လက်နဲ့ ရေးသမျှကို ခြေနဲ့လိုက်ဖျက်တယ်ပေါ့။တစ်စုံတစ်ရာကြောင့် ဒုက္ခ ရောက်ခဲ့ပေါင်းလဲ မနည်းပါဘူး။ဒေါသကြီး ရန်လိုတတ်တယ်။ဒါပင်မယ့်လဲ အဆင်ပြေနေပါတယ်။
“လူတွေက ငါတို့ကို မေ့နေတတ်ကြတယ်”
ကုတင်အောက်မာ အချိန်ဖြုန်းနေတဲ့ တစ်နေ့မာ တစ်စုံတစ်ရာက ကျွန်တော့်ကို ပြောတယ်။
“လူတွေနားမာ ငါတို့တွေ တစ်ချိန်လုံး ရှိပင်မယ့် မမြင်ကြဘူး”
“ကျွန်တော်တောင် ကုတင် အောက်ကို ငုံ့မကြည့်ရင် ခင်ဗျားကို ဘယ်လိုတွေ့မာလဲ၊ကုတင် အောက်မာပဲ တစ်ချိန်လုံး”
“ပြီးတော့ ခင်ဗျား တို့က ဒေါသလဲကြီးတယ်။မာနကလဲကြီး။ရန်ကလဲ လို။လောဘတွေလဲများ။ပျင်းလဲပျင်းသေး။လူတွေကိုလဲ ကူညီမယ်မရှိဘူး ဒုက္ခပေးဖို့ပဲ သိတယ်”
ကျွန်တော် အဲ့လိုပြောလိုက်တော့ ရယ်နေတယ်။
“မင်းမသိသေးဘူးပဲ။”
“ဘာကိုလဲ”
“သိချင်ရင် မှန်ထဲသွားကြည့်လိုက်”
“ခင်ဗျားနောက်နေတာလား”
“သွားကြည့်လိုက်ပါဦး”
ကျွန်တော်လဲ မှန်ရှေ့သို့ ထလာခဲ့သည်။ကုတင်အောက်မှ တစ်စုံတစ်ရာ ရဲ့ ရယ်နေသံ ကို ကြားနေရသည်။မှန်ရှေ့ ရောက်တော့ ကျွန်တော့်ကိုယ် ကျွန်တော် စိုက်ကြည့်မိသည်။ကုတင်အောက်ကို ပြေးကြည့်လိုက်တော့ တစ်စုံတစ်ရာ ရှိမနေချေ။မှန်ရှေ့ကို ကျွန်တော်ပြန်ရောက်လာပြန်သည်။
“ကုတင်အောက်က တစ်စုံတစ်ရာဆိုတာ ငါကိုယ်တိုင်ပဲလား။”
#ဟေးလူ
“အလှည့်”
ရန်ကုန်မြို့ပြရဲ့ နွေရာသီဟာ ပူလောင်လှတယ်။
ကား လေအေးပေးစက်က်ို တစ်ဆင့် ထပ်တင်လိုက်ပြီး ဆက်စဉ်းစားမိသည်။ဒီနေ့ သူ့စိတ်တွေ သာမာန်နဲ့ မတူ။အလွန်ပျော်နေသည်။အလုပ်ကိစ္စအစဉ်ပြေတာလဲပါမည်။နောက်ခန်းက ပစ္စည်းတွေကို မျက်စိအရောက် ကလေးတွေ အတွက် ပစ္စည်းတွေ။’အင်း ဟုတ်ပ အကြီးလေးတောင် ဒီနှစ်ဆယ်တန်းပဲ၊အငယ်လေးက ဘယ်နှတန်းပါလိမ့်’ ကလေးတွေ အပေါ် အချိန်ပိုပေးမှ ဖြစ်မယ်။
မီးပွိုင့်ကို လှမ်းပြီး ရှေ့က ကားတန်းကြီးနဲ့ အချိန်ကြာဦးမည်။ဒီနေ့မှ အပျင်းပြေ အပြင် ဟိုဟို ဒီဒီ ကြည့်ဖြစ်တယ်။ခါတိုင်း ကိုယ့် အပူနဲ့ ကိုယ် လုံးပန်းနေကျ။
နေပူထဲမာ လှုပ်ရှားသွားလာနေသော လူတွေ လူတွေ။အထူးဆန်းဖွယ် ခုမှသေချာကြည့်ဖြစ်သည်။ကြည့်နေရင်း မျက်လုံးက မုန့်နဲ့ရေသန့်ဗူး ရောင်းနေတဲ့ လူကြီးတစ်ယောက်ကိုသတိထားမိ သည်။သူနဲ့ အသက်တူလောက်ပင်။သူရှေ့က ကားနားတွင် စိုရွဲနေသော မျက်နှာက ချွေးတွေကို လက်နဲ့သပ်ချ နေရင်း သူကားကို စိုက်ကြည့်နေ သော မျက်လုံးတွေ။
သူ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာပြီး ကားမှန်ကိုချလိုက်သည်။အပူရှိန်က သူ့မျက်နှာပေါ်ကို အတင်းတိုးဝှေ့ ရိုက်ခတ်။
“ဒီဘက် ခနလောက်”
မျက်ဝန်းအစုံတင်မက မျှော်လင့်ချင်းများ မျက်နှာတွင် ထင်ပေါ်လာသည်။
“ရေသန့်လား မုန့်လား ဆရာ”
“ခင်ဗျား မာပါတဲ့ အခု ပစ္စည်းတွေ အကုန်လုံးရောင်းရင် ဘယ်လောက်လောက်ရှိမလဲ”
“အများဆုံး နှစ်သောင်းဖိုးလောက်တော့ ရှိမယ် ဆရာရယ်။”
“ဟုတ်ပီ နှစ်သောင်းပေးမယ် မုန့်တွေ ကို ဟိုနားမာ ထိုင်နေတဲ့ ကလေးတွေ အကုန်ကျွေးလိုက်”
“ရော့ ဒီမာ”
မျက်ဝန်းအစုံမာ ပျော်ရွှင်ချင်းတွေ ထင်ဟပ်လာတာတွေ့ပြီး သူပါ အပျော်ကူးလာသည်။
ကောင်းမှု တစ်ခု။
၁၀ ——————————————————
မျက်စိ တစ်ဆုံး လှလိုက်တဲ့ ကားရောင်စုံလေးတွေ။နေရောင်ခြည်အောက်မာ မျက်စိ ပနံသင့်နေသည်။ သူ့ကပေါ် တည့်တည့် ကျနေသော နေကို လက်နဲ့ကာကြည့်ရင်း ရင်ထဲက ပူလောင်မှုကို သတိထားမိသည်။နေ့လည်စာ မစားပဲ သောက်ထားမိတဲ့ အပူတွေ ဇာတိပြလာပြီပဲ။
ဘေးနားမာ ချထားတဲ့ ရေသန့်ဘူးကဒ်နဲ့ မုန့်ထုပ်တွေကို ဆွဲရင်း လမ်းဟိုဘက်ကူးလိုက်သည်။မီးပွိုင့် မထွက်ခင် ရောင်းရမှ ဖြစ်မယ်။ကားတစ်စီး ဘေးနားမာ မတ်တပ်ရပ်ရင်း အပူနှစ်ပူ ကြောင့် သာမာန်ထပ် ပိုထွက်နေတဲ့ မျက်နှာပေါ်က ချွေးတွေကို သုတ်ကာ နောက်က ကားကြီးကို ကြည့်မိသည်။
လှလိုက်တဲ့ကားကြီး။သိန်းပေါင်း ဘယ်လောက်များ တန်မလဲ မသိဘူး။ငါတို့ ဘဝတွေနဲ့များ ကွာပါ့။ကြည့်နေရင်း ပြတင်းပေါက်မှန်ချပြီး ခေါ်သံကြားလိုက်သည်။ဒီနေတော့ စျေးဦးပေါက်ပြီထင်တယ်။
ကားနားကိုရောက်တော့ အထဲက လေအေးလေတွေက မျက်နှာကို တိုးဝှေ့လာသည်။
“ရေသန့်လား မုန့်လား ဆရာ”
“ခင်ဗျား မာပါတဲ့ အခု ပစ္စည်းတွေ အကုန်လုံးရောင်းရင် ဘယ်လောက်လောက်ရှိမလဲ”
အင် ဘာများလုပ်မလို့ပါလိမ့်။နေပါဦး မုန့်ကဘယ်လောက်ရှိမလဲ။ရေသန့်က နေပါဦး။
“အများဆုံး နှစ်သောင်းဖိုးလောက်တော့ ရှိမယ် ဆရာရယ်။”
ပိုပိုလိုလိုလေးပြောလိုက်သည်။
“ဟုတ်ပီ နှစ်သောင်းပေးမယ် မုန့်တွေ ကို ဟိုနားမာ ထိုင်နေတဲ့ ကလေးတွေ အကုန်ကျွေးလိုက်”
ဒီလူ အထူးဆန်းပါလား။
“ရော့ ဒီမာ”
လှမ်းပေးတဲ့ ပိုက်ဆံ နှစ်သောင်းကို လက်ထဲမာ ကိုင်ရင်း သူပျော်ရွှင်ခြင်းများစွာနှင့် လမ်းဒီဘက်ပြန်ကူးလာပြီး ကလေးတွေကို မုန့်တွေ ဝေပေးလိုက်သည်။ရေသန့်ဘူးကတော့ နောက်နေ့ အတွက်ချန်ထားလိုက်မယ်။ပစ္စည်းယူလာတဲ့ ဆိုင်ကို ဝင်ရှင်းတော့ လက်ထဲမာ အမြတ် ၇၀၀၀လောက်ကျန်နေသည်။
ဒီနေ့ ပြန်ရတာ စောသားပဲ။ဆိုင်ဝင်ဦးမာပဲ။ခြေလှမ်းတွေက ဆိုင်ရှေ့ကို သယ်ဆောင်လာသည်။B.E အးရက်ဆိုင်။ဆိုင်ထဲမာ တော့ ကိုယ့်လူတို့က ဝိုင်းတောင် စနေကြပြီ။
ဒီနေ့ ငွေလေးရွှင်တုန်း နည်းနည်းလွန်သွားသည်။သူရင်ထဲမာ အတွေးတွေကတော့ ဗလောင်ဆူလျက်။သူမကျေနပ်။ဘာကိုမကျေနပ်နေတာလဲ စဉ်းစားမရ။လောကကြီးကို အပြစ်ပုံချလိုက်ရင်း ဒေါသ တရိပ်ရိပ်တက်လာသည်။
ခြေလှမ်းတွေက ပြန်နေကျမလို့ အိမ်ကိုတော့ တည့်တည့်တော့ ပြန်ရောက်သား။ရန်ကုန်မြို့စွန်က တဲလေး။အိမ်ထဲကို သူခေါင်းငုံဝင်လာတော့ သူ့မိန်းမက ထိုင်စောင့်နေသည်။အော်ဟုတ်သားပဲ ငါ့မာ မိန်းမရှိတာပဲ။
“တော် ဒီ အရည်တွေသောက်လာပြန်ပြီ ပြန်လာတဲ့အချိန်လဲ ကြည့်ဦး။တစ်နေ့ တစ်နေ့ သောက်လိုက်စားလိုက်နဲ့။မနက်ဖြန် အတွက် စျေးဖိုးမရှိတော့ဘူးဆိုတာ ရှင်သိလား။”
“အေးပါ သိပါတယ်”
“ရှင်ပြောလိုက်ရင် သိပါတယ် သိပါတယ်နဲ့။ဒီအရည်တွေ သောက်သောက် သေအောင်သာသောက်”
“ဟာ ဒီမိန်းမတော့ ငါသိပါတယ်ဆိုကွာ” လောကကြီးအပေါ် ဒေါ်သစုထားလာသမျှ အကုန်ပွင့်ထွက်လာသည်။လက်က...
“အမယ်လေး အရပ်ကတော်တို့ရေ ပြောတော့ကျ အရမ်းချစ်ပါတယ်ဆို ခုတော့ကျ လက်နဲ့ပါရွယ်နေပါပြီ တော်တို့ရေ။”
“ဟိတ် တိတ်တိတ် နေစမ်း”လက်က ဘေးနားက သံဂွ နဲ့ လှမ်းပေါက် လိုက်မိသည်။
“အမယ်လေး” တစ်ခွန်းတည်းသာ အော်ပြီး လဲကျသွားသည်။သွေးတွေ။
——————————————————
“အဟမ်း ဩကာသ ဩကာသ....”
“ဆရာရှိလားဗျို့ ဆရာ”
ခုမှ ဘုရားရှိခိုးဖို့ အရှိန်ယူနေဆဲ အရှေ့က အော်သံတွေကြောင့် အာရုံပျက်သွားသည်။
“ဘာ ကိစ္စလဲ ဟေ့”
“ဟိုလူပေါ့ ဆရာရယ်။မူးပြီး မိန်းမ ကို သံဂွနဲ့ ပေါက်လိုက်တာ သွေးတွေ အိုင်ရောပဲ”
“ဟေ သေတော့ မသေဘူးမလား”
“မသိပါဘူးဆရာရယ် ဆရာ့ကို အခေါ်လွှတ်လိုက်ကြလို့”
“အေးအေး လိုက်ခဲ့မယ်”
ရပ်ကွက်လူကြီးတာဝန်ယူထားမိတော့လဲ။ထလိုက်ရပြန်ပြီ။
ရပ်ကွက်စွန်ကတဲလေးမာတော့ လူတွေစုအုံနေသည်။အလယ်မာ လူနာကို ဝိုင်းပြုစုပေးနေပြသည်။
“ဟေ့ ဆေးခန်း ပို့မှ ရမယ်။ဆိုက်ကား ခေါ်ချေ။”
ဆိုက်ကားပေါ် က လူနာနဲ့ ဘေးနားက သူ့ယောက်ျားကို ကြည့်ပြီး သက်ပျင်း ချမိသည်။ကောင်းကင်
ပေါ်မာတော့ လမင်းကြီးက အေးချမ်းစွာ။
#ဟေးလူ
သို့/
မိုင်းပန်
မိုင်းပန် ညဘက်ကောင်းကင်ကြီးကို ကြည့်ရင်ဘာတွေ စောင့်ကြိုနေလဲ။
ကြယ်တွေ…ဟုတ်တယ် မိုင်းပန် ကြယ်တွေ။
တစ်စက္ကန့်အတွင်းမာ ကြယ်ပေါင်း၆၀၀၀၀က ငါတို့ လက်လှမ်းမမီ ၊ မမြင်နိုင်တဲ့နေရာကို ဦးတည်နေတယ်။
တစ်နေ့မာ ညဘက်ကောင်းကင်က ကြယ်တွေကင်းမဲ့ပြီး အထီးကျန်နေလိမ့်မယ် မိုင်းပန်။
တစ်စက္ကန့်အတွင်းမာ ဒီကမ္ဘာမြေပေါ်က အသက်ပေါင်းများစွာ ကြွေလွှင့်နေတယ်။
တစ်စက္ကန့်အတွင်းမာ အရာအားလုံးစတင်တယ်။
တစ်စက္ကန့်အတွင်းမာ အရာအာလုံးကုန်ဆုံးတယ်။
မိုင်းပန်…
ငါတို့ကိုယ်တိုင်ကလဲ တစ်စက္ကန့်တွေလား။
ကြယ်တွေစုံနေတုန်း အသက်ရှုခွင့်ရတာ နောင်တကင်းပါတယ်။
စာကြွင်း။ ။ဂစ်တာသီးသင်နေတယ်။ကြယ်တွေစုံတုန်း
နှုတ်ဆက်သီချင်းသီမယ်။
မှ/
ဟေးလူ
ညအမှောင်ထဲမာ ငါဘာလုပ်ခဲ့မိပြီလဲ မိုင်းပန်။လက်ထဲက မျက်လုံးအစုံ ရယ်သံတွေ။လအရောင်က မင်းရဲ့ အသက်မပါတဲ့ အပြုံး။
သွားပြီ။ငါဘာလုပ်ခဲ့ပြီလဲ။မိုင်းပန်…မိုင်းပန် ငါ…ငါ တောင်းပန်ပါတယ်မိုင်းပန်။ငါ…ငါ ပြေးမှ ဖြစ်မယ်။တောင်းပန်ပါတယ် မိုင်းပန်။ငါဟာသူရဲဘောကြောင်ပဲ။
မြင်းနဲ့ ဆိပ်ကမ်းရှိရာကို ပြေးရမယ်။အမှောင်ရယ် ၊မြင်းခွါသံရယ် ၊လှိုင်းသံရယ် ပေါင်းပြီး ငါ့ကို ဟားတိုက်လှောင်နေတယ်။ နေ…နေလုံး အလင်း အလင်းကလဲ ငါ့ကို ဟားတိုက်လှောင်နေမာပဲ။
အော်သံတွေကြားမာ ငါ့ကို သင်္ဘောတစ်စင်းက လက်ယှက်ခေါ်နေတယ်။
_ဟစ်စပန် ရဲ့ ဒိုင်ယာရီ(၁)
ဟေးလူ
မိုင်းပန် ပင်လယ်ပျော်သူ မင်းရဲ့ အညှိုးစိတ်ကနေ ပြေးမလွတ်ပါလား။
ပင်လယ်ကြီးက သူ့ရင်ဘက်ပေါ်မာ ဖောင်ပျက်လေးတင်ထားပြီး ငါ့ကိုရယ်နေတယ်။မင်းရောပဲလား ဖောင်ပျက်လေး၊ငါးမန်းတွေတောင်မှပဲ ငါ့ကိုဟားတိုက်ရယ်မောနေပါလား။
သွေးကြောင်းစီး မြင်ကွင်း။ပင်လယ်ရဲ့ အညှိုး။ကောင်ကင်က ကြယ်တွေကတော့ နှုတ်ဆိတ်နေပါလား။မင်းတို့ရယ်ချင်နေတာ ငါသိပါတယ်။ဟားလိုက်စမ်းပါ။
မီးရောင် ၊ကုန်းမြေ ၊ လှိုင်းတွေဟာ တီတိုး ရယ်ရင်း ငါ့ကို ကုန်းမြေဆီ တွန်းပို့လိုက်တယ်။
”မလှုပ်နဲ့ လူသတ်ကောင် ဟစ်စပန် မင်းကိုငါတို့ ဖမ်းလိုက်ပြီ”။
_ဟစ်စပန်ရဲ့ ဒိုင်ယာရီ(၂)
#ဟေးလူ