((၈၅) နှစ် ဆရာအို … နောက်ပြန်ကြည့် (၂၈)နှစ်…
· ၁၉၅၈ ခုနှစ် ထ-၁ မှ တ/ပြ နှင့် ဝင်လာတော့ ဆရာဘ၀ လက်တွေ့ ကျကျ - သိခဲ့၊ ပျော်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ် အထိ တပည့်စုံ ဆရာစုံ ကျောင်းအုပ်စုံ သင်ကြားပေးခဲ့တဲ့ ဘာသာရပ် အစုံပါဘဲ။ သိပ္ပံ ဆရာဆိုတော့လဲ လက်သံပြောင်ခဲ့ရပါတယ်။ တပည့်တွေကလည်း စစ်ကျန် (၂၅) နှစ်အရွယ်တွေ။ ပျော်ခဲ့ရတဲ့ ဘဝတစ်ကွေ့ပါ။
· ကချင်ပြည်နယ် (စစ်ဆေးရေး) ပို့ - ထ-၁ ကို စစ်ဆေးရေးဝင်တော့ ထီးမဲ့အရိုးကောက် ပုခုံးမှာချိတ်ပြီး ကျောင်းသားထိန်းဘဲ လုပ်ရတော့မလို၊ ဘင်ခရာနှင့် လမ်းလျှောက်ပြီး သမ္မတကြီးလို သွားကြရမလိုလို … အို … လွမ်းပါဘိခြင်း။
· သား၊တပည့်တွေက ကန်တော့ခံကြွပါ ဆိုတော့ ခပ်ရွရွလေး လျှောက်ပြီး လာရပြန်တယ် ကံကောင်းပါလေစွ။
· အဟောင်းတွေကို အသစ်ပြောင်းပြီး ပြောဆို- ဆုံတွေ့- မင်္ဂလာနေ့ကြီးပါဘဲ။
· ထ-၁ ကြီးရေ - ဘဝသစ် စာမျက်နှာ ဖွင့်ပြလိုက်ပါအုန်းလို့ နော် ….